Friday, May 29, 2015

ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်းက ဘယ်သူဖြစ်နိုင်သလဲ





ဖြစ်နိုင်ခြေ (၁)
သူရဦးရွှေမန်း ဖြစ်နိုင်ပါသည်။ အကြောင်းက ရှင်းပါသည်။ ၎င်း သည် ပါတီဥက္ကဋ္ဌလည်းဖြစ်၊ လွှတ် တော်နာယကလည်း ဖြစ်သည်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ နှင့် ဆက်ဆံရေး အထူးကောင်းမွန်သူ လည်းဖြစ်သည်။ ၂ဝ၁၄ ခုနှစ် နှစ် လယ်ပိုင်းက ရိုက်တာ သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် သူရဦးရွှေမန်း ကို ဒီချုပ်ပါတီက သမ္မတလောင်း အဖြစ် တင်မည်ဟူသည့်
သတင်း ထွက်ပေါ်ခဲ့သေးသည်။ နောက်မှ မဟုတ်ပါ၊ မဖြစ်နိုင်ပါ ဘာညာ စသဖြင့် ဒီချုပ်က ပြန် လည်ဖြေရှင်း ခဲ့ရသည်။ ထားတော့။ ယခု ပြည်ခိုင် ဖြိုးပါတီကိုယ်စားပြု ပါတီခေါင်း ဆောင် ကို ရွေးချယ်တော့မည်ဖြစ်ရာ ရွေးချယ်ခံရမည့် ခေါင်းဆောင်သည် ပြည်ခိုင်ဖြိုးပါတီက တင်မည့် သမ္မတ လောင်းဖြစ်မည်။
သူရဦးရွှေမန်းတွင် အားသာ ချက် များစွာရှိပါသည်။ ၎င်းသည် လေးနှစ်ကျော် ငါးနှစ်တာကာလ အတွင်း အုပ်ချုပ်ရေးယန္တရား၏ အားကောင်းချက်၊ ပျော့ကွက်တို့ကို စိမ်ပြေနပြေ စောင့်ကြည့် အကဲခတ် ခွင့်ရသူလည်းဖြစ်သည်။ ဥပဒေပြု အာဏာရပ်ဝန်းဖြစ်သည့် လွှတ်တော် တွင်လည်း ပြည် ခိုင်ဖြိုးပါတီဝင် လွှတ်တော်အမတ်များအပေါ်တွင် သြဇာလွှမ်းမိုးထားနိုင်ပြီ လည်း ဖြစ် သည်။ ပြည်တွင်းခရီးစဉ်များ၊ ပြည်ပ ခရီးစဉ်များကလည်း ၎င်းအတွက် လုံလောက်သော ထောက်ခံမှုရရှိနိုင် ရန်အတွက် ပြည့်စုံသည့်အခြင်းအရာ များဖြစ်သည်။.
ယခုမြန်မာ့နိုင်ငံရေး ရေစီး ကြောင်းတွင် ပြည်ခိုင်ဖြိုးပါတီသည် အစိုးရအဖွဲ့က သပ်သပ်၊ ပါတီက သပ်သပ် ပုံစံမျိုးဖြစ်နေသည်။ ယခု ပါတီခေါင်းဆောင် ရွေးချယ်ပွဲသည် ပါတီကသာ အမှန်တ ကယ် ရွေးချယ် သည့်ပွဲဟုဆိုပါက သူရဦးရွှေမန်း ဖြစ်ဖို့ များပါလိမ့်မည်။ သူရဦးရွှေမန်း ကို ပြည်ခိုင်ဖြိုး ပါတီက သမ္မတ လောင်းအဖြစ် မတင်မြှောက်လျှင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ က တင်သွင်းသော၊ တင်မြှောက် သော သမ္မတလောင်း စာရင်းတွင် ပါကောင်း ပါနိုင်ပါ လိမ့်မည်။
အကယ်၍ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ် တင် မြှောက် လျှင် မြန်မာ့နိုင်ငံရေးလောက အတွက် ပြတ်သားသော ခေါင်း ဆောင်မှုဖြစ် ထွန်း ပေါ်ပေါက်လာနိုင် မည်ဟု ထင်သည်။
ဖြစ်နိုင်ခြေ (၂)
သမ္မတ ဦးသိန်းစိန် ဖြစ်နိုင်ပါ သည်။ သမ္မတ ဦးသိန်းစိန်လောက် ရိုးရှင်းသော၊ ပျော့ပျောင်းသော နိုင် ငံတော်အကြီးအကဲသည် မြန်မာ့ သမိုင်းတွင် ရှားမှရှား ဖြစ် သည်ကို ငြင်းနိုင်မည် မထင်ပါ။ လက်ရှိ သမ္မတသည် လေးနှစ်ကျော် ငါးနှစ် နီးပါးခန့် နိုင်ငံရေး အခင်း အကျင်း သစ်တွင် တာဝန်ယူဆောင်ရွက်ခဲ့ သည့်အတွေ့အကြုံအပေါ် အဆိုး၊ အကောင်း၊ အကျိုးအကြောင်းများ ကို ပြန်လည်သုံးသပ်ပြီး နောက် သက်တမ်းအတွက် အကောင်း ဆုံး သော နိုင် ငံတော်အကြီးအကဲ တာဝန် ကို ဆက်လက်တာဝန်ယူစေလိုသော ပုဂ္ဂိုလ်များ လည်း ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းအတွင်း စည်းဝိုင်းတွင် ရှိနိုင် ပါသည်။

ထို့ပြင် သမ္မတဦးသိန်းစိန်တွင် ရှိသည့် ဂုဏ်တစ်ခုက ရိုးဂုဏ်ပင် ဖြစ်ပါသည်။ သူ့မိသား စုနှင့် ဆွေမျိုး သားချင်းများသည် လက်ရှိမြန်မာ့ စီးပွားရေးလောကတွင် ဒိတ်ဒိတ်ကြဲ တစ်ဦးမျှ မပါဝင်ပေ။ နောက်ကြောင်း ရှင်းသည်ဟု ဆိုနိုင်ပါသည်။ ထိုသို့ ရိုးရှင်းသော မိသားစုဘဝကို တည် ဆောက်နိုင်သော အကြီးအကဲမျိုး သည် မြန်မာ့သမိုင်းတွင် ရှားပါ သည်။ သမ္မတဦးသိန်းစိန်သည် ၎င်း ပြိုင်ဘက် သမ္မတလောင်းဖြစ်နိုင် ခြေရှိသည့် ပြည်ခိုင်ဖြိုး ပါတီခေါင်း ဆောင်နှင့်ယှဉ်လျှင်လည်း ပိုမို စီနီရာ ကျပါသည်။
လက်ရှိသမ္မတကို ပါတီခေါင်း ဆောင်အဖြစ် လျာထားလျှင်၊ တင် မြှောက်လျှင် တပ်မတော် ၏ ထောက် ခံမှုသည် ကျိန်းသေရရှိနိုင်ခြေ ရှိပါ လိမ့်မည်။ နောင်လွှတ်တော်သက် တမ်း တွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တပ်မတော်သားလွှတ်တော် ကိုယ် စားလှယ်များ၏ ဝန်းရံမှု၊ ထောက် ခံမှု တို့ကို ရယူလိုပါက လက်ရှိသမ္မတကို သမ္မတလောင်းအဖြစ် ဆက်လက် ရွေးချယ် တင်မြှောက်ပါလိမ့်မည်။
အကယ်၍ သမ္မတဦးသိန်းစိန်ကို အဓိကခေါင်းဆောင်အဖြစ် ဆက် လက်တင်မြှောက်မည်ဆိုပါက တည် ငြိမ်ပျော့ပျောင်းသော ခေါင်းဆောင်မှု သည် ဆက်လက်ဖြစ်ထွန်းမည်ဖြစ် သည်။
ဖြစ်နိုင်ခြေ (၃)
သူရဦးရွှေမန်းလည်း မဟုတ်၊ သမ္မတဦးသိန်းစိန်လည်း မဟုတ် သည့် ပါတီကိုယ်စားပြုခေါင်းဆောင် လည်း ပေါ်ပေါက်ကောင်းပေါ်ပေါက် လာနိုင်ပါသည်။ သို့သော် ဖြစ်နိုင်ခြေ အလွန်နည်းလှပါသည်။ မဖြစ်နိုင်ဟု လည်း ပြော၍ ရနိုင်ပါသည်။
ပြည်ခိုင်ဖြိုး၏ မှတ်တိုင် ပါတီကိုယ်စားပြု ပါတီခေါင်း ဆောင်ကို ရွေးချယ်သည့်အခါ မြန်မာလို စဉ်းစားပြီး ရွေးမည်ဟု ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက မီဒီယာတစ်ခု ၏ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားသည့် သတင်းကို ဖတ်ရှု လိုက်ရသည်။ မြန်မာလိုပဲ ရိုးရိုးရှင်း ရှင်းစဉ်းစားမှာပါဟု ပြောသည်။ မည်သူကို အဓိက ခေါင်းဆောင် အဖြစ် ရွေးကောက်တင်မြှောက်မည် နည်းဆိုသည့်အချက်သည် ပြည်ခိုင် ဖြိုးပါတီ၏ ပါတီတွင်းအကျိုးစီးပွား၊ နိုင်ငံရေးအကျိုးစီးပွားများ အားလုံး နှင့် အညမညဆက်စပ်နေသည်ဟု ထင်ပါသည်။
ပါတီခေါင်းဆောင် သို့မဟုတ် ပါတီ၏ အဓိကခေါင်းဆောင်ကို ရွေး ချယ်တင်မြှောက်ခွင့်ရှိသည့် ပါတီဝင် များအနေဖြင့် မည်သည့် ရှုထောင့်ဖြင့် ရပ်ခံစဉ်းစားဆုံးဖြတ်သနည်း ဟူ သောအချက်သည် ပေါ်ပေါက်လာ မည့် ပြည်ခိုင်ဖြိုးပါတီ၏ အဓိက ခေါင်းဆောင် မည်သူဖြစ်မည်နည်း ဟူသောချက်နှင့် များစွာပတ်သက် နေပါသည်။
အနားယူသွားပြီဖြစ်သော ပါတီ နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ၏ တစ်စုံတစ်ရာ သြဇာသည် ပြည် ခိုင်ဖြိုးပါတီ၏ အဓိက ခေါင်းဆောင် ရွေးချယ်ရာတွင် ပါဝင်ပတ်သက်နိုင် မှု ရှိနိုင်သည်။
ပြည်ခိုင်ဖြိုးပါတီတွင်း ရွေး ကောက်ပွဲအတွက် မည်သို့မည်ပုံ စဉ်းစားထားသနည်းဟူသော မဟာ ဗျူဟာအမြင်သည် ဇွန်လကုန်ပိုင်း တွင် အနည်းဆုံး အရိပ်အမြွတ် လောက်တော့ သိနိုင်မည်ဖြစ်သည်။
ကိုဇန်- See more at: http://www.thetradetimesmedia.com/?name=14035#sthash.FCuDjjeo.47RdQ2PT.dpuf

No comments:

Post a Comment