Friday, October 11, 2013

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီသို့ ဒေသခံ ရှမ်းမျိုးနွယ်စုများ၏ သဘောထားဆန္ဒတင်ပြ

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ 
(ကချင်ပြည်နယ်) မှ အောက်တိုဘာ (၆)ရက်နေ့ 
တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မ
တီဥက္ကဋ္ဌထံသို့ ကချင်ပြည် နယ်အတွင်းသို့ သွတ် သွင်းခံ ရသောရှမ်းနယ်မြေများနှင့် ဒေသခံရှမ်းမျိုးနွယ်စုများ ၏ သဘောထား ဆန္ဒတင်ပြခဲ့ရာ အချက်
(၁၀) ချက် အား အဓိကထား တောင်းဆိုခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ယင်းအဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်း အား ဆက်သွယ်မေးမြန်း ခဲ့ရာ “ အဓိက တောင်းဆိုထားတာ (၁၀)ချက် ရှိပါတယ်၊ နေရပ်တွေကို စွန့်ခွာထွက်ပြေးနေရတဲ့ ရှမ်းမျိုးနွယ်စုတွေအနေနဲ့ ကိုယ့်နေရပ်ဒေသမှာ ဂုဏ်သိက္ခာရှိရှိ အေးအေးချမ်းချမ်းပြန်နေခွင့်ရဖို့ ဘ၀သစ်ကို ထူထောင်နိုင်ဖို့ တောင်းဆိုခဲ့ တာဖြစ်ပါတယ် ” ဟု ရှင်းပြသည်။
ယင်းတောင်းဆိုချက်(၁၀)ချက်တွင် ဒေသခံရှမ်းမျိုးနွယ်စုများအတွက် အဓိကတောင်းဆို ထားသော အချက် များအား မေးမြန်းမှုအပေါ် “ IDP တွေအတွက် အကူအညီအထောက် အပံ့တွေ ရောက်လာလို့ရှိရင် အခြား တိုင်းရင်းသားတွေနည်းတူ ထပ်တူညီမျှ ရရှိခံစားခွင့်ပေးဖို့ ၊ ပြည်နယ်အတွင်းမှာရှိတဲ့ ရှမ်းကျေးရွာတွေကို KIA အဖွဲ့ကနေ ဆက်ကြေးကောက်၊ ရိက္ခာတောင်း၊ လူသစ်စု၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်တာတွေ မလုပ်ဖို့၊ ကာယကံ ရှင်ရဲ့ဆန္ဒမပါဘဲနဲ့ စုဆောင်းခံရတဲ့ ရှမ်းမျိုးနွယ်စုတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စတဲ့ အချက်တွေ ကို အဓိကထား တောင်းဆိုထားပါတယ် ” ဟု ဆိုသည်။
“ ကျန်တဲ့ အချက်တွေကလည်း အကုန်အရေးကြီးပါတယ်၊ မိုင်းတွေ ပြန်ဖော်ပေးဖို့ တောင်းဆိုထားပါတယ်၊ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ အခြေခံရပိုင်ခွင့်တွေ တန်းတူညီမျှ ခံစားခွင့်ပေးဖို့ မျိုးနွယ်စု ကျေးရွာတွေကို နိုင်ငံတော်အစိုးရက ကာကွယ်ပေးဖို့တွေလည်း ထည့်သွင်းထားပါတယ် ” ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)အနေဖြင့် အောက်တိုဘာ(၈)ရက်နေ့တွင်လည်း တပ်များနေရာချ ထားပြီးနောက် စောင့်ကြည့်လေ့လာရေး အဖွဲ့တွင် ဒေသခံတိုင်းရင်းသားများ ပါဝင်ရေးကိစ္စကိုလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီထံသို့ တင်ပြတောင်းဆို ထားကြောင်း သိရှိရ ပါသည်။

စိုင်းအောင်မြတ်

No comments:

Post a Comment