Monday, May 18, 2015

Boat People ပြဿနာရဲ့ အဖြေ


Boat People လို့ ခေါ်တွင်ကြတဲ့ လှေစီးသူတွေ နိုင်ငံအသီးသီးကို ရောက်ရှိနေတဲ့ ပြဿနာဟာ ခုတလော ဟိုးလေးတကျော်ကျော် ဖြစ်လာတာက (၁) လူသတ်ပြီး မြေမြုပ်ထားတဲ့ အလောင်းတွေ ထိုင်းနိုင်ငံမှာပေါ်လာတယ်၊ (၂) ကျွန်သဖွယ်ပြုမူခိုင်းစေနေတာတွေ အင်ဒိုနီးရှားမှာ ပေါ် လာ တယ်၊ (၃) မလေးပင်လယ်ပြင်မှာ Boat People ရာနဲ့ချီပြီး မျောနေတာ တွေ့ရတယ်၊ ဒီ(၃)ချက်ကြောင့် အသံကျယ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် သိရှိထားဖို့ လိုအပ်တာက ဒီကိစ္စတွေ က ခုမှ အသစ်ဖြစ်တာ မဟုတ်ဘဲ အရင်ကတည်းက ဖြစ်နေတဲ့ ကိစ္စတွေ ခုမှ တစ်ဝက်တစ် ပျက် ပေါ်လာခြင်းသာ ဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်နေသလဲ

ပထမဆုံး ဘာကြောင့်ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ဈေးနှုန်းသက်သာတဲ့ Cheap Worker တွေ လိုချင်တယ်၊ ကျွန်လို ခိုင်းချင်ခိုင်း၊ လူ့အခွင့်အရေးချိုးဖောက်ချင်သလို ချိုးဖောက်၊ နောက်ဆုံး သတ်ဖြတ်ပြီး လက်စဖျောက်ချင်ဖျောက် လူသားမဆန်ဘဲ လုပ်ချင်တိုင်း လုပ်ချင်ကြတယ်။ ဒီတော့ လူမှောင်ခိုဂိုဏ်းတွေဆီက လူတွေ ၀ယ်တယ်။ ဒီအထဲမှာ ထိုင်း၊ မလေး အစိုးရ အရာရှိတွေ ပါဝင် ပတ် သက်နေတယ် ဆိုတာလည်း ဒီနိုင်ငံတွေက ၀န်ခံထားပြီးသား ကိစ္စ။ ပြောချင်တာက ဒါတွေ လုပ်ချင်တိုင်းလုပ်၊ ဖြစ်ချင်တိုင်းဖြစ်နေတာ ကြာပြီ။ ခုမှ ဘာဖြစ်လို့ ဖြစ်လာသလဲ ဆိုရင် နိုင် ငံတော် သမ္မတကြီး လက်ထက်မှာ ပြည်ပရောက် အလုပ်သမားအရေးကိစ္စ ဦးစာပေး လုပ်လာ တယ်။ တရားမ၀င် အလုပ်သမားတွေ တရားဝင် ဖြစ်လာအောင်၊ ရသင့်တဲ့အခွင့်အရေးတွေ ရလာအောင် ကြိုးစားလာတယ်။ အရင်တုန်းက လူမဆန်စွာ နိုင့်ထက်စီးနင်းခဲ့တဲ့ သတင်းတွေ တိမ်မြုပ်နေခဲ့ပေမယ့် ခုခေတ်မှာ ဖုံးထားလို့ မရတော့ဘူး။

ယမန်နှစ်ကလည်း ထိုင်း-မလေး နယ်စပ်မှာ ရှိတဲ့ ထိုင်းနိုင်ငံပိုင်ကျွန်းတွေမှာ တရားမ၀င် Camp တွေ ရှိနေတယ်၊ အဲဒီနေရာတွေမှာ လူ့အခွင့်အရေးချိုးဖော်ကမှုတွေ၊ ရာဇ၀တ်မှုတွေ ရှိနေ တယ် ဆိုတာ ရိုက်တာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ခုတော့ လူကုန်ကုန်းဂိုဏ်းတွေက ဒီနိုင်ငံတွေကို တရားမ၀င် အလုပ်သမားတင်ပို့ရာမှာ အကောင်း ဆုံး ဖုံးကွယ်မှုက “ရိုဟင်ဂျာဒုက္ခသည်” ဆိုတဲ့ အကြောင်းပြချက်ပဲ။ သက်ဆိုင်ရာနိုင်ငံတွေက လူပွဲ စားတွေနဲ့ ချိတ်ဆက်ပြီး ပို့၊ မိတဲ့အခါမှာ ဘင်္ဂလီဒုက္ခသည်တွေပါ ဆိုပြီး သနားစဖွယ် ပုံဖော်ပြ။ ဒီလိုနဲ့ မြန်မာနိုင်ငံကို လက်ညိုးထိုး၊ ကိုယ့်နိုင်ငံထဲမှာ လူသတ်ချင်သတ်၊ ကျွန်ပြုချင်ပြု၊ လုပ်ချင်သလို လုပ်နေတဲ့ ကိစ္စတွေကို ဖုံးကွယ်။ ဒါတွေဟာ ကိုယ့်တာဝန်ကို မယူနိုင်လို့ ပြောနေတာတွေ ပဲ ဖြစ် တယ်။ ဥပမာ ထိုင်းနိုင်ငံမှာ လူသတ်၊ အလောင်းမြုပ်နှံတဲ့ကိစ္စက ထိုင်းပြည်တွင်းက ရာဇ၀တ်မှုပဲ။ ဒါကို ထိုင်းနိုင်ငံတာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်၊ တာဝန်ရှိသူတွေ အရေးယူ၊ ဒီလူတွေ ခေါ်သွင်းလာတဲ့ လူမှောင်ခိုတွေ၊ လူပွဲစားတွေကို အရေးယူ။ မဆီမဆိုင် မြန်မာနိုင်ငံနဲ့ သုံးနိုင်ငံ ဆွေးနွေးဖို့ ပြောလာတာက ကိုယ့်အပြစ်ကို လွှဲချဖို့ သက်သက်ပဲ လို့ မြင်တယ်။

ဒီလူတွေ ဘယ်က လူတွေလဲ

ဘယ်ကလူတွေလဲ ဆိုတာ တိတိကျကျ မသိနိုင်ဘူး။ ဘင်္ဂလီဆိုတာနဲ့ မြန်မာက ဆိုပြီး ပြောတာတွေ က သိက္ခာမဲ့တဲ့ ပြောကြားချက်တွေပဲ ဖြစ်တယ်။ UNHCR ရဲ့ အစီရင်ခံစာအရ လူမှောင်ခို  ဂိုဏ်းတွေ လျှို့ဝှက်ပြီး လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် ဘယ်က ဆိုတာ စိစစ်လို့ မရဘူး လို့ ဖော်ပြ ထားတယ်။ ဒီပင်လယ်ပြင်မှာန့တိုင်း မှောင်ခိုနေတဲ့ ဘင်္ဂလီတွေ အကုန်လုံးသာ မြန်မာက ဆို ရင် ရခိုင်ပြည်နယ်မှာ ဘင်္ဂလီ ရှိမှာတောင် မဟုတ်တော့ဘူး။ Camp တွေ၊ ရွာတွေမှာ ရှိနေတဲ့ ဘင်္ဂလီတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေ ထိတွေ့နေတာပဲ။ အစိုးရက မတွေ့နဲ့ ဆိုပြီး ပိတ်ပင်ထားတာ ဘာမှ မရှိဘူး။ မြန်မာအစိုးရက နှိပ်စက်ညှင်းပမ်းလို့ ထွက်ပြေးလာတာပါ ဆိုတဲ့ အကြောင်းပြချက်ဟာ လူမှောင်ခိုတွေရဲ့ လက်သုံးအကြောင်းပြချက်ပဲ။ ဥရောပမှာ တွေ့ရတဲ့ Boat People တွေကလည်း မြန်မာကပါ ဆိုတဲ့အခါကျတော့ ဘယ်လိုမှကို မဖြစ်နိုင်တော့ဘူး။ ရခိုင်ပြည်နယ်မှာ နှိပ်စက်ညှင်းပမ်းတာတွေ လုပ်နေမယ် ဆိုရင် ဒီလောက် မီဒီယာတွေ၊ လူ့အခွင့်အရေးသမားတွေ ခြေချင်းလိမ်နေတဲ့ ဒီနိုင်ငံမှာ ရစရာကို ရှိမှာ မဟုတ်ဘူး။ အချို့ဘင်္ဂလီတွေလည်း ဘင်္ဂလားဘက်က လူမှောင်ခိုတွေနဲ့ ချိတ်ဆက်ပြီး လှေထဲလိုက်သွားတာ ရှိကောင်းရှိနိုင်တယ်။ ဒါလည်း အနည်းစုပဲ။ ပြီးတော့ သူ့ဆန္ဒနဲ့ သူ သွားတာပဲ ဖြစ် တယ်။ ဒေသ တွင်းနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်ကိုင်နေတာ ဘင်္ဂလီတစ်မျိုးတည်းမှ မဟုတ်တာ။ ကျန်တဲ့ တိုင်းရင်း သားတွေလည်း အများကြီး ရှိနေတာပဲ။ ဒါက ဘာကို ပြောနေသလဲ ဆိုတော့ လူမှောင်ခို ဂိုဏ်းတွေ၊ လူမှောင်ခိုလုပ်ငန်းကနေ ငွေကြေး ရယူနေတဲ့ အဲဒီနိုင်ငံတွေက တာဝန်ရှိသူတွေ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖို့ ဖန်တီးထားတဲ့ လုပ်ရပ် ဆိုတာပါပဲ။

မြန်မာနိုင်ငံက အတင်းအဓမ္မ ငြင်းဆန်နေတာ မဟုတ်ဘူး။ နိုင်ငံတကာမှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေ ရှိတယ်။ တရားဝင်ရော တရားမ၀င်တာတွေပါ ရှိတယ်။ ကိုယ့်နိုင်ငံသား မှန်ရင်တော့ မငြင်းဘူး။ တာဝန်ယူရမယ်။ ကာကွယ်စောင့်ရှောက်ရမယ်။ ကူညီရမယ်။ ဒီလိုပဲ နိုင် ငံတော်သမ္မတကြီးက သံရုံးတွေ အားလုံးကို မှာကြားထားတယ်။ ဒါပေမယ့် ဘင်္ဂလီဆိုတာနဲ့ ဟုတ်ကဲ့ ကျွန်တော်တို့ နိုင်ငံသာေးတွပါ သွားလုပ်လို့ မရဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ Boat People အားလုံး၊ ဥရောပ ကမ်းခြေထတွေကို တိုးဝင်နေတဲ့ သူတွေအပါအ၀င် အကုန်လုံး တာဝန်ယူရမယ့် အနေအထား ရောက်သွားမယ်။ ကိုယ့်နိုင်ငံသား စစ်စစ်ပဲ တာဝန်ယူနိုင်မယ်။
နိုင်ငံသားမ ဟုတ် ရင် တာဝန်ယူစရာမလိုဘူး။ တာဝန် ယူမှာလည်း မဟုတ်ဘူး။ ဖိအားတွေ များနေ လို့ Divert လုပ်တဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးမယ် လုပ်လာရင်လည်း လက်ခံမှာ မဟုတ်ဘူး။

ဒီလိုမျိုး လူသားမဆန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ကိုင်နေတဲ့ လူမှောင်ခိုတွေ၊ ပါဝင်ပတ်သက် သူတွေ အားလုံးကို မြန်မာနိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချရမှာပါပဲ။ အလားတူ ပြဿနာတွေ ကို ရှောင်လွှဲလိုတဲ့ သဘောနဲ့ မြန်မာနိုင်ငံကို ပုံချနေတာတွေဟာလည်း ရှက်စရာကောင်းတဲ့ လုပ် ရပ် လို့ပဲ ပြောရမှာပါပဲ။

ဘယ်လိုဖြေရှင်းမလဲ

မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး ထိုင်းရောက်မြန်မာအလုပ်သမားတွေ တရားဝင်ဖြစ်ဖို့ ကြိုးပမ်းနေတယ်။ နှစ်ဖက် အလုပ်သမားတွေ စေလွှတ်တဲ့အခါမှာ တရားဝင်လမ်းကြောင်းကနေ ပို့ဆောင်နိုင်ဖို့ ပထမအဆင့် G-to-G အစိုးရချင်း MOU ထိုးတယ်၊ ပြီးတော့ ဒုတိယအဆင့် အလုပ် သမား အေဂျင်စီချင်း MOU ထိုးတယ်။ ဒီလို တရားဝင် ပို့တဲ့အတွက် မြန်မာအလုပ်သမားတွေ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ ရလာမယ်။ နိုင့်ထက်စီးနင်း လုပ်လို့ မရတော့ဘူး။ ထိုင်းအလုပ် ရှင်တွေ အနေနဲ့လည်း ဥပဒေနဲ့အညီ လုပ်ကိုင်နိုင်မယ်။ ဒီလို မျှော်တွေးပြီး လုပ်ကိုင်နေတာ ဖြစ် တယ်။ တစ်ချိန်တည်းမှာပဲ တရားမ၀င် ရောက်ရှိနေပြီး ဖြစ်တဲ့ မြန်မာအလုပ်သမားတွေ ကို နိုင်ငံသားစိစစ်ပြီး တရားဝင်လာအောင် လုပ်နေတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံပေါင်းပြီး လူမှောင်ခိုဂိုဏ်းတွေ နှိမ်နင်း ဖြိုခွင်းနေတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့လည်း Bali Process ကတစ်ဆင့် ပူးပေါင်းဆောင် ရွက် မှုတွေ လုပ်နေတယ်။ အင်ဒိုနီးရှားကိုရော မလေးရှားကိုပါ အစိုးရချင်း MOU ကမ်းလှမ်းထားတယ်။ တုံ့ပြန်လာတာ မရှိသေးဘူး။ အဲဒီမှာ ရောက်နေတဲ့ တရားမ၀င် အလုပ်သမားတွေ တရားဝင် ဖြစ် လာ အောင် ကမ်းလှမ်းထားတယ်။ ဒါလည်း ထိထိရောက်ရောက် တုံ့ပြန်လာတာ မရှိသေးဘူး။ တရားမ၀င် အလုပ်သမားတွေ ဆိုရင် လုပ်ချင်တိုင်းလုပ်လို့ရမယ်၊ တရားဝင်လာရင် အခွင့်အရေးတွေ ပေးရမယ်။ လူမှောင်ခိုဂိုဏ်းတွေနဲ့ အစိုးရအကျင့်ပျက်သူတွေ ပေါင်းစားနေ တာတွေ ရှိနေတယ်။ ဒါတွေက ငြင်းလို့မရတဲ့ အမှန်တရားတွေပဲ။

မြန်မာနိုင်ငံက ကမ်းလှမ်းထားတဲ့ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ဖို့၊ MOU ရေးထိုးဖို့၊ အေဂျင်စီ အဆင့်ဆင့် MOU ထိုးကြဖို့၊ လူမှောင်ခိုဂိုဏ်းတွေ ခေါင်းမထောင်နိုင်အောင် ပြင်းပြင်း ထန်ထန် နှိမ်နင်းတိုက်ဖျက်ကြဖို့ မြန်မာနိုင်ငံနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

ထိုင်း၊ မလေး စတဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ Boat People ပြဿနာကို ပြဿနာအဖြစ် အသိ အမှတ်ပြုဖို့ လိုပါတယ်။ ဒီလိုပြဿနာတွေ ကြုံလာတိုင်းမှာ ဖိအားတွေ ရှောင်လွှဲလိုတဲ့ တရားခံ ရှာတဲ့ လုပ်ဆောင်ချက်တွေကို သိက္ခာရှိရှိ ဆင်ခြင်ဖို့ လိုပါတယ်။ တရားခံ မရှာဘဲ “အဖြေ” ရှာဖို့ လိုပါတယ်။ အဲဒီ ပြဿနာတွေ အားလုံးရဲ့ အဖြေက လူမှောင်ခိုတွေ နှိမ်နင်းဖို့၊ တရားမ၀င် အလုပ် သမားတွေ မရှိအောင် လုပ်ဖို့၊ တရားဝင်အလုပ်သမားတွေကို ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးဖို့၊ လူမဆန်စွာ ရက်ရက်စက်စက် နှိပ်စက်ညှင်းပမ်းတာတွေ၊ နိုင့်ထက် စီးနင်းပြုမူတာတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုပါတယ်။ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ကိုယ့်အားနည်းချက်၊ ကိုယ့်ထဲက ပြဿနာတွေကို ရဲရဲတင်းတင်း ကိုင်တွယ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ ကို လက်ညိုးထိုးနေရုံနဲ့ ကိုယ့်ပြစ်ချက်တွေ ပြေပျောက်သွားမှာ မဟုတ်ဘူး၊ တရားခံမရှာပါနဲ့ အဖြေရှာပါ ဆိုတာကိုပဲ မီးမောင်းထိုး တင်ပြလိုပါတယ်။


မှူးဇော်

No comments:

Post a Comment