Friday, October 11, 2013

မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး Miss Myanmar Universe အဖွဲ့ သတင်းထုတ်ပြန်


မော်စကိုသွားပြီး မယ်စကြဝဠာပြိုင်ပွဲဝင်မယ့် မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး  "အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင်" အင်တာ နက်မှာ ရေးသားပြောဆိုတာတွေ ရပ်ပေး ဖို့ မြန်မာပြည်မယ်စကြဝဠာအသင်း မေတ္တာ ရပ်ခံလိုက်ပါတယ် အသင်း ရဲ့ အောက်တိုဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်ကို မူရင်းအတိုင်း ကူး ယူ ဖော်ပြလိုက်ပါတယ်။
MISS UNIVERSE MYANMAR ORGANIZATION ၏ သတင်းထုတ်ပြန်ချက်
MISS UNIVERSE MYANMAR 2013 မိုးစက်ဝိုင် အား Online နှင့် Facebook စာမျက်နှာများပေါ်တွင် လူနည်းတစ်စုမှ ဂုဏ်သိက္ခာညှိုနွမ်းအောင် အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင် သတင်းအချက်အလက်ထုတ်လွှင့်ခြင်းမျိုးမဟုတ်ပဲ အတင်းဖြန့်ဝေနေခြင်းများအားမိမိတို့၏ အမည်၊ မိမိတို့၏ဂုဏ်သိက္ခာစောင့်ထိန်းရေးသားပြောဆိုကြပါရန် MISS UNIVERSE MYANMAR ORGANIZATION အနေဖြင့် ရပ်တန့်ပေးပါရန်တိုက်တွန်းပြောဆိုလိုက်သည်။

ထိုကဲ့သို့ ရေးသားသူလူနည်းစု အနေဖြင့် မည်ကဲ့သို့ရည်ရွယ်ချက်မျိုးဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်ကို MISS UNIVERSE MYANMAR ORGANIZATION နှင့် မိုးစက်ဝိုင် ကို အားပေးကြသော မိဘပြည်သူများကသိရှိသော်လည်း ယင်းတို့၏ဂုဏ်သိက္ခာအားငဲ့ညှာထောက်ထားသောအားဖြင့် ယခုကဲ့သို့တိုက်တွန်းရေးသားလိုက်ရခြင်းဖြစ်ပါသည်။

No comments:

Post a Comment