Wednesday, October 30, 2013

နေပြည်တော် ကောင်စီ နယ်မြေ အတွင်းနှင့် မင်းဘူးမြို့နယ် မင်းဘူး- စကု ကားလမ်း နွားကူးချောင်း တစ်လျောက်ရှိ ရေဘေးသင့် ပြည်သူများအား တပ်မတော် သားများမှ ကူညီ ရွှေ့ပြောင်းပေး


နေပြည်တော် အောက်တိုဘာ ၂၉
နေပြည်တော် ကောင်စီနယ်မြေ အတွင်း အောက်တိုဘာ ၂၆ရက်မှ ၂၈ရက် ညနေပိုင်းအထိ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့်
 ပေါင်းလောင်းမြစ် ရေလျှံမှု ဖြစ်
ပွားခဲ့ရာ ဇေယျာ သီရိမြို့နယ် အတွင်းရှိ စည်ပင်ကြီး ကျေး ရွာနှင့် ချောင်းကမ်းကြီး ကျေး  ရွာ၊ အေလာ မြို့၊ ဟေ မာန် ကျေးရွာ၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ သာယာစု ကျေးရွာ၊ အင်းသာ ကျေးရွာနှင့် ကြို့တန်း  ကျေးရွာတို့မှ ရေဘေးသင့် ပြည်သူ ၁၇၁၄ ဦးတို့အား အောက်တိုဘာ ၂၈ရက် ညနေပိုင်း တွင် နယ်မြေခံ တပ်မတော် သားများက ရေဘေး လွတ်ရာ နေရာများသို့ ကူ ညီရွှေ့ပြောင်း ပေး ခဲ့ပြီး ဒေသခံ ပြည်သူ၅၈ဦးအားလိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် 
 ဟေ မာန် ကျေးရွာရှိ ရေဘေးသင့် ပြည်သူများအတွက် နယ်မြေခံ တပ်ရင်းများက ထမင်းထုပ် ၂၅ဝ ပေးဝေ ခဲ့ပါသည်။


ထို့အပြင် မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မင်းဘူး- စကု ကားလမ်း မိုင်တိုင် အမှတ် (၇)နှင့် မိုင်တိုင်အမှတ် (၈)အကြားရှိ နွားကူးချောင်းသည် အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ရေလျှံမှု ဖြစ်ပွားခဲ့ပြီး အနီးတစ်ဝိုက် ကားလမ်းပေါ်တွင် ရေအနက် ၃ပေခန့် မြင့် တက်ခဲ့ သဖြင့် ခရီးသွား ပြည်သူများ အဆင်ပြေစွာ သွားလာ နိုင်ရေး အတွက် နယ်မြေခံ တပ်မတော် သားများက ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ယနေ့တွင် ရေများ ပြန်လည်ကျဆင်း သွားခဲ့ပြီး ပုံမှန် အတိုင်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment