Saturday, May 9, 2015

ၾသစေၾတးလ် ယူ၂၀ အသင်းကို အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့တဲ့ မြန်မာအမျိုသမီး အသင်း


women
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ပြိုင်နေတဲ့ မြန်မာ အမျိုးသမီး အသင်းဟာ ဆီးမီးဖိုင်နယ် အဆင့်မှာ သြစတြေးလျ ယူ၂၀ အသင်းကို အနိုင် ရရှိခဲ့ပါတယ် 
အဆိုပါ ပွဲစဉ်ကို ယနေ့ မြန်မာ စံတော်ချိန် ညနေ သုံးနာရီမှာ ကစားခဲ့တာ ဖြစ်ပြီး နှစ်သင်းစလုံး လူစုံ ထုတ်ကစားခဲ့တာ ဖြစ်ပါသည်။ ပထမပိုင်းမှာ မြန်မာ အသင်းက ပိုမို ဖိကစားနိုင် ကစားပေ မယ့် ဂိုးမ ရရှိခဲ့ဘဲ ပထမပိုင်း ပြီးဆုံးခဲ့ပါ သည်။ မြန်မာ အမျိုးသမီး အသင်း အတွက် ဗိုလ်လုပွဲ တက်ရောက်စေမယ့် ဂိုးကို ပွဲချိန် မိနစ်၅၀မှာ ရီရီဦးက သွင်းယူပေးခဲ့တာ ဖြစ်ပါသည်။
မြန်မာ အမျိုးသမီး အသင်းဟာ ဗိုလ်လုပွဲမှာ ထိုင်းအသင်းနဲ့ တွေ့ ဆုံမယ်လို့ သိရပါသည်။

No comments:

Post a Comment