Saturday, May 9, 2015

တပ်မတော်မှာ မဟာဗျူဟာ အစီအစဉ်တွေ ရှိပြီးသား

စစ်တန်းလျားကို ပြန်သွားနိုင်ဖို့က P နှစ်လုံးက အရေးကြီးလာတယ်။
တပ်မတော်ဟာ စစ်တန်းလျား ကို ဘယ်တေြာ့ ပန်မှာလဲ။ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ မှာ ရွေး ကောက်ပွဲရလဒ်အပေါ် မူတည်ပြီး အာဏာသိမ်းမှုတွေ ဖြစ်လာနိုင် သလား။ ဒီကြားထဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တစ်ချိန်ချိန်မှာ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက် လာခြေရှိတယ်လို့ ပြောဆိုနေတာ တွေက ရှိနေတော့ကာ တကယ်လို့ များ တပ်ချုပ်

က နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်လာခဲ့ရင် ဘယ်လိုဖြစ်ပေါ် ပြောင်းလဲမှုတွေ ဖြစ်နိုင်သလဲ။
ပြည်တွင်းစစ်နဲ့ အသားကျနေပြီ ဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ရေး တည်ဆောက်မှု အခြေ အနေ က ဘယ်လိုရှိနေပြီလဲ စတာတွေကို ဒီတစ်ပတ်ဆွေးနွေးပွဲမှာ ဆရာရဲမင်း နဲ့ ဆွေးနွေး တင်ပြ သွားမှာ ဖြစ်ပါ တယ်။
ကျာ်ခန့်။ ဆရာရဲမင်းရေ …မင်္ဂလာပါ။
ရဲမင်း။ မင်္ဂလာပါဗျာ။
ကျော်ခန့်။ လူတွေ တော်တော်များများ သိချင်တဲ့ မေးခွန်းတစ်ခုနဲ့အစပြုခွင့်ပြုပါ။
ရဲမင်း။ မေးပါ၊ မေးပါ။ ဖြေနိုင်ရင် ဖြေပါ့မယ်။
ကျော်ခန့်။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ အိမ်စောင့်အစိုးရ၊ တော် လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ စတဲ့ အစိုးရ ငါးဆက်ကို မွေးထုတ်ပေးခဲ့တဲ့ မြန်မာ့တပ်မတော် က မြန်မာ့နိုင် ငံရေးနယ် ပယ်ထဲမှာ ခြေတစ်လှမ်းဆုပ်လိုက်တာကတော့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲနောက် ပိုင်းမှာစတင်လာခဲ့ပါတယ်။အခု၂ဝ၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ ရော မြန်မာ့တပ်မတော်က   နိုင်ငံရေး နယ်ပယ်ထဲကို နောက်ထပ် ခြေ တစ်လှမ်းထတ်ဆုတ်ဖို့က ဘယ်လို အခြေအနေရှိ ပါသလဲခင်ဗျာ။
ရဲမင်း။စစ်တပ်က စစ်တန်းလျား ကို ပြန်ဖို့အရေးပေါ့။ စစ်တပ်က သူ့နေရာကို သူပြန်ဖို့ မေ့နေတာ က နှစ်ပေါင်း ၅ဝ ကျော်သွားပြီလေ။ စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲသွင်း ခေါ်လာတာက လည်း နိုင် ငံရေး သမားတွေပဲလေ။ ဒီတော့ စစ်တပ်ကို နိုင်ငံရေးနယ်ပယ်ထဲကနေ ဆွဲထုတ် ဖို့ဆိုတာက လည်း နိုင်ငံရေးသမား တွေမှာပဲ တာဝန်ကြီးကြီးမားမား ရှိတယ်လို့လည်း ပြောရင်လည်း မလွန် ဘူးလို့ထင်တယ်။ သမိုင်းကို အသေအချာ ပြန်လေ့လာကြည့်ရင် စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲခေါ် တာ က စစ်တပ်ကိုယ်တိုင် မဟုတ်ဘဲ နိုင်ငံရေးသမားတွေ ဖြစ်တယ်ဆို တာကို သဘောပေါက်ဖို့ လိုမယ် ထင်တယ်။
တစ်ဖက်ကလည်း စစ်တပ် အနေနဲ့ နိုင်ငံရေးနယ်ပယ်ထဲကို ဝင်ပါလာတာကလည်း ဝင်ပါချင်လို့ ဝင်လာရတာ မဟုတ်ဘဲ ဝင်မပါချင် သော်လည်း ဝင်လာရတဲ့ သဘော တွေ၊ လောဂျစ်တွေလည်း ရှိတယ်။
ဒါကိုလည်း လက်မခံချင်တဲ့သူ တွေလည်း ရှိတာပေါ့။ စစ်တပ်ကို ကိုယ့်နေရာကို ကိုယ်နေစမ်းပါ ကွာ လို့ ရိုးရိုးရိုင်းရိုင်းလေးနဲ့ ပြောချင်တဲ့ သူတွေလည်း ရှိမှာပေါ့။
ဒီတော့ စစ်တပ် ကို စစ်တန်းလျား ကို ပြန်သွားနိုင်ဖို့က P နှစ်လုံးက အရေးကြီးလာတယ်။ Push နဲ့ Pull ဗျူဟာပေါ့ဗျာ။ စစ်တန်းလျားကို ပြန်ဖို့က တွန်းတာတစ်ခုတည်းနဲ့ မရသလို ဆွဲတာတစ်ခု တည်းနဲ့ မရ ပြန်ဘူး။ ပြီးတော့၊ ဒီနေရာမှာ လုံးဝ အရေးကြီးတာက စစ်တပ်သည် စစ်တန်းလျားကို မပြန်ချင်လို့ နိုင်ငံ ရေးပါဝါဇာတ်ခုံမှာ အကြောင်းမရှိ၊ အကြောင်းရှာပြီး ပေ ကပ်ပြီး ကျောက် ချနေတာမဟုတ်ဘူးဆိုတာပဲ။ သူတို့ ရဲ့အကျိုးစီးပွား၊ သူတို့ရဲ့ လုံခြုံရေး အပြင် နိုင်ငံတော်ပေါ်မှာ သူတို့အနေ နဲ့ ရိုးရိုးသားသား စိုးရိမ်ပူပန်မှုတွေ ရှိနေလို့လည်း ဖြစ်တယ်ဆိုတာကို တော့ သဘောပေါက်ဖို့ လိုမယ် ထင်တယ်။ ဒီလိုမျိုး ပူပန်မှုတွေရှိနေ သမျှ သူတို့သည် စစ်တန်းလျားကို စိတ်ချလက်ချပြန်မှာ မဟုတ်ဘူး ဆိုတာကို သဘောပေါက်ဖို့ လိုမယ် ထင်တယ်။
ကျော်ခန့်။ ဆရာ ခုနက ပြောသွားတဲ့ Push နဲ့ Pull က ဘာတွေတုန်း ဆရာ။

ရဲမင်း။ စစ်တပ်ကို စစ်တန်းလျား ပြန်ဖို့အတွက် တပ်မတော်အစိုးရ လက်ထက်မှာ Push သဘောပါတဲ့ Sanction တွေကို ကမ္ဘာ့နိုင်ငံကြီး တွေက ချမှတ်ခဲ့တယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေလည်း လုပ်ခဲ့တယ်။

ဒါပေမယ့် မအောင်မြင်ဘူး။ ဒါဆိုရင် Pull နဲ့ ရော အဆင်ပြေမလား မေး ပြန်ရင် Pull ရဲ့ အဓိက Tool တွေက Incentives တွေပဲလေ။ Incentive ဆိုတဲ့ နေရာမှာလည်း ကိုယ်က သူ့ ကို ပေးနိုင်တဲ့အရာကိုမှ Incentive လို့ မခေါ်ဘူးလေ။ ကိုယ့်ရဲ့တောင်း ဆိုချက်ကို တစ်ထစ်လောက် လျှော့ ပေးလိုက်တာကလည်း Incentives ပေါ့ဗျာ။ လွယ်လွယ်ပြောရရင် Discount ပေါ့ဗျာ။ ဒီလိုပြောပြန် ရင်လည်း အညံ့ခံ၊ လက်နက်ချ ရမယ်လို့ ပြောချင်တာတော့ မဟုတ် ဘူး။ အဲဒီလို ပြောပြန်ရင်လည်း လက်တွေ့ မြန်မာ့နိုင်ငံရေး အခြေ အနေနဲ့လည်း ဘယ်လိုမှ ရာနှုန်းပြည့် အဆင်မပြေနိုင်ဘူး။
ကျော်ခန့်။ ရွေးကောက်ပွဲနှစ် ဖြစ်တဲ့ ဒီနှစ်ပိုင်းကနေစလို့ လက်ပံ တန်းအရေးဖြစ်လာတာ ရပ်၊ လောက် ကိုင်ဒေသက ကိုးကန့်စစ်မီးတောက် လောင်မှုတွေရယ်ကြောင့် ၂ဝ၁၅ ရွေးကောက် ပွဲမှာ လိုချင်တဲ့ရလဒ်ကို မရရင် အာဏာသိမ်းနိုင်သလား။
ရဲမင်း။ အာဏာသိမ်းတယ်ဆို တာက နိုင်ငံရေးအရ ရူးသွပ်မိုက်မဲမှု တစ်ခုပဲ။ ပြီးတော့ အာဏာ ဟာ သိမ်း ရတာ လွယ်ကောင်းလွယ်ပေမယ့် အာဏာကို ထိန်းသိမ်းရတာကတော့ ပိုခက်ခဲတယ်။
အခု ၂ဝ၁၅ ရွေးကောက်ပွဲရလဒ် အပေါ်မူတည်ပြီးတော့ အာဏာသိမ်း ဖို့ လမ်းတော့မမြင် ဘူး။ ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကလည်း ပြောဖူး တယ် မဟုတ်လား။ အာဏာမသိမ်း ချင်လို့တာ ဒီအခြေခံဥပဒေ၊ ဒီရွေး ကောက်ပွဲပေါ်လာတယ်ဆိုတာလေ။
လွန်ခဲ့တဲ့ နှစ်နှစ်တာအတွင်းမှာ ဘာသာရေး၊လူမှုရေးအကြမ်းဖက်မှု ပဋိပက္ခတွေ၊ လက်နက်ကိုင် ပဋိပက္ခ တွေကြောင့် နောက်ကြောင်း ပြန် လှည့်မလားဆိုတဲ့ တွေးပူမှုတွေ ရှိခဲ့ တယ်။ ဒီတွေးပူ မှုတွေကို ကောက် ချက်ဆွဲပြီးတော့ အာဏာသိမ်းရင် တောင် နှစ်မျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ကြတာ ရှိတယ်။
တကယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်ပြီး အာဏာသိမ်းရင် ခဏပဲ ကြာမယ်။ ပြီးရင် အာဏာလွှဲရမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရပေါ့။ ဒါမှမဟုတ် အခြား ခေါင်းဆောင်တစ်ဦးဦး အာဏာသိမ်း ရင်တော့ အာဏာပြန်လွှဲဖို့ဆိုတာ တစ်သက်စာလောက်ကို ကြာသွား နိုင်တယ်လို့ သုံးသပ်တာတွေ ရှိ တယ်။
ဒါပေမယ့် ကျွန်တော်ယုံကြည် ပါတယ်။ စစ်တပ်ဟာ ဘယ်လိုနည်း နဲ့မှ အာဏာမသိမ်းနိုင်တော့ ဘူး။ ကျွန်တော့အကြောင်းပြချက်က တော့ ရှင်းပါတယ်။ သမိုင်းသင်ခန်း စာအရ တပ်မတော်က မနိုင်ဝန်ကို မထမ်းချင်တော့တာက အမှန်ပဲ။
ပြီးတော့ တပ်မတော်မှာက ရေရှည်အတွက် မဟာဗျူဟာ အစီ အစဉ်တွေ ရှိပြီးသားဗျာ။
ကျော်ခန့်။ လက်ရှိတပ်ချုပ်က အရင်တပ်ချုပ်နဲ့ ဘာကွာခြားချက် တွေရှိသလဲလို့ ထင်သလဲ။
ရဲမင်း။ အသက်ချင်းကွာတာ ပေါ့။ ဝါစဉ်ရော၊ သမိုင်း၊ စနစ် ဖြတ်သန်းမှုရော ကွာခြားတာပေါ့။
တူတာ တစ်ခုက တပ်ချုပ်ဖြစ်ခြင်း တစ်ခုတည်းမှာပဲ တူတယ်။ လက်ရှိ တပ်ချုပ်က တပ်မှုရေးရာကို ပိုပြီး အချိန်ပေးနိုင်၊ အာရုံစိုက်နိုင်ခွင့်ရှိ တယ်။ ပြီးတော့ နိုင်ငံရေးစနစ် အကူးအပြောင်းကာ လ မှာ ပေါ်ပေါက် လာတဲ့ အခင်းအကျင်းအရကိုပဲ၊ တပ်ချုပ်က မီဒီယာနဲ့ ဆက်ဆံရေး၊ တပ်မိသားစုဝင် နဲ့ ဆက်ဆံရေးက ပိုပြီး မြေကြီးနဲ့ နီးစပ်လာတယ်။
နောက်ပြီး နိုင်ငံရေးရည်မှန်းချက် ရှိပုံရတယ်လို့ အချို့က ယူဆတယ်။
တပ်ချုပ်ကို နိုင်ငံရေးရည်မှန်းချက် ရှိတယ်လို့ ယူဆချက်အပြင် တပ်ချုပ် ကို သမ္မတလောင်းလျာဖြစ်သင့် တယ်လို့ ဗြောင်ဖွင့်ရေး၊ ဖွင့်ပြောပြီး တိုက်တွန်းတဲ့ သူတွေလည်း ရှိလာ တယ်။ ဆိုလိုတာက သူ့တပ်ကို သူနိုင်အောင်ထိန်းနိုင်တဲ့ ဖြစ်ရပ်တွေ က ‘ကျ’လောက်တဲ့ အရည်အချင်း တစ်ခုပဲလေ။

ကျော်ခန့်။ တပ်ချုပ်က ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတဖြစ် လာနိုင်သလား။ ဖြစ်လာရင်ရော ဘာတွေဖြစ်လာနိုင်မလဲ။
ရဲမင်း။ ဒါက ပြောဖို့စောသေး တယ်လို့ ပြောရမလား။ ဒါမှမဟုတ် ပြောဖို့ပဲ အချိန်တန်ပြီလားဆိုတဲ့ ကိစ္စမှာတောင် ဝေခွဲရခက်တယ် ဗျာ။ သူ့ကို ဗျူးတဲ့ အင်တာဗျူး တချို့ မှာ တပ်ချုပ်က နိုင်ငံရေးနယ် ပယ်ထဲ မှာ ဝင်ရောက်နိုင်သလားမေးတိုင်း သူ့ဘက်က ယတိပြတ်ကြီးကို လုံးဝ၊ လုံးဝဆိုပြီး အပြတ် အသတ် ငြင်း ဆန်တာမျိုးတော့ မရှိဘူး။ လုပ်မယ် လို့ပြောတာလည်း မရှိသေးဘူး။ ဒါပေမယ့်လည်း မလုပ်ဘူးလို့လည်း ယတိပြတ်ငြင်းထားတာလည်း မရှိ ပြန်ဘူး။

သမ္မတအဖြစ် တစ်ပြေးနေတဲ့ ခေါင်းဆောင်တွေကို ကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန်မှာက ကျန်းမာရေး အားနည်းချက်ရှိတယ်။ သူရဦးရွှေ မန်းမှာကလည်း တပ်အပေါ်မှာ ဖိအားပေး တဲ့ ဆောင်ရွက်ချက်တွေ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကျတော့ ပုဒ်မ ၅၉ (စ) တံတိုင်းက လည်း ရှိနေသေးတယ်။ အဖြစ် နိုင်ဆုံးက ရွေးကောက်ပွဲအလွန်မှာ Speaker ပဲလေ။

ခေါင်းဆောင်မှု လေဟာနယ်က ၂ဝ၁၅ အလွန်မှာ ဖြစ်ကို ဖြစ်မှာ။ ဒီတော့ စိန်၊ စု၊ မန်း ကြား ထဲမှာ ကြားချလို့ရတယ် ‘မင်းအောင်လှိုင်’ ပဲ ရှိတယ်။ ဒီတော့ ဒီလိုယူဆချက် နဲ့ဆိုရင် တပ်ချုပ်က သမ္မတလောင်း လျာ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့ မရပြန်ဘူး။

လောလောလတ်လတ်တော့ တပ်ချုပ်က တပ်တော်တည်ဆောက် ရေး၊ တပ်တော်ခေတ်မီရေးကိုပဲ စူးစူး စိုက်စိုက် လုပ်ချင်ပုံပဲ။ သူ့လက် ထက်မှာ သူ့စွမ်းသလောက်ကို လုပ် သွားချင်တယ်ဆိုတာ ကတော့ ယုံမှား သံသယရှိစရာမလိုဘူး။
တပ်ချုပ်က သမ္မတဖြစ်လာရင် တော့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ပိုင်းမှာလည်း စိတ်ချနိုင်ပါ တယ်။ နိုင်ငံတကာဆက်ဆံရေးအပိုင်း ကလည်း ခုလည်းပဲ မကြာခဏ တပ်ပိုင်းဆိုင်ရာကိစ္စနဲ့ သွားနေ တာပဲ လေ။ နောက်ပြီး ဒီမှာ စကားလမ်းသင့်လို့ ပြောချင်တာကစစ်တပ်က နိုင်ငံရေးပိုင်း မှာ ဝင်ပါတာကို သိပ် ပြောစရာ မရှိပေမယ့်၊ ဗျူရိုကရေစီမှာ စစ်တပ်က ဝင်ရောက်စိမ့်ဝင်လာ တာ ပဲ။

ကျော်ခန့်။ ဆရာက တပ်ချုပ်ကို appreciate ဖြစ်နေတော့ သူ့ကို ဘာ credit ပေးချင်လဲ။
ရဲမင်း။ ဒါတော့ ခွင့်လွှတ်ဗျာ။ ကျွန်တော်က သူ့ကို Lobby လုပ်ပေး နေသလို ဖြစ်သွားလား မသိ ဘူး။ နိုင်ငံရေးသမားတွေကိုပဲ ဒီမေးခွန်း သွားမေးပါလား။

ကျော်ခန့်။ အခုလက်ရှိ တပ် မတော်ရဲ့ စစ်ရေးတည်ဆောက်မှုကို ရော ဘယ်လိုသုံးသပ်ပါသလဲ။
ရဲမင်း။ဒါကလည်း စစ်ရေးကျွမ်း ကျင်သူတွေ သွားမေးပါလား။ အနီး စပ်ဆုံး Building the Tatmadaw စာအုပ်ရေးတဲ့ ဆရာမောင်အောင် မျိုးတို့၊ အရပ်ဘက်-စစ်ဘက် ဆက် ဆံရေးမှာ ဆရာတစ်ဆူလို့ သတ်မှတ် နိုင်တဲ့ ဆရာတင်မောင်မောင်သန်း တို့၊ ကြည်း(သု)ထွက် ဦးကိုကိုလှိုင် တို့ကို သွားမေးတာ ပိုကောင်းမယ် ထင်တယ်။

ကျာ်ခန့်။ အခုတပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေ အားလုံးကို ချေမှုန်းနိုင် တဲ့ အင်အားကို တည်ဆောက်ပြီးပြီလို့ ကြားရတယ်။ အဲဒီအပေါ်မှာ … ရဲမင်း။ ဒါက မဟာဗျူဟာ အယူ အဆတစ်ခုအပေါ်ကို အခြေခံထား တယ်လေ။ အင်အား ဆတူနေ ရင် တော့ ဘယ်တော့မှ အပေးအယူ လုပ်လို့မရ၊ ဖိအားပေးလို့မရဘူးဆို တဲ့အပေါ်မှာ အခြေပြု ထားတာ။
အနားယူသွားတဲ့ တပ်ချုပ်ကြီး က သူ့လက်ထက်မှာ စစ်လက်နက် တွေကို အောတိုက်ဝယ်ခဲ့တယ်။ အဲဒီ တုန်းကတော့ ဝေဖန်ပြစ်တင်မှုတွေ သောသောညံပေါ့လေ။ ဒါပေမယ့် သူ့လည်း သူ့အမြော် အမြင်နဲ့ ဒီ မဟာဗျူဟာအယူအဆကို ကျင့်သုံး အကောင်အထည်ဖော်ခဲ့တာပဲ။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို တန်ပြန်နိုင် တဲ့ အင်အားရှိတယ်ဆိုတာ ကတော့ ကျွန်တော့်တစ်ဦးတည်း အမြင်အရ ‘မလွမ်းလောက်ပါဘူး’ဗျာ။
ဖြစ်သင့်တာက အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ နောက်ပြီး အင်အားကြီးနိုင် ငံတွေဖြစ် တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို ပခုံးချင်းယှဉ်နိုင်တဲ့ စစ်ရေးစွမ်းရည် ရှိလားဆိုတာက ပိုပြီး အရေးကြီး တာပါ။

ကျော်ခန့်။ အချိန်လည်း မနည်း တော့ဘူးဆိုတော့ ဆရာ့အမြင်တွေ ကို ပြန်ပြီး အကျဉ်းချုပ်ပေးပါဦး။
ရဲမင်း။ အရပ်ဘက်အုပ်ချုပ်ရေး အောက်ကို စစ်တပ်ပြန်ရောက်ဖို့ ဆိုတာက ငြိမ်းချမ်းမှ အိမ်ပြန် မယ်။ မငြိမ်းချမ်းရင် အိမ်မပြန်ဘူးဆိုတာ ရှိတယ်။ တစ်ဖက်ကလည်း စစ်တန်း လျားပြန်မှ ငြိမ်းချမ်း မယ်ဆိုတာ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

စစ်တပ်က အာဏာသိမ်းဖို့ လမ်း မမြင်ဘူး။ အကြောင်းက အာဏာ မသိမ်းချင်တော့လိုကိုပဲ လမ်းပြမြေပုံ တို့။ အခြေခံဥပဒေတို့၊ ရွေးကောက် ပွဲတို့ဖြစ်လာတာကိုပဲ ကြည့်။

တပ်ချုပ် သမ္မတဖြစ်လာခဲ့ရင် ထိုသို့ဖြစ်ခြင်းက နိုင်ငံရေးအဖြေ၊ ထွက်ပေါက်ပဲ ဖြစ်သင့် တယ်။ နိုင်ငံ ရေး မီးစ မဖြစ်သင့်ဘူး။

စစ်ရေးတည်ဆောက်မှုကတော့ စစ်ရေးကျွမ်းကျင်သူ မဟုတ်တော့ ကျွန်တော့ကို လက်ရှောင် ခွင့်ပြုပါ။ သမ္မတနဲ့ တပ်ချုပ်ပြောလေ့ရှိ တာက gradual change ပဲ။ ဒါက လည်း mature ဖြစ် မဖြစ် ဆိုတဲ့ အပေါ်မှာပဲ မူတည်နေတယ်။

ကျော်ခန့်

No comments:

Post a Comment