Thursday, May 14, 2015

ဖုန်ကြားရှင် အဆုံးသတ် ဘယ်လိုလဲ ??



အခိုက်အတန့်အားဖြင့်သတင်းတိတ်ဆိတ်သွားသည့်ဖုန်ကြားရှင်ဦးဆောင်တဲ့ကိုးကန့်အဖွဲ့တပ်စွဲထား
သည့်တောင်ကုန်းဖြစ်သော ပွိုင့်-၁၆၀၇၊ ပွိုင့်-၁၇၀၉ နှင့် ပွိုင့်-၁၇၄၂ တောင်ကုန်းများအားကို အစိုးရ စစ်တပ်ကသိမ်းပိုက်အောင်မြင်လိုက်တယ်လို့ စစ်တပ်ပိုင် မီဒီယာဖြစ်တဲ့ မြ၀တီ မှာ ထည့်သွင်းကြေငြာသွားပါတယ်။ထိုတိုက်ပွဲသတင်းတွေ မလာခင်ရက်ပိုင်းအတွင်းမှာပဲ အထူးဒေသ ၂ “၀”၊ အထူးဒေသ ၄ “မိုင်းလား” ဆိုင်ရာခေါင်းဆောင်တွေကို သမ္မတကြီး ဦးသိန်းစိန် က ခေါ် ယူတွေ့ဆုံခဲ့တယ်တာတွေလည်းရှိပါတယ်။တွေ့ဆုံရတဲ့အကြောင်းအရင်းကတော့ ကိုးကန့် အဖွဲ့ ကို အကူညီပေးနေတာတွေ ရပ်ဖို့နဲ့ ဖုန်ကြားရှင်ကို လက်ခံထားရင်ရှေ့ဆက်ဖြစ်လာမယ့် အကြောင်း တရားတွေ အတွက် တာဝန်မယူဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြင်းပြင်းထန်ထန် သတိပေးမှုတွေ လုပ်ခဲ့တယ် လို့ မိုင်းလားအဖွဲ့နဲ့ နီးစပ်ရာအသိုင်းအ၀ိုင်းက သိရပါတယ်။
မေ၆ရက်နေ့ကဖုန်ကြားရှင်ဟာတရုတ်ဘက်ကိုဝင်ရောက်ဖို့ကြိုးစားရာမှာတရုတ်အာဏာပိုင်တွေက ၀င်ရောက်ခွင့်မပေးပဲ ငြင်းဆန်မှုတွေ ပြုလုပ်ခံခဲ့ရတဲ့နောက်ပိုင်းမှာ ဖုန်ကြားရှင်ဟာ ထွက်ပေါက် တစ်ခုကိုအသည်းအသန်ရှာဖို့ ဖြစ်လာနေပါတယ်။သမ္မတရဲ့ ခေါ်ယူတွေ့ဆုံပြီးတဲ့ နောက်ပိုင်းမှာ မိုင်းလားအဖွဲ့က စိုင်းလင်း(ဖုန်ကြားရှင်သားမက်)နဲ့ ဖုန်ကြားရှင် ကြားမှာလဲ အငြင်းပွား အခက်တွေ့ မှုတွေဖြစ်ပြီး အချင်းချင်းစကား
များမှုတွေ ဖြစ်နေတယ်လို့ စိုင်းလင်းနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ကြားသိရပါတယ်။အဓိကကတော့ ဖုန်ကြား
ရှင် ကို စိုင်းလင်းက ထပ်မံလက်ခံထားရင် ဖြစ်လာမယ့် အကျိုးဆက်တွေဟာ အထူးဒေသ ၄ မိုင်းလား အဖွဲ့
ဆီကို ပါ ရိုက်ခတ်လာတော့မယ့် အနေအထားဖြစ်နေလို့ပဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တရုတ်ပြည်မှာတက်လာတဲ့တရုတ်သမ္မတ စီးကျင်းဖျင်က အလုပ်လုပ်ရာမှာ
ပြတ်သားတယ်။တရုတ်လာဘ်စားမှုနှိမ်နင်းရေးစီမံကိန်းနဲ့ ဘိန်းဘုရင် တိုက်ဖျက်ရေးကို တိတိကျကျ အကောင်အထည်ဖော်နေတယ်။ တစ်ဆက်စပ်ထဲ ဆက်နွှယ်နေတဲ့ တရုတ်မာဖီးယားဂိုဏ်းတွေကို
လည်း မောင်းထုတ်နေတယ်။ ဒီနေရာမှာ ဘိန်းဘုရင်ဖုန်ကြားရှင်တို့ပါ ပါတ်သက်လာတယ်။ ဒီတော့ သူလဲ စီးကျင်းဖျင်နဲ့ တရုတ်ရဲတွေကိုကြောက်လို့ ပြေးဖို့ စီစဉ်လာရတယ်။ အထူးသဖြင့် အေးအေးချမ်းချမ်းနဲ့ မူးယစ်ဆေးဝါ ချက်လုပ်ပြီး စီးပွားရှာနိုင်မယ့် နေရာတစ်ခု အပူတပြင်းလိုအပ်လာတာပဲဖြစ်တယ်။ဒီတော့ မြန်မာ ၊ လာအို ၊ ထိုင်း ဘယ်နေရာကိုရွေးမလဲဆိုတဲ့ ရွေးချယ်မှုတွေကို ဖုန်ကြားရှင် ရွေးချယ်လာရပါတယ်။

ဒီတော့ နေရာဟောင်းဖြစ်တဲ့ မြန်မာမှာပြန်လည် ခြေကုပ်ယူပြီး မူးယစ်ဆေးဝါးတွေ ချက်လုပ်ဖို့အတွက် နယ်မြေလာလုရတာပဲဖြစ်တယ်။အခု မြန်မာမှာကလဲ ထင်သလောက် ခရီးမပေါက်ပဲ တပ်မတော်
ရဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်တွေကို ရင်ဆိုင်လာရတဲ့အခါမှာ ဖုန်ကြားရှင်ဟာ လာအိုဖက်ကို ခြေကုပ်
ယူဖို့အတွက် ပြန်လည်စဉ်းစားလာနေတယ်လို့ သိရတယ်။လာအို နဲ့ ထိုင်း ။ ဘာလို့ လာအိုကိုရွေးလဲ ဆိုတော့ ထိုင်းကို သွားလို့မရလို့။ထိုင်းကို သွားတာနဲ့ အဖမ်းခံရမယ်ဆိုတာ သိနေတာကြောင့်လာအိုဘက်ကိုရွေးချယ်ထား
တယ်လို့ သိရပါတယ်။

ဟုတ်ပြီ လာအိုဘက်သွားရင်ရော ဖုန်ကြားရှင် အတွက် ပြေးလို့ လွတ်နိုင်ပြီလား။ မဖြစ်နိုင်သေးပါဘူး။
အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ( Drug Enforcement Administration – DEA )ရဲ့ မူးယစ်ရာဇာ စာရင်းဝင်နေတဲ့ ဖုန်ကြားရှင်အတွက် လာအိုဟာ သေချာပေါက် ထွက်ပေါက်တစ်ခုဖြစ်တယ်
လို့ ပြောဆိုလို့မရပါဘူး။ထွက်ပေါက် မဖြစ်ပဲ သေလမ်းလဲ ဖြစ်နိုင်လို့ပါ။ဘာကြောင့်လဲဆိုတော့ တစ်ချိန်က
ပြည်သူစစ် လုပ်ငန်းအကြောင်းပြပြီး မူးယစ်ဆေးဝါးစိုက်ပျိုးရောင်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံတော်တော်များ
များက အလိုရှိသည့် စိုင်းနော်ခမ်းကို လာအိုနိုင်ငံက ဖမ်းပြီး တရုတ်ကို အပ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။
စိုင်းနော်ခမ်းဘယ်လို အဆုံးသတ်ခဲ့တယ်ဆိုတာအားလုံးလည်း သိပြီးဖြစ်ပါလိမ့်မယ်။



မင်းဇေယျာ

No comments:

Post a Comment