Friday, October 25, 2013

ဘယ်သူ တာဝန် ယူမလဲ ?

မကြာခင်လတ်တလောမှာ မြန်မာနိုင်ငံ နာမည်ရှိ မြို့ကြီးတော်တော်များများ မှာ ဗုံးကွဲဗုံး လန့်မှုတွေဖြစ် ခဲ့တာ အားလုံးအသိပဲ ဖြစ်တယ်။ ဗုံးဖောက်တဲ့တရားခံ တွေ ဟာ ဘယ်သူ ဘယ်ဝါတွေ ဆိုတာ သိရှိဖော် ထုတ်ပြီး ဖြစ်
သလို KNU လက်နက်ကိုင်အဖွဲ့အစည်း က ရာထူး အဆင့်တစ်ခု ရှိတဲ့ လူတွေဖြစ် တယ်ဆိုတာ လည်း အားလုံးအသိပဲဖြစ်တယ်။
ဒါပေမယ့် နိုင်ငံတော် သမ္မတ အပါအ၀င် ၊ အကြီးအကဲ အားလုံးဟာ လက်ရှိဆွေးနွေး ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေကို

မထိခိုက်စေလိုတဲ့အတွက် Hightlight လုပ်ပြီး ဆွေးနွေးပြောဆိုခြင်း မရှိသ လို ၊ KNU ခေါင်းဆောင် ပိုင်းတွေ အနေနဲ့လည်း ဒါကို ၀ိုင်းဝန်း အဖြေရှာ ကြမယ့် ဆိုတဲ့ အသံတွေ ကြားရတဲ့ အတွက် အထူး တလည်ဝမ်းသာမိပါရဲ့။ ဒါပေမယ့် အရင်တုန်းက အခြေအနေကို ပြန် ဆန်းစစ်ကြည့်မိတယ်။ ဒီလို ဆန်း စစ်ကြည့်မိလို့ နောက်ကြောင်းပြန်လှည့် ချင်နေသလားလို့ မေးရင်လည်း ခံရယုံပဲ ရှိပါတယ်။ ဒါပေမယ့် အတိတ် ဆိုတာ သုံးသပ် မှတ်သား နေဖို့ ဖြစ်သလို ပစ္စုပ္ပန် ကို အကောင်းဆုံးဖြစ်အောင် နမူနာ ယူရမယ့် အရာလည်းဖြစ်တယ်။
စစ်အစိုးရ လက်ထပ် က လက်နက်ကိုင် သောင်းကျန်းသူ ဆိုတာ နယ်စပ်မှာ ပြည်ပြေး အဖွဲ့တွေ နဲ့ ပူပေါင်းရပ်တည်နေရတဲ့အခြေအနေတစ်ရပ်ကနေသမ္မတအစိုးရလက်ထက် ရောက်တော့  ငြိမ်း ချမ်းရေးဆိုတဲ့ စကား လုံးအောက် မှာ ဆွဲသွင်းဖို့အတွက် နယ်စွန်နယ်ဖျားကနေ ဆွေးနွေးပွဲ အဆောက်အဦးတစ်ခု ထိ ဖိတ်ခေါ်ဆွေးနွေး ခဲ့ကြတယ်။ အဲ့လို ဆွေးနွေးတာ မကောင်း လို့လား ၊ အနှစ် ၆၀ ခန့်ကြာတဲ့ ပြည်တွင်း စစ်ကြီး ငြိမ်းသွားမှာ မောင်ရင်က မလို လားလို့လား ဆိုရင်တော့ (ခပ်မြန်မြန်ပဲ ငြင်းမိမှာပါ )ကျွန်တော် မြန်မာနိုင်ငံ ကြီး ငြိမ်းချမ်းစွာ ရပ်တည် ပြီး တိုးတက် ဖွံ့ဖြိုးနေ တာကို မြင်လို လှတာကြောင့် ဒီဆောင်းပါးကို ရေးရတာပါ။ ဘာကြောင့် နောက်ကြောင်း ပြန်ပြောနေလဲ ဆိုရင်တော့ သမိုင်းဆိုတာ အတိတ်က လာသလို လက် ရှိအခြေအနေကိုလည်း ထပ်ဟပ် အရောင်ထိုးနေတာမို့ပါ။ ယခင်က နယ်စပ်ဒေသတွေမှာ ကြီးစိုးတဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေ ဟာ အတင်းအဓမ္မဆက်ကြေးကောက် ၊ လူသစ်စု လုပ်ရပ်တွေ ဟာ အခု အခါမှာတော့ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးအောက်မှာ အသာခိုကပ်နေရင်း ထိန်းချုပ် နယ်မြေတွေ တောင်း ၊ အဲ့နယ်မြေ အတွင်း ပြည်သူလူထု ကို ဆက်ကြေး ကောက် ၊ လူသစ်စု အလုပ်တွေဟာ အခု အခါမှာ တရားဝင်လုပ်ခွင့်ရသလို သဘောထားလာကြပြီး ပြောင်ပြောင် တင်း တင်း လုပ်ကိုင် နေကြတာတွေ ရှိလာပါ တယ်။ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးအောက် ခိုကပ်နေရင်း ဒီအခွင့်အရေးတွေနဲ့ စိတ်ကြိုက် ကစား ကွက် ပြင်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအပေါ် ဘယ်သူမှ တာဝန်ယူ ဖြေရှင်းမယ့် သူ မရှိသလို ၊ ဒါ့ထက် ဆိုး လာရင်တော့ ရာဇ၀င်ကျော် တပ်မတော် ကိုပဲ “မင်းသွားတိုက်ချေ” ဆိုတဲ့ စကားလုံးသုံးလိုက်မဟဲ့ လို့ စိတ်ကူးနေ ရင်တော့ ..တော်လောက်ပါပီ တပ်မတော် လည်း အနှစ် ၆၀ နီးပါး ပြည်တွင်းစစ်နဲ့ နှစ်ပါး သွားခဲ့ ရတာပဲ နိုင်ငံရေးသမားများကို အင်မတန် ကျေးဇူးတင်နေရပါပီ။ အခုလက်ရှိအပစ်အခတ် ရပ်စဲရေး ကြိုးပမ်း နေကြ တာ ဟာ အချိန် အတိုင်းအတာ တစ်ခု ထိ အချိန် ဆွဲထား တာဟာ ကစားကွက်ကို စိတ်ကြိုက်ပြင် ဆင်ခွင့်ပေးနေသလားလို့ ထင်မိပါရဲ့ ။
ကဲ အခု အစိုးရအသစ်အနေနဲ့ သောင်းကျန်းသူ အဖွဲ့အစည်းတွေကိုလည်း နယ်စပ်ဒေသ တွေကနေ စားပွဲ ၀ိုင်းတွေ အထိ ခေါ်လာခဲ့ပါပြီ ။ ဒီအပေါ်မှာ လက်နက်ကိုင်သောင်းကျန်းသူတွေ ဟာ ခွေးမြီးကောက်  ကျည်တောက် စွပ် အလုပ်အမျိုး လုပ်နိုင်ပါဘူးလို့ ဘယ်သူတွေများ တာဝန် ခံမလဲ ? အခုလက်ရှိ ဖော်ထုတ် ဖမ်းဆီ ရ မိထားတဲ့ တရားခံတွေက ရာခိုင်နှုန်း တစ်ခု ရှိတဲ့ သက်သေ တွေ မဟုတ်လား။ ဒါပေမယ့် မြန်မာ နိုင်ငံ အနှံ့နီးပါး ဗုံးပေါက်နေပါစေအုံး တပ်မတော် ကို နိုင်ငံရေး လောက က အပြီးအပိုင်နှုတ်ထွက်ဖို့ အပြင်း အထန် ကြိုးစားနေကြတယ်ဆိုတာ သိရတယ်။ ကဲ တပ်မတော် က နိုင်ငံရေး လောက က နှုတ်ထွက် သွားပြီ သဘော ထားကြပါစို့ ။ အခု ဗုံးထောင်တဲ့ ကိစ္စတွေ ၊ ဗုံးလန့်နေတဲ့ ကိစ္စတွေကို ၊ ဗုံးဖြုတ်ဖို့ ကိစ္စတွေ ကို ၊ ဗုံးဖောက် တာတွေ တားဆီးဖို့ ကိစ္စတွေကို ဘယ်သူတွေတာဝန်ယူမှာလဲဆိုတာကတော့ သိချင်မိတာ အမှန် ပါပဲ။

မောင်ဘ

No comments:

Post a Comment