Tuesday, October 22, 2013

ဆေးလိပ် သောက်ခွင့် မရှိသည့် နေရာများ ထုတ်ပြန် လိုက်ပြီဖြစ်

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်
သုံးမှု ထိန်းချုပ်ရေး ဥပဒေ အရ ဆေးလိပ် လုံးဝ 
 သောက်သုံးခွင့် မရှိတဲ့ နေရာများကို သတ်မှတ် ထုတ်ပြန်
လိုက်ပြီ ဖြစ်တယ် လို့ ကျန်းမာရေး ၀န်ကြီး 
ဌာနမှ သတင်းများ အရ သိရပါတယ်။ အဲ့ဒီလို
 ဆေးလိပ် သောက်ခွင့် မရှိတဲ့ နေရာတွေ ကတော့
 ဆေးရုံပရိဝုဏ် အတွင်းရှိ ၀န်ထမ်း အိမ်ရာနဲ့ အိမ်ခန်း များမှအပ ဆေးရုံ အဆောက်အအုံ၊ ရုံးခန်း ပရိဝုဏ်နဲ့ ပရိဝုဏ် အတွင်းရှိ အခြား အဆောက်အအုံများ၊ ဆေးကုသ ဂေဟာနဲ့ ဆေးခန်းများ၊ အားကစားရုံနဲ့ အမိုးအကာ ရှိတဲ့ အားကစား ကွင်းများ၊ ကလေးကစားရုံနဲ့ ကစားကွင်းများ စတဲ့ နေရာများ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းပရိဝုဏ် အတွင်းရှိ ၀န်ထမ်း အိမ်ရာနဲ့ အိမ်ခန်းများ မှအပ သင်ကြားရေး အဆောက်အအုံ စာသင်ခန်း ပရိဝုဏ်နဲ့ ပရိဝုဏ် အတွင်းရှိ အခြား အဆောက်အအုံများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်နဲ့ သိပ္ပံတို့ရဲ့ သင်ကြားရေး အဆောက်အအုံ စာသင်ခန်းနဲ့ ရုံးခန်းများ၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံနဲ့ အခြားပွဲ ကျင်းပပြသတဲ့ အဆောက်အအုံများ စတဲ့ နေရာများကို ဆေးလိပ် သောက်ခွင့် မရှိတဲ့ နေရာတွေ အဖြစ် သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို သတ်မှတ်မှုတွေ အပြင် ကုန်တိုက်၊ ကုန်ပဒေသာဆိုင်၊ စတိုးဆိုင်နဲ့ အမိုးအကာ ရှိတဲ့ ဈေးရုံ များ၊ ပြတိုက်၊ မော်ကွန်းတိုက်၊ အများပြည်သူသုံး စာကြည့်တိုက်နဲ့ စာဖတ်ခန်းများ၊ ဓာတ်လှေကား နဲ့ ရွေ့လျား စက်လှေကားများ၊ ခရီးသည် သယ်ယူ ပို့ဆောင်တဲ့ မော်တော်ယာဉ် နဲ့ လေယာဉ် များ၊ လေအေး စက် တပ်ဆင် ထားတဲ့ အများပြည်သူသုံး အခန်းများ၊ အများပြည်သူသုံး ခန်းမကြီးများနဲ့ ကျန်းမာရေး ၀န်ကြီး ဌာနက အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီး သတ်မှတ် ထားတဲ့ အများပြည်သူ ဆိုင်ရာ အခြားပရိဝုဏ် အဆောက်အအုံနဲ့ နေရာများ စတဲ့နေရာများကို ဆေးလိပ် လုံးဝ သောက်သုံးခွင့် မရှိတဲ့ နေရာများ အဖြစ် သတ်မှတ် ထုတ်ပြန် ထားတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
From:မြ၀တီ

No comments:

Post a Comment