Monday, May 18, 2015

တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကာကွယ်ရေး

ဝ ဒေသမှ ထွက်ရှိတဲ့ မူးယစ်ဆေးဝါးတွေဟာ တရုတ်နိုင်ငံကိုလုံးဝ တင်သွင်းခြင်းမရှိပါဘူး။ ယိုးဒယားနိုင်ငံကို အဓိကတင်သွင်းတာဖြစ် ပါတယ်။ဝ ဒေသအတွက် လိုအပ်တဲ့ ပစ္စည်းအားလုံးကို တရုတ်နိုင်ငံက ၀ယ်ယူပါတယ်။ ၀ ဒေသကို မြန်မာနိုင်ငံက လုံးဝအုပ်ချုပ်ခွင့်မရအောင် ၀ ခေါင်းဆောင်တွေက တရုတ်အကူအညီနဲ့ လုပ်ထားတဲ့အခါ တရုတ်အနေနဲ့ သူ့အကျိုး စီးပွားကို လုံးဝမထိခိုက်ဘဲ၊ အကျိုးအမြတ်တွေ သာ ဖြစ်စေတာမို့ ၀ ဒေသဟာ အစဉ် သဖြင့် အေး ချမ်းနေခြင်းဖြစ်ပါတယ်။
ကိုးကန့်ဒေသကထွက်ရှိတဲ့ မူးယစ်ဆေးဝါးဟာ တရုတ်နိုင်ငံကို တင်သွင်းပါတယ်။ (ကိုးကန့်ဒေသမှာ ၂၀၀၉ နောက်ပိုင်း ဘိန်းစိုက်ပျိုးမှု လုံးဝမ ရှိတော့တာ တရုတ်ရဲမှတ်တမ်းတွေမှာ ရှိပါတယ်) ဖုန်/ရန်အရေးအခင်းနောက်ပိုင်းမှာ ရန်မိုးလျံက

အုပ်ချုပ်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်ပြီး တရုတ်နိုင်ငံကိုတင်သွင်းတဲ့အခါမှာ လင်ချန်းအုပ် ချုပ်ရေး နဲ့ ရဲက တန်နဲ့ချီဖမ်းမိပြီး ပိုင်ရှင်ဖြစ်သူ ရန်မိုးလျံရဲ့ညီကို သေဒဏ်ပေးပါတော့တယ်။ သူ့ရဲ့သားက ရန်လုံကျိုင်းကနေ သူ့အဖေကို မလွှတ်ပေးရင် နန်စန်ကို တိုက်မယ်ဆိုပြီး ပြသနာဖြစ် ပါ တယ်။ ဒီအခါမှာ တရုတ်ဟာ ဖုန်ကြားရှင်ကို ပြန်ခေါ်ပြီး လက်နက်အပြည့်အစုံ အဆင်သင့်၊ လိုအပ်တဲ့ အခြားအုပ်ချုပ်မှုကိစ္စအားလုံး တာဝန်ယူပေးတဲ့အခါ ဖုန်ကြားရှင်ဟာ သေနတ် တစ်ချက်မှ မပြစ်ရဘဲ ကိုးကန့်ဒေသကို ပြန်ရခဲ့တယ်။ အထူးဒေသ(၁)အဖြစ် ဆက်လက်ရပ်တည် သွားနိုင်ခဲ့တယ်။ (တရုတ်ပါတော့ အောင်မြင်တယ်ဆိုတာပါဘဲ)

၂၀၀၉ ခုနှစ် စစ်ဖြစ်တဲ့အခါမှာ ဖုန်ကြားရှင် ဘာကြောင့်မခုခံခဲ့တာလဲဆိုတော့ သူ့မှာ ၃ ချက်ပစ်မှ ၁ ချက်ထွက်တဲ့သေနတ်တွေသာရှိတာကြောင့် ကစင့်ကလျား နောက်ဆုတ်ခဲ့တာပါ။ မြန်မာ့ တပ်မတော်က လည်း ထိုစဉ်ခါက PLA နဲ့ အတည့်ဆုံး၊ အဆင်အပြေဆုံးဖြစ်နေခဲ့တာကြောင့်ပါ။ (တရုတ်မပါတော့ ဘာမှ လုပ်မရဘူးဆိုတာပါဘဲ။)

အခု ၂၀၁၅ မှာ ဖုန်ကြားရှင်ဘာလို့ ပြန်ဝင်လာနိုင်တာလဲ။

မြန်မာပြည်တွင်းမှာတရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအကြိမ်ကြိမ်ဖြစ်တယ်။ မြစ်ဆုံ၊လက်ပတောင်း၊   နောက်ဆုံး တရုတ်သံရုံးကိုကျူးကျော်ဖို့လုပ်ကြတယ်။တရုတ်လူမျိုးဆိုတာ စီးပွားရေးလုပ်ရင် အသံမထွက်အောင် လိုင်းကြေးသေသေချာချာပေးတယ်။ မြစ်ဆုံဒေသ ရွာတွေအတွက် အုတ်တိုက် အိမ်၊ ကွန်ကရစ်လမ်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ လျှပ်စစ်မီး၊ သောက်ရေ၊ သုံးရေ စတာတွေ စနစ် တကျ စီမံပေးခဲ့တာရှိပေမယ့် မြေပြင်မှာ မရခဲ့ဘူး။အလားတူလက်ပတောင်းကိုလည်းဒီလိုစီစဉ်ပေး ခဲ့တယ်။ မြေပြင်မှာမရကြဘူး။(ဒါတွေကတရုတ်သတင်းတွေမှာ ရေးသားကြတာပါ)နောက်ဆုံးတရုတ်ကို သံရုံးဝင်စီးဖို့လုပ်ကြရင်းနဲ့ တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြလိုက်ကြတယ်။အစိုးရနဲ့ အတိုက်အခံ အားပြိုင်နေပေမယ့် တရုတ်က သူ့ထိခိုက်လာတာလေ။ ဒီတော့ သူက တုံ့ပြန်တာဘဲ။အစိုးရနဲ့ အတိုက်အခံမတူပေမယ့် အားလုံးဟာမြန်မာတွေဖြစ်လို့ပါဘဲ။ ကျည်ကျော်တာလဲ ဒီလိုပါဘဲ။ တပ်မတော်ကဘဲ ပစ်ပစ် ဖုန်ကြားရှင်ကဘဲ ပစ်ပစ် မင်းတို့နိုင်ငံထဲက အချင်းချင်းပစ်တာ ကြားထဲက ငါတို့သေတယ်။ ဒီတော့ လာတောင်းပန်ဖို့ တောင်းဆိုတော့တာပါ။

နောက်ဆုံးမှာတော့ တရုတ်အနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် မြန်မာကို လက်တုံ့ပြန်ဖို့လိုလာတဲ့အခါ သူတို့ နဂိုမကြည်တဲ့ ကိုးကန့်ဒေသကို ရွေးချယ်ပြီး လမ်းဟောင်းအတိုင်း ဖုန်ကြားရှင်ကို ပြန်လည်အသက်သွင်း လက်နက်၊ ရိက္ခာထောက်ပံ့ပြီး မြန်မာကို တိုင်းရင်းသားအချင်းချင်း အငြိုးအတေးကြီးစွာ တိုက်ခိုက်စေသောနည်းနဲ့ အခက်အခဲ ဖြစ်စေခြင်းဖြင့် သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ကြတော့တာပါဘဲ။




သူအောင်

No comments:

Post a Comment