Thursday, May 14, 2015

လူသူကင်းမဲ့တဲ့ မှော်မြို့တော် ခေါင်းစဉ်ဖြင့် 7day news မှ ရေးသားထားဆောင်းပါးကို ပြည်သူတစ်ဦးအမြင်နဲ့ ပြန်လည် ဝေဖန်ထားတာပါ


စဆောက်ခါက ထက်စာရင်
 ပြောင်းလဲသွား တာတွေတော့ ရှိတယ်...
၁.တောတွေ ခုတ်ပြီးတည်ခဲ့တဲ့ မြို့က အခု လမ်းဘေး သစ်ပင်တွေ

 ပြန်ဝေဆာပြီး တော်တော် လှနေပြီ။လမ်းတစ်လျှောက်ပန်းပေါင်းစုံပွင့်နေတာမြင်ရပြီ။
၂။ အိမ်ခြံမြေဈေး ရန်ကုန်မန္တလေးလောက် မမြင့်ဘူး။ နေစရာ မရှားဘူး။
၃။ နေပြည်တော်ကို ကိစ္စရှိလို့လာရသူတွေအတွက် နေစရာ မရှားဘူး။ အနိမ့်ဆုံကနေ အမြင့်ဆုံး

အထိ တည်းစရာ ရှိတယ်။
၎။ စည်တဲ့ လမ်းကစည်ပါတယ်။ ခြောက်တဲ့လမ်းက ခြောက်ပါတယ်။ ကွန်ကရစ်ပေါ် ကတ္တရာခင်းထားတဲ့ ဖက်က ပိုသွားကြတယ်။ လွှတ်တော်လို ဘက်ကျတော့ လွတ်တော်ကလွဲ ပြီး ဘာမှ မ ရှိတော့ ကိစ္စ မရှိပဲ ဘယ်သွားမလဲ။
၅။ တောင်တွေ ပတ်လည်ဝိုငိးပြီး နေလို့ ရတာ ဥတ္တရသီရိရှိပါတယ်။ အေးအေးဆေးဆေးနေချင်သူတွေ အတွက် အဆင်ပြေတယိ။
၆။ ဘယ်သွားသွားပို့ပေးမယ့် ယာဉ်ပေါင်းစုံရှိတယ်။ ဆိုငိကယ်လည်း စီးလို့ရတယ်။
ဒါပေမယ့် ကိုယ်ပိုင် ကားတစ်စီးရှိရငိပိုကောင်းပါတယ်။
၇။ လူ မများဘူး ခြောက်ကပ်နေတဲ့ နေရာတွေ လည်း အများကြီးပါ။ဒါပေမယ့် .. အဆင့်မြင့်ပြီးတော့ အေးအေး
ဆေးဆေး နေလို့ ရတဲ့ နေရာ က နေပြည်တော်ပဲ ရှိတယ်။အလုပ် လုပ်နေဖို့ ကတော့မလွယ်ပါဘူး။လူဦးရေ များများစားစားမရှိဘူး။အပြစ်ပြောမယ့်အစား ရန်ကုန်ကို ဘယ်နေရာ ဘယ်လို ချဲ့ ရင ဘယ်လို အဆင့်မှီမလဲ လေးဖြည့်တွေးပေးပါ။
ခင်ဗျားတို့ ထစ်ခနဲ ရှိ နေပြည်တော်ကြီး မိးလောင်ပါစေ....ရေကြီးပါစေ....ငလျင်လှုပိပါစေ....ဗုံးကြဲ ပါစေ....ဂြိုလ်တု ပျက်ကျပါစေ ဆုတောင်းနေ....
ခင်ဗျားတို့ရန်ကုန် မန္တလေးက လာ အလုပ်လုပ်နေသူတွေလည်း အများကြီးပဲရွှေ့ပြောင်းလုပ်သားတွေလည်းအများကြီးပဲသာမာန်ပြည်သူတွေ လည်း အများကြီးပဲ။
အကုသိုလ်ထိုင်ပွားမနေ နဲ့ဗျာ.....။
ဒီမှာလည်းမီးပျက်တာပဲ.....
နေပြညိတော်မီးမပျက်ဘူးဆိုတာ အလကားပြောတာ။လမ်းမီးတွေ မထွန်းထားလို့ အမှောင်ချထားရမှာလား
လမ်းဘေးမှာလူနေအိမ်ဆိုင်တွေ မရှိပါဘူးဆိုလမ်းမီးမရှိတော့ဘာနဲ့မောင်းမလဲလက်ရှိ မီးရောင်တောင်တကယ်ဆို မလောက်ငှပါဘူး။
နေပြည်တော် ကို ကျွန်တော်တို့ လိုအရွယ်ကတော့ ကြာကြာမနေချင်ဘူးဒါပေမယ့် အသက်ကြီးပြီဖြစ်တဲ့ ကျွန်တော်တို့ အဖေ အမေ တွေ အတွက် ကောင်းတယ်ဘယ်နားသွားသွား အဆငိပြေတယ်၊ ဒါကို ပြောပြတာပါ။
ရန်ကုန် မှာ TRAFFIC ဒဏ်ခံရတဲ့သူတွေ နေပြည်တော်မှာ သွားရလာရအဆင်ပြေတယ်လို့ပြောကြပါတယ်။
၂၀၀၅ ခုနှစ်က ရွှေ့ခဲ့တာအခုဆို ၁၀နှစ်ရှိပြီ။တစ်သွေးတစ်သံ တစ်မိန့်နဲ့ လုပ်ခဲ့တာ ဘယ်သူက တားလို့ ရလို့လဲ။
ကျွန်တော်တို့ ဆို အဲဒီအရွယ်က ကလေး ရှိသေးတယ်။
ရန်ကုန်မှာ မဆောက်ခဲ့တာကို နှမြောပါ့။ဒါပေမယ့် နေပြည်တော်မှာ လုပ်ခဲ့ တဲ့ နိုင်ငံတကာ ပွဲတွေ ကို လည်းထည့်စဉ်းစားပါ။
တိုးလာမယ့် လူဥိးရေ....ကားစင်းရေ.......တွေနဲ့ ရန်ကုန်က လက်တလောမှာ နိုင်ငံတကာ ပွဲတောာ လက်ခံလို့ ဖြစ်လားစဉ်းစားပါ။
ယခင်က ရန်ကုန်ကိုပဲ မြှင့်မယ်ဆိုပြီးလုပ်ခဲ့ရင်......အခုနေ စည်းကမ်းလည်းကျချင်မှ ကျမယ်သပ်ရပ် ချင်မှ သပ်ရပ်မယ်။အနည်းဆုံး လူကြိးကားသွားတိုင်း လမ်းပေါ်က ကားတွေ ဖယ်ပေးရမယ်။အခု ရန်ကုန် ကို လည်း အဆင့်မြှင့်ဖို့ လုပ်နေပြိကြားတယ်။ပညာရှင်တွေ ဝေဖန်ခွင့်ပြောခွင့်ရတယ်။ ပြောကြပါစေ။
အားနည်းချက်တွေေ ထာက်ပြမှ ရန်ကုန်မြို့ က ရှေးဟောင်းလက်ရာတွေကော ခေတ်သစ် ဖွဲ့စည်းမှုတွေနဲ့ပါ သပ်ရပ် တဲ့ မြို့ ဖြစ်မှာ။
နေပြည်တော်ကို အခြားဘာအတွေးတွေ နဲ့ ဆောက်လဲတော့
စာဖတ်နေတဲ့ သူကြီးဆီကို ကိုယ်တိုင် သွားမေးပါတော့။
ကျွန်တော်က ခင်ဗျားတို့ ပြောသလို မဖို့ နေနေသာသာ အစိုးရအလုပ်တောင်မဝင်ချင်လို့ ဘေး ထွက် ထိုင်နေတာ။ smile emoticon
အဲဒါမှ မကျေနပ်ဘဲ.........
ဆဲချင်လည်းဆက်ဆဲတော့။
by-Nyein Chan Ko Ko
______________________
ပုံတွေကတော့ မှော်မြို့တော်လို့ အမည်တွင်လောက်အောင် လှပနေတဲ့ နေပြည်တော်ရဲ့ ပုံရိပ်တွေပါ

No comments:

Post a Comment