Wednesday, May 27, 2015

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာတူးဂျာ ဘာပြောခဲ့သလဲ

ကချင်ပြည်နယ်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်
တစ်ယောက်၂၄-၅-၂၀၁၅ ရက်နေ့တွင် ကချင် ပြည်နယ် ပူတာအိုမြို့မှ ပြန်လည်ထွက်ခွာသွားခဲ့ပြီ။ ဒေါ်အောင်ဆန်း
စုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒေါက်တာတူး
ဂျာပြောခဲ့တာလေးတစ်ခု ဆက်စပ်မိလို့ ပြောပြချင်ပါတယ်။

ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ NLD ပါတီလို ပါတီကြီးများအနေဖြင့် တိုင်းရင်းသား ပါတီများကို ဦးစားပေးသင့်တယ်၊ ပေးစေချင်တယ်။ မိမိတို့ တိုင်းရင်းသားများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တန်းတူညီတူ အုပ်ချုပ်ခွင့်၊ ဥပဒေပြဌာန်းခွင့်တို့ကို ရချင် တယ်၊ အဲဒီ့အတွက်လည်း ကြိုးစား နေကြတယ်၊ ဒီအခြေအနေမျိုးမှာ ပါတီကြီးများဝင်ရောက်လာပြီး မဲဆွယ်လှုပ်ရှားပါက အနည်းငယ်မျှသော မိမိတို့တိုင်းရင်းသားများ၏ မဲဆန္ဒနယ်များဆုံးရှုံး သွားနိုင် တယ်။ ထို့အတွက်ကြောင့် ပါတီကြီးများအနေဖြင့် လူနေသိပ်သည်းသော တိုင်းဒေသကြီးများတွင် သာ မဲဆွယ်စည်းရုံးသင့်ပြီး တိုင်းရင်းသားများ၏ မဲဆန္ဒနယ် များတွင် ၀င်ရောက်မဲဆွယ်ခြင်းများကို နားလည်မှုရှိစွာဖြင့် မပြုလုပ်ဖို့လိုကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီကြီးများအနေနဲ့ တိုင်းရင်း သားပါတီတွေမှာ လွှမ်းမိုးမှုမရှိဘဲနဲ့ တိုင်းရင်းသားပါတီတွေကို ဦးစားပေး သင့်တယ် လို့ ပြောကြားခဲ့ပါတယ်။ မည်သို့ကြောင့်ပင်မသိ ထိုသတင်းကား NLD ၏ လူမှုကွန်ယက် စာမျက်နှာ များတွင်သိပ်မတွေ့ရ။

သူပြောတာလည်းရှင်းရှင်းလေးပါ၊ ကချင်မှမဟုတ် တိုင်းရင်းသားတွေအားလုံးက အခုမှ ဖယ်ဒရယ်စနစ်ဖြစ်ဖို့ ရုန်းကန်ကြိုးစားနေကြတဲ့အချိန်မှာ တိုင်းရင်းသား မဲဆန္ဒနယ်တွေမှာ ၀င်ရောက် ယှဉ်ပြိုင်မှုမပြုပဲ ရှောင်ပေး ခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အလေးထားသင့်တယ် ဆိုတာပါပဲ။ ရွေးကောက်ပွဲနီးလာမှ ကျွန်မတို့ပါတီက ပြည်ထောင်စုပါတီပဲ၊ ကျွန်မတို့ပါတီကိုမဲပေးပါလို့ ထအော်နေလို့မရပါဘူး။ ပြည်နယ်တွေရဲ့ အကျိုးစီးပွားအတွက် တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားအတွက် NLD ပါတီအနေဖြင့် ဘာများဆောင်ရွက် ပေးခဲ့သလဲအားလုံးအသိပါ။ 

သည့်အတွက်ကြောင့် ဒေါက်တာတူးဂျာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ တန်းတူညီတူအုပ်ချုပ်ခွင့်နှင့် တန်းတူ ညီတူ ဥပဒေပြဌာန်းခွင့်ရချင်သဖြင့် မိမိတို့တိုင်းရင်းသားများ ကြိုးစားနေကြသည့်အချိန်တွင် ပါတီကြီးများ အနေဖြင့် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေကို ဦးစားပေးဖို့ ပြောခဲ့တာပါ။
ဒေါက်တာတူးဂျာ၏     ပြောကြားခဲ့မှုအပေါ် တိုင်းရင်းသားပါတီများမှလည်း ထောက်ခံခဲ့ပြီး ပါတီကြီးများ အနေဖြင့် တိုင်းရင်းသားဒေသများတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြုခြင်းက တိုင်းရင်းသားများ၏ ဖယ်ဒရယ်စနစ်ဖြစ်ပေါ်ဖို့ ကြိုးစားနေမှုအား အထောက်အကူဖြစ်မယ်ဆိုပြီး ဝေဖန်သုံးသပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါက်တာတူးဂျာဆိုတာကလည်း ခေတ်ပညာတတ် အမြော်အမြင်ရှိသူဖြစ်သည့်အပြင် တစ်ချိန်က KIO ရဲ့ ထပ်ပိုင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ တစ်ယောက်ပဲ၊ ထာဝရငြိမ်းချမ်းရေးရချင်လို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ရွေးကောက်ပွဲဝင်ရောက်ဖို့ လုပ်ခဲ့တဲ့သူ၊ ကချင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေး အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု ကချင်ပြည်နယ်လူထုမှ ယုံကြည်လျှက်ရှိသည့်လူ။

 KIOအဖွဲ့မှ ပြတ်သားစွာခွဲထွက်၍အမှန်တကယ် ပြည်နယ်ကောင်းစားရေးအတွက်  ဆောင်ရွက်လိုစိတ်
ရှိသည့်အပြင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် KIO နှင့် မြန်မာအစိုးရကြားတွင် ပေါင်းကူးသဖွယ် လက်ချင်းချိတ်ဆက်         ပေးနိုင်သော ကိုယ်စားပြု ခေါင်းဆောင်တစ်ယောက်အဖြစ် ကချင်ပြည်နယ်သူ /ပြည်နယ်သားများမှ သတ်မှတ်ထားသော သူတစ်ယောက် အဲဒီတော့သူ့ရဲ့ နိုင်ငံရေးအမြင် တွေဟာ ရှင်သန်နေတယ်။ ဒါကိုသတိပြုဖို့လိုလိမ့်မယ်။ ၊ထိုကဲ့သို့သော သူတစ်ယောက်က ပြောခဲ့သော စကားများအား ဒေါ်အောင်ဆန်းစုကြည် နားမလည်မှာစိုးသည့်အတွက် နားလည်အောင် လွယ်ကူ ရှင်းလင်းစွာ ရေးသားပြီး အားလုံးသိစေဖို့  ထပ်ဆင့် မျှဝေပေးလိုက်ပါတယ်။

No comments:

Post a Comment