Monday, October 28, 2013

"Eleven ဘာရေးရေး အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွေ ဆက်လက်ရှင်သန်ရပ်တည်နေမှာပါပဲ" ~ ဦးရဲထွဋ်

သတင်းထောက်တစ်ဦးက ဒီနေ့ Daily Eleven သတင်းစာမှာ အစိုးရသတင်းစာများ အများပြည်သူ စိတ်ဝင်စားသည့်သတင်း များကို ဖော်ပြခြင်းမရှိဘဲ အစိုးရ အာေ ဘာ်  တစ်ခုတည်းကို သာဖော်ပြသည့် သတင်းစာ အဖြစ် ဆက်လက်ရပ်တည် ဆိုတဲ့ သတင်း နဲ့ပတ်သက်ပြီး ၀န်ကြီးဌာန ရဲ့ သဘော ထားမှတ်ချက်ကို မေးပါတယ်။ အားလုံး သိနိုင်အောင် ဒီကနေပဲ ဖြေကြားပေးလိုက်ပါ တယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိ နိုင်ငံပိုင်သတင်းစာများကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီ တဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာများအဖြစ် ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ပြီး အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေကြမ်းကို လွှတ်တော်ကို တင်ပြထားပါတယ်။
ဒီဥပဒေမပေါ်ပေါက်မီမှာ အများပြည်သူဝန်ဆောင်မှုမီဒီယာကိုရှေ့ရှုတဲ့ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သလောက်လုပ်ဆောင်နေပါတယ်။
ဒီလုပ်ဆောင်ချက်များကိုလက်ခံတယ်၊ လက်မခံဘူး ဆုံးဖြတ်မှာက သတင်းစာဖတ်ပရိသတ် ပဲ ဖြစ်ပါတယ်။ Eleven က ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ သူရေးတာဟာ သူ့အမြင်ပဲ ဖြစ်ပါတယ်။
မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာနှစ်စောင်ရဲ့ စောင်ရေဟာ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက် တိုးတက်နေတာကို ကြည့်ရင် ပရိသတ်အနေနဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဘက်ကိုရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုလက်ခံနေတယ်ဆိုတာ သိသာပါတယ်။
အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကိုသာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ရင် ဒီသတင်းစာနှစ်စောင် ဟာ အယ်ဒီတာလွတ်လပ်ခွင့်နဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့်ရှိတဲ့ စံမှီ အများပြည်သူဝန်ဆောင်မှု မီဒီယာ အဖြစ် ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်နိုင်မှာသေချာပါတယ်။
Eleven ရဲ့ သတင်းဆောင်းပါးအဆုံးမှာ ပြည်သူ့ဝန်ဆောင်မှုဆိုတာ လုံးဝမယုံကြည်ဘူး၊ နောက်ပြီး အစိုးရသတင်းစာဆိုတာလည်း လုံးဝမရှိသင့်တော့ဘူး ဆိုတဲ့ မန္တလေးမြို့က ဦးသိန်းသန်းဦးရဲ့ စကားကို ကိုးကားညွှန်းထားပါတယ်။
အများ ပြည်သူဝန်ဆောင်မှုမီဒီယာမရှိသင့်ဘူးလို့ ထင်ရင် ပြည်သူတွေက သတင်းစာတစ်စောင်မှ မ၀ယ်ပဲ နေပါလိမ့်မယ်။ အဲဒီအခါကျရင် ဦးသိန်းသန်းဦးလည်း ပြောစရာမလို၊ Eleven လည်း ရေးစရာမလိုပဲ အဲဒီသတင်းစာတွေရပ်သွားပါလိမ့်မယ်။ ပြည်သူတွေက ၀ယ်ယူ ဖတ်ရှု အားပေးနေသမျှတော့ ဦးသိန်းသန်းဦး ဘာပြောပြော၊ Eleven ဘာရေးရေး အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွေ ဆက်လက်ရှင်သန်ရပ်တည်နေမှာပါပဲ။ အများပြည်သူဝန်ဆောင်မှု မီဒီယာမှ မဟုတ် ပြည်သူတွေလက်မခံဘူးဆိုရင် ကိုယ့်ဘာသာကိုယ် ဘယ်လိုဆိုင်းဘုတ် တပ်ပြီး ကြွေးကျော်နေပါ စေ၊ ပုဂ္ဂလိသတင်းစာတွေလည်း ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။
ပြည်သူတွေရဲ့ အဆုံးအဖြတ်ကသာ အဓိကဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး မမေ့ဖို့ လိုပါ တယ်။

No comments:

Post a Comment