Saturday, October 26, 2013

အများပြည်သူသို့ အသိပေးပန်ကြားခြင်း

၁။ မဟာဓာတ်အားလိုင်းမှ ဓာတ်
အားကိုလက်ခံ၍ အများပြည်သူသို့ 
ဓာတ်အားဖြန့်ဖြူးပို့လွှတ်ထားသော
 သာကေတ ပင်မဓာတ်အားခွဲရုံရှိ 
၂၃၀/ ၃၃ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ၏ ၃၃ ကေဗွီဗို့အား အထွက် အပိုင်းတွင် လွန်းဖွာနေသော ဓာတ်အား လိုင်းကြိုးများအား အစားထိုး အသစ် လဲလှယ်ခြင်း၊ ယာယီအစားထိုး
တပ်ဆင်ထားသော လျှပ်စီးတိုင်း ထရန်စဖော်မာ သုံးလုံးအား  အသစ်ဖြင့် လဲလှယ်ခြင်း၊ စမ်းသပ် စစ်ဆေးခြင်း တို့ကို အရေးပေါ်ဆောင်ရွက်ရန် လိုအပ်နေပါသည်။
၂။ သို့ပါ၍ သာကေတပင်မ ဓာတ်အားခွဲရုံတွင် ဖော်ပြပါလုပ်ငန်း များအား ဓာတ်အား ပိတ်ဆောင် ရွက် ရမည်ဖြစ်ရာ အောက်ပါနေ့ရက်၊ အချိန်တွင် ဓာတ်အား ပြတ်တောက်မှု များရှိမည် ဖြစ် ပါကြောင်းဓာတ်အား ပြတ်တောက်မည့် နေရာ ဒေသများတွင် နေထိုင်သူအများြ ပည် သူများအား အသိ ပေးအပ်ပါ သည်။
သာကေတပင်မဓာတ်အားခွဲရုံရှိ ၂၃၀/၃၃ ကေဗွီ ၁၀၀ အမ် ဗွီအေထရန်စဖော်မာအမှတ်(၂)ကို ၂၇-၁၀-၂၀၁၃ ရက် (တနင်္ဂနွေနေ့) ၉ နာရီမှ ၁၅ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်ရာ-


(က) သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့၏ရပ်ကွက်များ တွင်လည်းကောင်း၊
(ခ) သင်္ဃန်းကျွန်းမြို့နယ်ရှိ ဇ၀န၊ ဆ/က၊ ဗိုလ်ကံညွန့်၊ လေးဒေါင့်ကန်၊ င/က၊ မိကျောင်းကန်၊ ဝေဇယန္တာ၊ သာဓု၊ ဆယ်သိန်း၊ နနွင်းကုန်း၊ ရန်အောင်၊ က မှ ဃ အထိ ရပ်ကွက်များ၊ ရန်ကုန်သစ် တစ်ခြမ်း၊ င/ခ ရပ် ကွက်၊ မေခ၊ မလိခအိမ်ရာ၊ ငမိုးရိပ်၊ စံပြ၊ ပြည်ထောင်စု ရိပ်မွန်၊ ပင်လုံ၊ ကြီးပွားရေး တောင်/ မြောက်၊ ကမ်းသာယာနှင့် ဣစ္ဆိတံ အိမ်ရာတို့တွင် လည်းကောင်း၊
(ဂ)ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၁၀)၊(၂၈)၊(၂၉)၊(၃၀)၊ (၃၈)၊(၄၅)၊(၄၃)၊(၁၆) ရပ်ကွက် တို့တွင်လည်းကောင်း၊
(ဃ)ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ကွေ့မအိမ်ရာ၊ တော့ စတားအိမ်ရာ၊ အင်းဝအိမ်ရာ၊ (၁၈)၊ (၁၉)၊(၂၀)၊(၂၁)၊(၂၂)၊(၂၄)၊(၂၅)၊(၂၆)၊(၅၃)၊(၅၅)၊(၅၆)၊(၅၇)၊(၆၄)၊(၆၅)၊ (၇၀)၊(၇၂)၊(၁၀၅)၊(၁၀၆)၊ (၁၀၇)တို့တွင် လည်းကောင်း ခြောက်နာရီကြာ ဓာတ်အား ပြတ် တောက်မည်ဖြစ် ပါသည်။
၃။ ယင်းသို့ ဓာတ်အားဖြတ်တောက်၍ လုပ်ငန်း ဆောင်ရွက်ရခြင်းသည် ဓာတ်အား ပေးနေစဉ် ကာလ အတွင်း ချွတ်ယွင်းအားနည်းမှု ဖြစ်ပေါ်နေသည့် နေရာများမှ အပြစ်ဖြစ် ပေါ်ခဲ့ပါက ပျက်စီးဆုံးရှုံးမှု ပိုများပြီး ပြုပြင်ရန် အချိန်ပိုကြာခြင်း၊ မလိုလားအပ်သော ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှု ထိခိုက်ခြင်း ကို ဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် ကြိုတင်ဆောင် ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဓာတ်အား ပြတ်တောက်မှု ကြောင့် လူမှုရေး အခက်အခဲများ ပေါ်ပေါက်နိုင်မှုအပေါ် အနူးအညွတ်တောင်းပန် ပါကြောင်း ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ အများပြည်သူသို့ အသိပေးပန်ကြားအပ်ပါ သည်။ 

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့

No comments:

Post a Comment