Saturday, October 19, 2013

ပြည်ပြေးတို့ရဲ့ သင်းကွဲ ကျရှုံးချိန် ရောက်နေပြီလော

နိုင်ငံရပ်ခြား မီဒီယာတွေမှာ စစ်တပ်ကြီး 
တစ်ခုလုံး အကြောင်းကို အူမချေးခါးက အစ အကုန်သိ အကုန် နားလည် သယောင်ယောင်နဲ့ အာချောင်ပြီး လုပ်စားနေတဲ့... စစ်ပြေး... စစ်ထောက်လှမ်းရေး အရာ ရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် ကို နိုင်ငံရေးခိုလှုံခွင့် မရအောင် မိုးသီးတို့၊ အေးအေးစိုးဝင်းတို့ အုပ်စုတွေ က ကဖျက်ကယက်လုပ်လို့ နိုင်ငံရေးခိုလှုံခွင့် မရပဲ... သူနေတဲ့ လမ်းမှာ တစ်နာရီ ၇ ဒေါ်လာ နဲ့ ငွေယူပြီး နှင်း လိုက်ရှင်း ပေးနေရပါတယ်... ။
သူတို့ ပြည်ပြေးတွေ အချင်းချင်း အုပ်စုတွေကွဲပြီး... နိုင်ငံရေးခိုလှုံခွင့် မရအောင် အလုပ်ခံလိုက်ရတာနဲ့ တရားဝင် အလုပ်လုပ်ခွင့် မရှိတော့လို့ ပင်ပင်ပန်းပန်းနဲ့ လုပ်ရကာ cash နဲ့ under table ယူပြီး အလုပ် လုပ်နေရခြင်း ဖြစ်ပါတယ်..
ဓါတ်ပုံ ကတော့ မနှစ်က ဒီဇင်ဘာမှာ Snow storm ဖြစ်တဲ့အချိန်က အလုပ်လုပ်နေတုန်း ရိုက်ထားတာပါ..




No comments:

Post a Comment