Thursday, May 28, 2015

ပြည်သူကို ဦးတည်ရန်ရှာလာတဲ့ ကေအိုင်အေ

တပ်မတော်နဲ့ ကေအိုင်အေသစ်ခိုးထုတ်
သူတွေကြားတိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်
ပွားလာတာ အားလုံးအသိပါ။ တပ်မတော် ဘက်က လေကြောင်းပစ်ကူတွေပါ ရယူပြီး ပိတ်ဆို့ဖမ်းဆီးနေလို့ တရုတ်နိုင်ငံသား
တွေ တောက်လျှောက်ဖမ်းမိနေတာလည်း အားလုံးကြားကြမှာပါ။
ကေအိုင်အေဟာ ငွေ၊လက်နက်၊လူသူတွေကို ရသမျှ နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေ စုဆောင်းနေတာ အားလုံး အသိပါ။ခု သစ်ကိစ္စတွေ မှာလည်း တရုတ်နဲ့တရားမဝင် အာမခံစာချုပ်တွေ ချုပ်ဆိုထားတယ်လို့ သိရပါ

တယ်။ ကေအိုင်အေရဲ့ အာမခံနဲ့ တရုတ်က သစ်ခိုးထုတ်သမျှဟာ တပ်မတော်ဘက် ကလေကြောင်းကင်းထောက်ပြီး တောက်လျှောက်ပိတ်ဆို့ဖမ်းဆီးနေတဲ့အတွက် ဆုံးရှုံးမှု ပိုကြီးလာပါတယ်။ဒီအတွက်တရုတ်ဘက်က ကေအိုင်အေကို လျော်ကြေးတောင်းတယ်သိရပါတယ်။ ဒီလျော်ကြေးငွေ တွေကို ပြန်ပေးချေဖို့အတွက် သစ်ပုံကို လက်ညိုးထိုးပြီး လွတ်လေ၊ကြေလေနိုးနိုး နဲ့ ဇွတ်တိုးလုပ် နေတဲ့ သဘောရှိပါတယ်။
ခုလတ်တလောမှာ တိုက်ပွဲဖြစ်ပွားနေတာ ကေအိုင်အေ တပ်မဟာ(၃)တပ်ရင်း(၁၂) လှုပ်ရှားနေ တဲ့ ဆီခမ်းကြီး ခွင်မှာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်လိုက်တိုင်း ပစ္စည်းရော လူပါ လက်လွတ်ဆုံးရှုံး ရပြီး ကေအိုင်အေရော၊တရုတ်တွေပါ အထိနာလေတော့ ကေအိုင်အေ ဟာ ဒေသခံတွေ သတင်းပေး လို့ တပ်ကသိရတယ်ဆိုပြီး ရမယ်ရှာလာပါ တယ်။
မန်စီမြို့နယ်ထဲက နန့်လင်းပါ၊မိုင်းခေါင်အစရှိတဲ့ ရွာတွေကို ဒုက္ခပေးလာပါတယ်။ရွာသူရွာသား အများစုသွားလာတတ် တဲ့ လမ်းကြောင်းတွေပေါ်မှာ ၂၃ရက်နေ့က မိုင်းထောင်ခဲ့ ရာမှာ ရွာသား ၃ဦး ဒဏ်ရာရာရရှိခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်စစ်ကြောင်းတွေကို ရင်ဆိုင် မတိုက်ခိုက်ရဲ ဘဲ လက်နက်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက် လာတဲ့အပြင် ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်လာ မှာ စိုးတာကြောင့် ဒေသခံအချို့ ဗန်းမော်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ကြားသိရ ပါတယ်။
ဒီလို အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်ပြီး လက်နက်အားကိုးနဲ့ ရက်စက်ယုတ် မာနေတာဟာ ကေအိုင်အေရဲ့ အတွင်းသဘောမှန်ကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။မြန်မာပြည် မီဒီယာ အများစုကလည်း ဒီလို သတင်းမှန်သမျှ EPCထက် အမှောင်ချနေလေတော့ သူခိုးက လူဟစ်နေနိုင်တာပဲ ဖြစ်ပါတယ်။
တကယ်တော့ ကေအိုင်အေဟာ ဘယ်ကချင်လူထုကိုမှ ကိုယ်စားမပြုဘဲ လူတစ်စု ကောင်းစားရေး အတွက် တရုတ်သူခိုးတွေနဲ့ ပေါင်းပြီး နီးရာဓားကြောက်ရတဲ့ လူထုကို ထုထောင်း နေတာပဲဖြစ်ပါ တယ်။ဒီကရလာတဲ့ငွေတွေနဲ့ လက်နက်တွေ ဝယ်ပါဦးမယ်။ဒီလက်နက်တွေနဲ့ပဲ ဒီပြည်နယ် စစ်မီး မငြိမ်းအောင် လုပ်ဆောင်ပါဦးမယ်။
အစိုးရအနေနဲ့လည်း ပြည်သူကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ ဒီလိုအဖွဲ့အစည်းမျိုးကို တိကျတဲ့အချိန်တစ်ခု သတ်မှတ် ပေးပြီး ချွန်ထွက်လာတဲ့နှုတ်သီးကို ဓားနဲ့ (ဒုတ်ခနဲ) ခုတ်လှီးသင့်ပြီလို့ ထင်မြင်ယူဆမိ ပါကြောင်း...။
(မ ပ ခ ရောက် သူငယ်ချင်းတစ်ယောက်ဆီက ရတဲ့သတင်းမှန်ပါ)
အောင်ဇေ

No comments:

Post a Comment