Thursday, October 24, 2013

ရန်ကုန်မြို့ လဟာပြင် ဈေးနေရာ စီမံကိန်းမှ မြို့တော်စည်ပင်နှင့် ရွှေတောင်ကုမ္ပဏီ အကျိုးအမြတ် ခွဲဝေရေး လျာထားချက်ရှိ

ရန်ကုန်မြို့ လဟာပြင် ဈေးနေရာ စီမံကိန်းမှ မြို့တော်စည်ပင်နှင့် ရွှေတောင်ကုမ္ပဏီ အကျိုးအမြတ် ခွဲဝေရေး လျာထားချက်ရှိ
ရန်ကုန် အောက်တိုဘာ ၂၃
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ဈေးအနီး လဟာပြင် ဈေးနေရာတွင် ၃၂ ထပ်အမြင့်ရှိ ဟိုတယ်နှင့် တခြားသော အဆောက်အအုံများ တည်ဆောက်ရန် စီမံကိန်းချ လုပ်ဆောင်မှုမှ လုပ်ကိုင်ခွင့်ရ ရွှေတောင် ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့
အကျိုးအမြတ် ခွဲဝေရေး လျာထားချက် ထားရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ အကျိုးအမြတ် ခွဲဝေရာတွင် လဟာပြင် ဈေးနေရာ စီမံကိန်းအတွက် ရွှေတောင် ကုမ္ပဏီမှ ၄၈ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် ရန်ကုန်မြို့တော် စည်ပင်မှ ၅၁ ဒသမ ၆၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း၊ ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကန်သာယာ Consortium Tower စီမံကိန်း အတွက်လည်း အကျိုးအမြတ် ၅ဝ ရာခိုင်နှုန်း ရရှိရန် လျာထားကြောင်း သိရသည်။ ''အခွန်အခ မဟုတ်ပါဘူး။ ရရှိတဲ့ အကျိုးအမြတ် အတွက် ခွဲဝေရေးပါ။ ဆောက်လုပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏကိုတော့ အခွန်ကောက်ခံမှု စိစစ် ကြပ်မတ်ရေး အဖွဲ့က အခွန်နဲ့ ပတ်သက်ပြီး လုပ်မှာ'' ဟု ၄င်းက ပြောကြားသည်။
ရန်ကုန်မြို့လယ်ရှိ လဟာပြင်ဈေးနှင့် ဗိုလ်ချုပ်ဈေးသစ် နေရာကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ရွှေတောင် ကုမ္ပဏီတို့ အကျိုးတူ လုပ်ကိုင်ကြခြင်း ဖြစ်ပြီး လုပ်ငန်း အတွက် ဘီလီယံ ၂ဝဝ ကုန်ကျမည် ဖြစ်ကြောင်း၊ ကန်သာယာ Consortium Tower စီမံကိန်းမှာမူ Asia Myanmar Consortium ကုမ္ပဏီနှင့် မြို့တော်စည်ပင်တို့ ပူးပေါင်းမှုတွင် ၁၂၅ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်း ခန့်မှန်း ပြောကြားခဲ့သည်။
ယခုဆောင်ရွက် လျက်ရှိသည့် လဟာပြင် ဈေးနေရာတွင် ၃၂ ထပ်အမြင့်ရှိ ဟိုတယ် အပါအဝင် Residential Twin Tower နှစ်လုံး၊ Shopping Mall များ တည်ဆောက်မှု ပထမ အဆင့်ကို သုံးနှစ်အတွင်း အပြီး တည်ဆောက်ရန် လျာထားကြောင်း သိရသည်

No comments:

Post a Comment