Thursday, October 24, 2013

ပုသိမ်မှ NLDပါ တီဝင်များ ပြိုကွဲ၍ ပါတီရှုံးဖျက်သိမ်းခြင်း ဖြစ်ရပ်မှန်








ဒေါ်စု -> ကဲ ရှင်တို့ ဘာတွေ ဖြစ်နေကြတာလဲ၊ ဘာတွေ မကျေနပ်နေတာလဲ။

ဦးညွှန့်လှိုင် -> လေဒီကို ကျွန်တော်လေးစားပါတယ်၊ မြို့နယ်ရုံးမှာ ရပ်ကျေးတွင် အစည်းအဝေးလုပ်ပြီး ကော်မရှင်ရွေးဖို့ (၄၈) ယောက်တင်ပြပါတယ်။ အဲဒီ အထဲက (၈) ယောက်ဘဲပါတယ် ကျန်တဲ့ အဖွဲ့ဝင်တွေက ကျွန်တော်တို့ မသိတဲ့ လူစိမ်း လူသစ်တွေ ပါနေတယ် အဲဒါကိုက အတည်ပြုလိုက်တာ လို့ သိရတော့ ဗဟိုကော်မရှင် လုပ်ရပ်က ဒီမိုကရေစီ မကျဘူး အဲဒါကို လေဒီကို တင်ပြတာပါ။

ဒေါ်စု -> အခုပါတဲ့ လူတွေက ညီလာခံ ကော်မရှင် အရည်အချင်း ပျက်ယွင်းနေသူတွေလား၊ ပျက်ယွင်းနေတယ် ဆိုရင် အထောက်အထားနဲ့ တကွတင်ပြပါ။ လူဟောင်း လူသစ်ကိစ္စ လာမပြောနဲ့ အနှစ် ၂၀ အနစ်နာခံတာတွေ လာမပြောနဲ့ ဘ၀ပျက်တာတွေ လာမပြောနဲ့၊ နောက်မိန်းမယူတာတွေ လာမပြောနဲ့၊ သားဖြစ်သူက အရက်မူပြီး ရုံးကို လာရမ်းတာတွေလာမပြောနဲ့ နေ့တိုင်းလာရမ်းတာ ဆိုရင်တော့ သက်ဆိုင်ရာကို တိုင်ပေါ့။ လူသစ်ဖြစ်ပါစေ၊ ကျွန်မ အတွက်အထောက်အကူ ဖြစ်တယ်၊ အလုပ်လုပ်တယ် ဆိုရင် ကျွန်မ အနားမှာ ထားတာဘဲ၊ ဒေါက်တာ တင်မာအောင် ပါတီဝင်တာ ဘယ်လောက် ကြာပြီလဲ။

Drတင်မာအောင် -> ၂ လရှိပါပြီ။

++++++++++++++++++++++++++
++++++++++

ဒေါ်စုကြည် ၊ ဦးတင်ဦး နှင့် ပုသိမ် NLD မှ နှုတ်ထွက် ပါတီဝင်တို့၏ အကြား သဘောထားကွဲ
လွဲမှုများအား ခြုံငုံသုံးသပ်၍ ကောက်ချက်ချပြရလျှင် -

(၁) ဒီမိုကရေစီတိုက်ပွဲကာလတစ်လေ
ျာက် အသက်နှင့်ဘ၀များပေးဆပ်၍ တိုက်ပွဲဝင်ခဲ့ ကြသူခြင်းအတူတူ ခွဲခြားဆက်ဆံမှုများ ရှိခြင်း ၊

(၂) ဗဟိုဦးစီးစနစ်ဖြင့် အာဏာနှင့် လုပ်ကိုင်ခွင့်များအား ချုပ်ကိုင်ပြီး အရည်အချင်း ပြည့်မှီသော အကြံပေးများ မရှိခြင်း အပြင် ဗဟိုအဖွဲ့၏ လုပ်ဆောင်ချက် မှားများအား ထောက်ရှု့ဝေဖန်မိလျှင် မကြာမီအတွင်း ပါတီဝင်အဖြစ်မှ ပယ်ထုတ်ခံရခြင်း ၊

(၃) ဒီချုပ် ကိုယ်တိုင် ပင်လျှင် အောက်လက် ငယ်သားတို့ နှင့် ကိစ္စကြီးငယ်တို့အား ညှိနှိုင်းဖြေ ရှင်းရလျှင် အကြောင်းမဲ့ရန်လို၍ ခေါင်းဆောင် တစ်ယောက်၏ အရည်အချင်းနှင့် ဖီလာဆန့်ကျင်ပြီး ရန်တွေ့သကဲ့သို့နိုင့်ထက်စီ
းနင်း ပြောဆိုခြင်း ။

မှတ်ချက် ။ ။ ပုသိမ်ဟော်တယ် တွင်း၌ NLD လူငယ်(၅)ယောက်နှင့် စကားပြောသောအသံဖိုင်နှင့်
လက်ပန်တောင်း အစီရင်ခံစာ ကိစ္စတွင် နယ်ခံများနှင့် ရန်တွေ့သကဲ့သို့ လူကြီးလူကောင်း မဆန်မှု
များ ။

(၄)ပါတီဝင်နှင့် လွှတ်တော်အဆင့် ဗဟိုအဆင့် ပါတီဝင်များ အရည်အချင်း အလိုက် ရွေးချယ်ရာတွင် ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် နောက်ကြောင်းအား မေ့လျောမသိကျိုးကျွံ
ပြု၍ ပါတီအတွက် အသုံးဝင်ပါက ခွေးမီးကောက်ကို ပင်ဖြစ်စေ
ကျည်တောက်စွတ်၍ အသုံးပြုခြင်း ၊

(၅) ဘ၀တူ ရဲဘော်ရဲဘက်တို့အပေါ် ထောက်ထားစာနာမှု မရှိပဲ အာဏာနှင့် ထိုင်ခုံအား သူ့ထက် ငါလုယူနေခြင်း ၊ အစရှိသော အချက်တို့ကြောင့် အောက်ခြေ ပါတီမှသည် မြို့နယ်၊ တိုင်းအဆင့် နှင့် ဗဟိုအဆင့်ထိ စည်းလုံးညီညွတ်မှု ပျက်ပြား၍ ပါတီဝင်ချင်းသော်မှ အယုံအကြည်မရှိသော အဖြစ်မျိုး ဖြစ်ပေါ်လာခြင်းများသည် ပါတီခေါင်းဆောင်၏ အဂတိလိုက်စားမှု၊ နည်းစနစ်ပိုင်း ကျွမ်းကျင်ပိုင်နိုင်မှုအားနဲ၊ ပြည်သူနှင့် တသားထဲကြဖို့ဝေးစွ မိမိပါတီဝင် အောက်ခြေ အဆင့်တို့ နှင့်ပင်လျှင် အကျွမ်း တ၀င်မရှိမှု တို့ကြောင့် ပုသိမ်မှ NLD ပါတီဝင်များ အားဆုံးရှုံး ခဲ့ရသည်ဟု သုံးသပ်မိပါသည်။

ယ္ခုကဲ့သို့ မိမိအနေဖြင့် ပုသိမ် NLDပါတီဝင်များ၏ သမိုင်းမှန် အားလှန်ပြနေရခြင်းမှာ ခိုင်လုံသော အကြောင်းအချက်များစွာ ရှိသည့်အနက်၊ တိုင်းပြည်နှင့် ပြည်သူလူထု အတွက် စစ်မှန်သော  နိုင်ငံ့ခေါင်းဆောင် အရည်အချင်း ပြည့်မှီသော နိုင်ငံ့ခေါင်းဆောင်၊ တိုင်းပြည်နှင့် ပြည် သူလူထု ၏ အကျိုးစီးပွါးအား စွမ်းစွမ်းတမံ သည်ပိုးရွက် ဆောင်နိုင်မည့် ခေါင်းဆောင်ကောင်းအား မိမိတို့ပြည်သူမှ ရွေးချယ် တင်မြှောက် ပေးနိုင်ရန်နှင့်၊ ပါတီအသီးသီးနှင့် နိုင်ငံရေးအဖွဲ့ အစည်းအသီးသီး တို့မှ အရည်အချင်းပြည့်မှီသော
ပြည်သူ့ကိုယ်စားလှယ်များ နေရာမှန်လူမှန် ရောက်ရှိပြီး ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ပေါက်
လာစေချင်သော အကြောင်းအချက် များကြောင့်သာ ဖော်ထုတ်ပေးရခြင်း ဖြစ်သည် ။

တောင်းပန်ချက် ။ ။ ပုသိမ်မြို့၌ အမှန်တကယ် ဖြစ်ပွါးခဲ့သော ပါတီဝင်တို့၏ နှုတ်ထွက်ပွဲနှင့် မြို့နယ်ရုံးပိတ်သိမ်းပွဲ ၊ထိုပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများ၊ သက်ဆိုင်ရာစာရွက် စာတန်းနှင့် VDO ဖိုင်များ ၊ Mp3 အသံဖိုင် များ ပြည့်စုံစွာရှိသော်လဲ တစ်နေ့ထဲ ဖော်ပြရန်မှာ ကွန်နက်ရှင် အခက်အခဲနှင့် အချိန်များစွာ မပေးနိုင်မှုတို့ကြောင့် အပိုင်းခွဲ၍တင်ပြပေး သွားပါမည်။ ယ္ခုတင်ပြမှုတွင် ပါဝင်နေကြသည့် ၀ါရင့်သမ္ဘာရင့် နိုင်ငံရေးသမားကြီးများသည် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံတွင် ကြရာနေရာမှ တိုက်ပွဲဝင်ခဲ့ကြရင်း ထောင်နှင့် အချုပ် စသည့် နိုင်ငံရေးသမားတို့၏ ဘူမိနက်သန် တို့၌ ပျော်မွေ့လာခဲ့သူများ ဖြစ်ကြပါသည်။

ကျောင်းဆရာကြီး ဖြစ်လျှက် သန်တိုင်များကြားတွင် ဘ၀နစ်ဆုံး အချိန်ဖြုန်းခဲ့ရသလို၊ ဆရာဝန် စစ်စစ်ကြီး ဘ၀မှလည်း လောကငရဲပမာ ဆင်းရဲလွန်းသည့် ထောင်နှင့်အချုပ်တို့၌ ဘ၀များ စတေး၍ မိသားစု အရေးများကို မျက်ကွယ် ပြုခဲ့ကြသူများပါ။ ထိုသူတို့၏ ဘ၀သရုပ်နှင့် NLD အရှုပ်အား ဝေဖန်စီစစ်ကြပြီး လျှင် သံဝေဂယူသင့်သည်ကိုယူပါ ၊ ကြံစီတွေးတောသင့်သည်ကို ကြံစီပြီး အတွေးမှန် သရုပ်သကန်နှင့် (တိုင်းပြည်အတွက်အကျိုးပြုမည့်) အဟုတ်ကြံနိုင်ကြပါ စေရန် တောင်းပန် အကြံပြုလိုက်ရသည် ။

ညီသုတ(ပြည်)

23/10/2013
From: Thway Thit Sar

www.mmdailystar.com

No comments:

Post a Comment