Friday, October 11, 2013

လွှတ်တော် ဥက္ကဌ ပဲ လုပ်ပါလားဗျာ

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပါ ......လွှတ်တော်၏ အစိုးရ အဖွဲ့  အပေါ် ထိန်းချုပ် နိုင်စွမ်း အာဏာ အချို့  ....
၁။ နိုင်ငံတော် သမ္မတ သည် လွှတ်တော်၏ ခွင့်ပြုချက် မပါပဲ
နိုင်ငံတော်၏ နယ်နိမိတ်ကို ဖြစ်စေ ၊ ပြည်နယ်၏ နယ်နိမိတ် ကို ဖြစ်စေ....ပြင်ဆင်သတ်မှတ်၍ မရ…..။ (ပုဒ်မ ၅၂ ၊ ၅၃ ၊က )
၂။ နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတ များသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော ....မိသားစု ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကို စာရင်းပြုစု၍ ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ပေးပို့ ရမည်….။ (ပုဒ်မ ၆၈ )
၃။ လွှတ်တော်သည် ဖွဲ့ စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ နိုင်ငံတော် သမ္မတ ၊ ဒုတိယ သမ္မတ ၊ ပြည်ထောင်စု ၀န်ကြီး ၊ ပြည်ထောင်စု ရှေ့ နေချုပ် ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ၊ပြည်ထောင်  စု တရားသူကြီးချုပ် များအား စွပ်စွဲပြစ်တင်ကာ စွပ်စွဲချက်ထင်ရှားကြောင်း လွှတ်တော် ကိုယ်စားလှယ် သုံးပုံ နှစ်ပုံက ဆုံးဖြတ်လျှင်ရာထူးမှ ရပ်စဲနိုင်သည်…။ (ပုဒ်မ ၇၁ ၊ ၂၃၃ ၊ ၂၃၈ ၊ ၂၄၃ )
၎။ လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်တွင်း ဆွေးနွေးပြောဆို လုပ်ဆောင်ချက်များနှင့် ပတ်သက် ၍....လွှတ်တော်ဆိုင်ရာ ဥပဒေမှ အပ အခြား မည်သည့် ဥပဒေ နှင့်မှ အရေးမယူရ …။
( ပုဒ်မ ၉၂ )
၅။ လွှတ်တော် ၏ အခွင့်အာဏာဖြင့် ထုတ်ဝေသော စာရွက်စာတမ်းများနှင့်ပတ်သက် ၍ တရားစွဲ ဆိုပိုင်ခွင့် မရှိစေရ …။ ( ပုဒ်မ ၉၄ )
၆။ လွှတ်တော်မှ အတည်ပြုသော ဥပဒေ တစ်ရပ်အား နိုင်ငံတော် သမ္မတ က အတည်ပြု လက်မှတ်ရေး ထိုးခြင်း မပြုသော်လည်း ၁၄ရက် ကြာလျှင် ထို ဥပဒေအား အတည်ပြုပြီး ဖြစ်သည်ဟု မှတ်ယူရမည်…..။
( ပုဒ်မ ၁၀၅ )
၇။ လွှတ်တော် သည် နိုင်ငံတော် သမ္မတ ကတင်ပြသည့် အပြည်ပြည်ဆိုင်ရာ ၊ ဒေသတွင်းဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ ၊ သဘောတူညီချက်များ ကို အတည်ပြု ဆောင်ရွက်ခြင်း ၊
ပယ်ဖျက်ခြင်း ၊ နူတ်ထွက်ခြင်း တို့ နှင့်ပတ်သက် ၍ အဆုံးအဖြတ်ပေးနိုင်သည် ….။
( ပုဒ်မ ၁၀၈ )
၈။ နိုင်ငံတော် သမ္မတ သည် အရေးပေါ် အခြေအနေအရ ဥပဒေကဲ့ သို့ အာဏာတည်သော အမိန့် ကို ထုတ်ပြန်လျှင် ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ကိုတင်ပြရမည်..... လွှတ်တော်မှ အတည်မပြု လျှင် ထို အမိန့် ပျက်ပြယ်သည် ….။ (ပုဒ်မ ၂၁၂ ၊ ဂ )

၉။ လွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ
စစ် ကြေငြာနိုင်သည် ၊ စစ် ပြေငြိမ်း နိုင်သည် …။ (ပုဒ်မ ၂၁၃ )

၁၀။ နိုင်ငံတော် သမ္မတက ခန့် အပ်သည့်
ပြည်နယ်ဝန်ကြီးချုပ် တစ်ဦးအား
သတ်မှတ်ထားသော အရည်အချင်းနှင့် မပြည့်စုံကြောင်း
ပြည်နယ်လွှတ်တော်မှ အထောက်အထား ပြနိုင်လျှင် ...
ခန့် အပ်ရန် ငြင်းပယ်နိုင်သည် …။ ( ပုဒ်မ ၂၆၁ )

( လွှတ်တော်အမတ် ရဲမိုး )

FROM-YE MOE

No comments:

Post a Comment