Monday, May 25, 2015

လူမှုကွန်ရက်ကြောင့် လေယာဉ်မောင်းသင်တန်းသူတစ်ဦးကို အချိန်တိုအတွင်း လူသိများလာ

မေပြည့်စုံအောင်
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော လေယာဉ်မောင်းလေ့
ကျင့်နေစဉ် Selfie ရိုက်ထားသည့် ဓာတ်ပုံများကြောင့်အသက်(၁၉)နှစ် အရွယ် လေယာဉ်မောင်း သင်တန်း သူ မေပြည့်စုံအောင်ကိုရက်အနည်း ငယ် အတွင်း လူသိများ လာသည်။


ပုသိမ်မြို့တွင်ဖွင့်လှစ်ထားသော Myanmar Aviation Academy လေယာဉ်မောင်းသင် တန်း၌ Cadet Pilot အဖြစ် ပညာသင်ကြားနေသူဖြစ်သည့် မေပြည့်စုံအောင်၏ လေယာဉ်ကွင်းပေါ်မှ ဓာတ်ပုံများ၊ အလှရိုက်ကူးထားသော ဓာတ်ပုံများမှာ ကြိုက်နှစ်သက်၍ ပြန်လည်မျှဝေ သူများမှတစ် ဆင့် ပျံ့နှံ့လာပြီး နောက် လူသိများလာခြင်းဖြစ် သည်။

 အမြင့်ပေ သုံးထောင်ကျော် တွင် လေယာဉ်ပျံသန်းစဉ် ကိုယ် တိုင်ရိုက်ထားသော (Selfie)ဓာတ် ပုံကြောင့် ချီးကျူးခံခဲ့ရသကဲ့သို့ ဝေဖန်မှုများလည်းရရှိခဲ့သည်ဟု မေပြည့်စုံအောင်က ဆိုသည်။

‘‘ဓာတ်ပုံကိုကြည့်ပြီးကောင်းတာပြောကြသလို ဝေဖန်တာလည်းပြန်ကြားရပါတယ်။ ညီမကတော့ အားလုံးကို စိတ်မဆိုးပါဘူး’’ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သော ရက်အနည်း ငယ်အထိ သာမန်ကောင်မလေးတစ်ယောက်ဖြစ် ခဲ့သော မေပြည့် စုံအောင်မှာယခုတော့၎င်းတင်လိုက်သည့်ပုံ(သို့မဟုတ်)စာစုများကိုLikeလုပ်သူပေါင်း ခြောက်သောင်းကျော်သည် အထိရှိနေပြီး ၎င်းနာမည်နှင့် စာမျက်နှာပေါင်းလေးခု ထက် မနည်း ပေါ်လာကာ ယင်းစာ မျက်နှာ များမှာ ကိုယ်တိုင် ဖွင့်ထားသော စာမျက်နှာများမ ဟုတ်ကြောင်း ပြောကြားသည်။

 လေယာဉ်မောင်းနှင်စဉ် ကိုယ်တိုင်ဓာတ်ပုံရိုက်ခဲ့သည့် အကြောင်းကိုလည်း မေပြည့်စုံ အောင်က ရှင်းပြသည်။

‘‘အဲဒီဓာတ်ပုံက လေယာဉ်အတက်အဆင်းလုပ်နေတဲ့အချိန်မဟုတ်ပါဘူး။ဆရာနဲ့ လေယာဉ် မောင်းကျင့် နေတဲ့ အချိန်ပါ။ Sefile တွေကတော့နှစ်ယောက် မောင်းသင် လေ့ကျင့်နေတုန်း ကျန်တဲ့တစ်ယောက်ကို Control ပေးပြီးရိုက်တာပါ။ Air Lines မှာ ရောက်နေတဲ့ Senior Pilot မမ တွေကိုလည်း အရမ်း အားကျတယ်’’

လက်ရှိတွင် ပုသိမ်မြို့၌ပင်နေထိုင်ကာ သင်တန်းတက်နေဆဲ ဖြစ်သဖြင့် ယခုကဲ့သို့ လူသိများ လာ သော်လည်း သွားလာနေထိုင်မှုတွင်တော့ အနှောင့်အယှက်မဖြစ်ကြောင်း ဆက်သွယ်မေးမြန်း သည်ကို ဖြေကြားသည်။

၎င်း၏ ဓာတ်ပုံများကို လူမှုကွန်ရက်များတွင် ဖြန့်ဝေနေကြသည်ကိုလည်း ချစ်ခင်သည့်အတွက် သာ ပြုလုပ် ခြင်းဖြစ်သည်ဟုမှတ်ယူကာ ပျော်ရွှင်ရပါသည်ဟု 7Day Daily ၏ ဆက်သွယ်မေးမြန်း မှုအား  ဖြေကြားခဲ့ သည်။

 မေပြည့်စုံအောင်သည် ၂၀၁၁ တွင် အထက(၁) ဒဂုံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ ပြီး ယခုနှစ်ကုန် တွင် ပြီးစီးမည့် လေယာဉ်မောင်းသင်တန်းပြီးပါ က National Management co-llege သို့ ဆက်လက် တက်ရောက် မည်ဖြစ်သည်။

မေပြည့်စုံအောင်က၎င်း၏စိတ်ကူးအိပ်မက်မှာ လေယာဉ်မှူး ကောင်းတစ်ဦးဖြစ် လာရေးဖြစ်ကြောင်း  ဝေမျှ ခဲ့သည်။

No comments:

Post a Comment