Tuesday, October 22, 2013

ဆီးဂိမ်း ယူ-၂၃ဘောလုံးပွဲ ပရိသတ်အန္တရာယ်မရှိစေရန် အဖွဲ့ချုပ်စီစဉ်

22-10-2013
ဆီး ဂိမ်းပြိုင်ပွဲတွင် ယူ-၂၃အသင်း ဘော

လုံးပြိုင်ပွဲ၌ လက်မှတ်အတု များဖြင့် မ
ဝင်ရောက်နိုင်ရန်နှင့် ပရိသတ်အန္တ ရာယ် မရှိစေရေး အတွက် နည်းပညာမြင့်လက်မှတ် များ ထိုင်းကုမ္ပဏီက ရောင်း ချ ပေး မည်ဖြစ်ကြောင်း ဈေးကွက် ရှာဖွေရေး ဒါရိုက်တာ ဦးဆူး အောင်က ပြောသည်။
အဆိုပါ ထိုင်းကုမ္ပဏီသည် ရန်ကုန်မြို့တွင်

ကျင်းပခဲ့သည့် ဆူ ဇူကီးဖလား ခြေစစ်ပွဲ ကွင်းဝင် ခွင့်လက်မှတ်များကို ရောင်းချ ပေးခဲ့သည့် အတွေ့အကြုံရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
ဆီးဂိမ်းဘောလုံးပွဲစဉ် ကွင်း ဝင်ခွင့်လက်မှတ်များ၏ ဈေးနှုန်း ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်မှ လာမည့်နိုဝင်ဘာ ပထမ ပတ်တွင် သတင်းထုတ်ပြန်ပေး မည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ် သက်၍ မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဈေး ကွက်ရှာဖွေရေး ဒါရိုက်တာဦး ဆူးအောင်က ''ဘောလုံး အဖွဲ့ ချုပ်အနေနဲ့ ထိုင်းကုမ္ပဏီကို ကန်ထရိုက်ပေးတာက ဆီးဂိမ်း မှာ အသုံးပြုမယ့် လက်မှတ် က ပြည် တွင်းမှာ လုပ်လို့မရဘူး။ ကိုယ် တိုင်ဆောင်ရွက်ဖို့ဆိုရင်လဲ နည်း ပညာပိုင်းက အားနည်း မှုတွေ ရှိနေတယ်။ ကွင်းအတွင်း လာ ရောက်တဲ့ ပရိသတ်တွေအနေနဲ့ လွယ်လွယ်ကူကူ အဆင်ပြေဖို့ ဒီလိုဆောင်ရွက်တာပါ။ လုံခြုံ ရေးတစ်ခုထဲ ဆောင်ရွက်တာ မဟုတ်ဘူး။ ကွင်းအတွင်း ဝင် ဆံ့တဲ့ အ တိုင်းပဲ လက်မှတ်ရောင်း ချသွားမယ်''ဟု ၎င်းကပြောသည်။
ထို့အပြင်(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှယူ-၂၃ဘော လုံးပြိုင်ပွဲတွင် ကွင်းဝင်ခွင့်လက် မှတ်နှင့် ပြိုင်ပွဲကာလတွင်လုံခြုံ ရေး အပြည့်အဝပေးနိုင်ရန် အ တွက် ဘားကုဒ်စနစ်ပါဝင်သည့် ဧည့်ဝင်ကတ် များဖြင့် ကွင်းအတွင်း သို့သာ ဝင်ရောက်ကြည့်ရှုရမည် ဖြစ်သည်။ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေး ဦး စီးကော်မတီဥက္ကဋ္ဌ ပြည်ထောင် စုဝန်ကြီးဦးတင့်ဆန်းက ''ဆီးဂိမ်း မှာ လုံခြုံရေး အပြည့်အဝရှိအောင် ဘားကုဒ်စနစ်ကို အသုံးပြုမယ်။ ဒီစနစ်ကို သုံးတဲ့အတွက် ဘောလုံး ပွဲမှာြ ပဿ နာတစ်ခုဖြစ်ရင် အတိ အကျရှာလို့ရတယ်။ ကတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ အချက်အ လက် တွေကို နိုင်ငံတော်ပိုင်သတင်းစာ မှာ ဖော်ပြပေးမယ်။ ကုန်ကျစရိတ် က နှစ်ထောင်ဝန်းကျင်ရှိ တယ်''ဟု ၎င်းက ပြောသည်။
အဆိုပါစနစ်ကို ယခင် ရန်ကုန်မြို့နှင့် နေပြည်တော်တွင် ကျင်းပခဲ့သည့် အာဆီယံအဆင့် ဘောလုံး ပြိုင်ပွဲများနှင့် အာရှအ ဆင့်ပြိုင်ပွဲများတွင် အသုံးပြုနိုင် ခြင်းမရှိသော်လည်း မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် ပြုလုပ်မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းတွင် သာကျင့်သုံးရန် စီစဉ်ခြင်းဖြစ် သည်။
ဆီးဂိမ်းပြိုင်ပွဲတွင်ယူ-၂၃ ဘောလုံးအုပ်စု ပွဲစဉ်များကို (က)အုပ်စုနှင့် (ခ)အုပ်စုခွဲကာ တစ်ဘက်လျှင် ငါးသင်းတစ်အုပ် စုနှင့် ခြောက်သင်းတစ်အုပ်စုပါ ဝင်မည်ဖြစ်ပြီး နေပြည်တော်ဇေ ယျာသီရိကွင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးကွင်း တွင်ပြုလုပ်မည်ဖြစ်ပြီး ဘောလုံး အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ကစားရမည်ဖြစ် သည်
မြန်မာနိုင်ငံတွင် ဘောလုံး ကွင်းအတွင်း ဝင်ဆံ့သည့်ဦးရေ ထက် ပိုမိုဝင်ရောက်လေ့ရှိပြီး ကွင်းပြိုကျမှုနှင့် လူအုပ်ပိသည့် ဖြစ်ရပ်မျိုး မကြုံတွေ့သော်လည်း နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများ တွင် ယင်းဖြစ်ရပ် ဆိုးများဖြစ်ပွား လေ့ရှိပြီး (၂၇)ကြိမ်မြောက်ဆီး ဂိမ်းပြိုင်ပွဲတွင် အဆိုပါဖြစ်စဉ်မျိုး မကြုံတွေ့ နိုင်ရန်အတွက် ကျန်း မာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အကြံပြုထားသည်။

No comments:

Post a Comment