Thursday, May 14, 2015

လိင်လုပ်ငန်းလုပ်တဲ့ မင်းသမီး ၂၀၀ ကို အင်ဒို အရေးယူ

အင်ဒိုနီးရှားရဲ (Credit: Reuters)
 အင်ဒိုနီးရှား ​နိုင်ငံက ​မင်းသမီးနဲ့ ​မော်ဒယ်လ် တချို့ ​လိင်လုပ်ငန်း ​လုပ်ကိုင် နေကြတာကို ​အင်ဒိုနီးရှား ရဲတွေက ​အရေးယူ လိုက်ပါတယ်။
မင်းသမီးနဲ့ ​မော်ဒယ်လ် ​အယောက် ​၂၀၀ ​ရဲ့ ​နာမည်ကို ​အင်ဒိုနီးရှား ရဲတွေက ​ရရှိထား တာဖြစ်ပြီး ​အဲဒီ ​celebrity ​တွေဟာ ​သူတို့နဲ့ ​အတူတူ ​အိပ်လိုတဲ့ ​အမျိုးသားတွေ ကို ​ဒေါ်လာ ​ထောင်နဲ့ချီ  ​တောင်းခံ ကြသူတွေ ​ဖြစ်တယ်လို့ ​သိရပါတယ်။
အင်ဒိုနီးရှား ​ရဲတွေရဲ့အဆိုအရ ​နာမည်ကြီး ​မင်းသမီး တစ်ယောက်ကို ​ဇိမ်ခံ ​ဟိုတယ်မှာ ​ဖမ်းမိခဲ့ တာဖြစ်ပြီး ​အဲဒီ ​မင်းသမီးဟာ ​သူနဲ့ ​သုံးနာရီကြာ ​နေခွင့်ရဖို့ ​အမျိုးသားတွေကို ​ဒေါ်လာ ​၈၀၀၀ ​တောင်း ခဲ့တယ်လို့ ​ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ​လိင်လုပ်ငန်းကို ​တရားမဝင်အဖြစ် ​သတ်မှတ်ထားတာကြောင့် ​အခုလို ​လိင်လုပ် ငန်း ​လုပ်ကိုင်တဲ့ ​မင်းသမီးနဲ့ ​မော်ဒယ်လ်တွေကို ​အရေးယူထားတာ ​ဖြစ်ပါတယ်။
ABC Radio Australia

No comments:

Post a Comment