Saturday, October 19, 2013

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအား အသစ်ရေးဆွဲပါက နိုင်ငံအတွက် အန္တရာယ်များဟုဆို

ရှမ်း(မြောက်)၊ အောက်တိုဘာ ၁၉။
လက်ရှိမြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ

စနစ်ဖြင့် သွားနေချိန်၌ (၂၀၀၈) ဖွဲ့စည်းပုံ
 အခြေခံဥပဒေအား အသစ်ပြန်လည် ရေး
ဆွဲပါက နိုင်ငံအတွက် အလွန် အန္တရာယ် များကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးကော် မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က သုံးသပ် ပြောကြားသည်။
လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော ဥပဒေအချို့မှာ အရေးတကြီးပြင်ဆင်ရန်

လိုအပ်နေပြီးေ ရတိုရေရှည် စီမံကိန်းချ၍ ပြင်ဆင်သွားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန်အတွက်မှာ လူထုဆန္ဒအပေါ်တွင်သာ မူတည်သဖြင့် ယခုကဲ့သို့ ရှင်းလင်းပွဲများ ပြုလုပ်၍ လူထုဆန္ဒကောက် ယူရခြင်းဖြစ်ကြောင်း၊ ထိုသို့ကောက်ယူရာတွင် လူထုမှ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင် ဆင် ရန်နှင့် အသစ်ရေးဆွဲရန် အချက်(၂)ချက်တွင် အားနည်းချက်၊ အားသာချက်များကို နှိုင်းယှဉ်၍ သိရှိနိုင်ရန်ပြောပြပေးနိုင်ရုံသာရှိပြီး အဓိကမှာလူထု၏ဆန္ဒသာဖြစ်ကြောင်း ပြောကြားသည်။

“လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် အားလုံးကိုပြင်ရမယ်။ ဒါပေမယ့် အဓိကလိုအပ် တဲ့ အချက်တွေကို ရေတိုရေရှည် စီမံကိန်းချပြီး ပြင်ဆင်သွားဖို့လိုပါတယ်။ အသစ်ရေးဆွဲဖို့ဆို တာကြတော့ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတာ မရှိဘူး။ ပြင်ဆင်လိုက ပြင်ဆင်နိုင်တယ်ဆိုတဲ့ အချက်ပဲ ပါတယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံကို အသစ်ဆွဲမယ်ဆိုရင် တပ်မတော်သားတွေ အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိပြုထားတာရှိတော့ တပ်မတော် ရဲ့ အခန်းကဏ္ဍလည်း ပါဝင်လာလိမ့်မယ် ဒီတော့ နိုင်ငံအနေနဲ့ အန္တရာယ်များပါတယ် ဒါကြောင့်မို့ လို့ လက်ရှိသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းလည်း မထိခိုက်အောင်ဆိုပြီး ပြင်ဆင်ဖို့အတွက်ကို အဓိကထားတာပါ”ဟု ဆက်လက် ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

No comments:

Post a Comment