Friday, May 29, 2015

FIFA မီဒီယာ အဖွဲ့ မှ မြန်မာယူ၂၀အသင်းကို အင်တာဗျူး ပြုလုပ်


By  admin In local | May 28, 2015 10:59 am
nandakyawနယူးဇီလန်နိုင်ငံမှာ ယူ၂၀ ကမာ့္ဘဖလား နောက်ဆုံးအဆင့် အုပ်စု ပြိုင်ပွဲတွေကို ၀င်ရောက် ယှဉ်ပြိုင် ဖို့ ရောက်ရှိနေတဲ့ မြန်မာ ယူ၂၀ အသင်းကို ကမ္ဘာ့ ဘောလုံး အဖွဲ့ ချုပ်မီဒီယာ အဖွဲ့မှာ လာရောက် အင်တာဗျူး ပြုလုပ်ခဲ့တယ်လို့ သိရပါသည်။
 မြန်မာ ယူ၂၀ အသင်း လေ့ကျင့်နေတဲ့ ဖန်ဂရိုင်းမြို့ က လေ့ကျင့်ရေးကွင်းမှာ မြန်မာ ယူ၂၀ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်နဲ့ အသင်းခေါင်းဆောင် နန္ဒကျော်တို့ ကို ယနေ့ မနက် ပိုင်းမှာ
အင်တာဗျူး ပြုလုပ်ခဲ့တာ ဖြစ်ပါသည်။
“နည်းပြချုပ်နဲ့ အသင်းခေါင်းဆောင်တွေကိုပြိုင်ဘက်တွေအကြောင်း၊ကမ္ဘာ့ဖလားဝင်ခွင့် အောင်မြင် လာခဲ့တဲ့ အပေါ် သဘောထား စတာတွေကိုလာမေးမြန်းသွားတာပါ”လို့ ကိုမိုးဝေက ပြောပါသည်။

 မြန်မာ ယူ၂၀အသင်းဟာ ယူ -၂၀ ကမ္ဘာ့ဖလားကို ပထမဆုံး ၀င်ပြိုင်ခွင့် ရတဲ့ အသင်းသစ် သုံးသင်း ထဲက တစ်သင်း ဖြစ်ပါတယ်။

No comments:

Post a Comment