Sunday, May 10, 2015

“နိုင်ငံတကာမီဒီယာများတွင် ရခိုင်သတင်းများကို ဘက်လိုက်ရေးသားမှုများရှိနေကြောင်း ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါ ဝေဖန်”


မင်းပြား၊ မေ ၅
အနောက်နိုင်ငံများ၏ 

ရခိုင်နှင့်ပတ်သက်သည့် 
သမိုင်းဆိုင်ရာမှားယွင်းမှု
များကြောင့် နိုင်ငံတကာ
မီဒီယာမျာတွင် တစ်ဖက်သတ် ဘက်လိုက်ရေးသားမှုများတွေ့နေ
ရကြောင်း ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ရောက်ရှိနေ
သည့် ပြင်သစ်သမိုင်းပညာရှင်

 ဒေါက်တာဂျက်လိုင်ဒါက ပြောဆို
လိုက်သည်။
“ဒါပေမယ့် ဘယ်လိုပဲဖြစ်နေနေ

သမိုင်းကိုပြန်ကြည့်ရင် ရခိုင်တွေဟာ ဘင်္ဂလီတွေအများဆုံးရှိနေတဲ့ စစ်တaကာင်းဒေသ ကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ဖူးတယ်။ ဒါကြောင့် ရခိုင်တွေအနေနဲ့လည်း ကိုယ်ပိုင်အနာဂတ်ကို အကောင်းဆုံးဖန်တီးသွားနိုင်မယ်လို့ ယုံကြည်တယ်”ဟု ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာဂျက် လိုင်ဒါ က ဆိုသည်။
ရခိုင်သမိုင်းအားလေ့လာပြီး ဒေါက်တာဘွဲ့ရရှိထားသည့် ပြင်သစ်နိုင်ငံသားသမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါသည်
မေ ၁ ရက်မှ ၆ ရက်အထိရခိုင်ပြည်နယ်စစ်တွေ၊ မြောက်ဦး၊မင်းပြားမြိုနယ်များတွင်လာရောက်လေ့လာ
aနခြင်းဖြစ်သည်။
“မြန်မာနိုင်ငံလို နိုင်ငံတာကာနဲ့အဆက်အဆံတွေကိုပိတ်ထားပြီးမှ ပြန်ပြီးဖွင့်လှစ်တဲ့နိုင်ငံတိုင်းလိုလိုမှာ နိုင်ငံတကာ
အဖွဲ့အစည်းတွေနဲ့ ပြဿနာတွေဖြစ်လာတာရှိတယ်။ နိုင်ငံတကာ UN အပါအဝင် INGO/ NGO အဖွဲအစည်းတွေဟာ ဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်တဲ့နေရာမှာ နိုင်ငံပေါင်းစုံကရလာတဲ့ အတွေ့အကြုံကို ဒီမှာစမ်းသုံးလေ့ရှိကြ
တယ်။ ဒေသခံတွေကို အလေးမထားကြဘူး။ ထိရောက်တဲ့စီမံချက်တွေဖြစ်အောင် ဒေသခံတွေကို သေ
ချာစစ်တမ်းကောက်ထားတာလည်း မရှိဘူး။ ဒါနဲ့ပဲ လုပ်ငန်းတွေက ဒေသမှာ မအောင်မြင်တော့ဘဲ
ပြဿနာတွေဖြစ်ရတယ်။”ဟု စစ်တွေမြို့တွင်ရောက်ရှိနေသည့် ဂျက်လိုင်ဒါကဆိုသည်။

လက်ရှိ ကုလသမဂ္ဂတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အလွတ်အကြံပေးအဖြစ် တာဝန်ယူထားသူ
ဒေါက်တာဂျက်လိုင်ဒါက ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားသော ရခိုင်ပြည်နယ်အရေးအခင်း၌ ကမ္ဘာ့နိုင်ငံပေါင်းများစွာ
တို့တွင်ပြောကြားနေသည့် 

 ရိုဟင်ဂျာလူမျိုးဆိုသည်ကို
 ရခိုင်ဆိုင်ရာ သမိုင်းအထူးပြုလေ့လာခဲ့သည့်၎င်းအနေဖြင့် နားမလည်နိုင်ကြောင်း ပြောကြားလိုက်သည်။ “ကျွန်တော်က ဒီကဒေသခံတွေရဲ့ အဓိကခံစားချက်
တွေနဲ့ ပြောချင်တဲ့စကားတွေကို UN လိုအဖွဲ့အစည်းတွေကို ပြန်ပြောပြလို့ရအောင် လာရောက်တာဖြစ်ပါတယ်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေထဲမှာမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးမယ့်အဖွဲ့တွေကို ရွေးချယ်ပေးတတ်ဖို့လိုတယ်”ဟု သမိုင်းပညာရှင် ဂျက်လိုင်ဒါက ဆိုသည်။

မင်းပြားမြို့ Public Center တွင် ဒေါက်တာဂျက်လိုင်ဒါသည် မင်းပြားမြို့ပေါ်ရှိ နိုင်ငံရေးပါတီများမှ ကော်မတီဝင်များ လူမှုအဖွဲ့အစည်းခေါင်းဆောင်များ စီးပွားရေးသမားများအပါအဝင် လူ ၃၀ ခန့်တက်ရောက်ကာ လက်ရှိ ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခြေအနေများအား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

No comments:

Post a Comment