Wednesday, May 27, 2015

ကြိုပွိုင့် ဆိုတာ..

ဒီနေ့ အိမ်လေးဘာလေး ဝယ်မလားလို့ 
စုံစမ်းဦးပေမယ် သွားကြည့်မယ်ပေါ့ဆိုပြီး
 Junction square ကို မိသားစုလိုက် 
ထွက်လာလိုက်တယ်။
အဲ... သွားကြည့်တဲ့အိမ်က ဟိုတစ်နေ့ကပဲ 

ဟိုးလေးတကြော် ကြော်ငြာနေတဲ့ တစ်လ 
၈ သိန်းနဲ့ ၁၀ နှစ် အရစ်ကျဆိုတဲ့ အိမ်... 
ဘယ်သူဆောက်လဲတော့ မပြောတော့ဘူး ကြော်ငြာပြန်ကြည့်...
ကြော်ငြာတာက အမိုက်စားဆိုတော့

ကိုယ်လည်း ဆောက်လုပ်ရေးလုပ်နေတဲ့ အတွေ့အကြုံ (ကိုယ့်အိမ်ကိုယ်ဆောက်တဲ့) ရှိတော့ ဘိလပ်မြေဈေး၊ အုပ်ဈေး၊ သဲဈေး၊ ကျောက်ဈေး၊ ပရံခ၊ လက်သမားခ၊ အလုပ်ကြမ်းသမားခ၊ စည်ပင်ကြေး၊ ဟိုကြေး၊ ဒီကြေးတွေ သိထားတော့ အော် သူတို့ရောင်းတဲ့ဈေးက အရင်းသာ သာ ပဲလေ quality ကောင်းကောင်းနဲ့ တိုက်တစ်လုံးဆောက်ရင်တော့ တကယ့် ကွန်ဒိုဆို များတော့ မများဘူး။ ဆိုတဲ့ စိတ်လေးနဲ့ပေါ့ သွားကြည့်တာပါ။ ဘာတဲ့ ရေးထားသေးတယ် သိန်း ၃၀ သာ ယူခဲ့ပါတဲ့။
အင်း ဟိုလည်း ရောက်ရော အဲဒီမှာ စတွေ့တာပဲ Professional မဟုတ်တဲ့ မော်ဒယ်တွေငှားပြီး အရောင်းဝန်ထမ်းတွေ လုပ်ခိုင်းထားတာ။ ဝယ်တဲ့လူတွေကလည်း ကျိတ်ကျိတ်တိုး ကြက်ပျံမကျ စည်ကားနေတဲ့ လူအုပ်ကြီး။ ဟိုအခန်းမေးလည်း ကုန်ပြီ။ ဒီအခန်းမေးလည်း ကုန်ပြီနဲ့။ ဆက်ပြီး ကောင်မလေး တစ်ယောက်ကို တွေ့တော့ (မော်ဒယ်တွေကို အမည်ခံငှားထားတဲ့ အရောင်းဝန်ထမ်းဖြစ်မယ့်ပုံ) မေးကြည့်တယ်။ သူက ဒီအခန်းကျန်မယ် ဟိုအခန်းလေးကျန်မယ် ဟိုဟာက ကုန်ပြီ ဒီဟာ ကုန်ပြီနဲ့။ ဈေးလည်းမေးရော သိန်း ၁၄၀၀ တဲ့။ အဲဒါနဲ့ အခန်းကို ဘယ်တော့အပ်မလဲဆိုတော့ အစ်ကိုတို့ သိန်း ၃၀ ပေးပြီး စာချုပ်ချုပ်တဲ့နေ့ကနေ ၇ လ ကြာမှ စဆောက်မှာတဲ့။

အဲဒီမှာတင် ကိုယ်တော်လည်း သဘောပေါက်လိုက်ပြီ။ သူက ဆက်မေးတယ် ဘယ်အခန်းဝယ်မှာလည်း အခုငွေချေပေါ့။ ကျွန်တော်က စဉ်းစားဦးမယ်။ နောက် အခန်းလေးတစ်ခန်းကို လက်ညိုးညွှန်ပြပြီး ဈေးသိချင်လို
့မေးလိုက်တာ။ professional မဟုတ်တဲ့ မော်ဒယ်တဖြစ်လဲ အရောင်းဝန်ထမ်း မမက လစ်သွားတာ ပေါ်မလာ လိုက်ဘူး။

အဲဒီတော့မှပဲ ကျွန်တော်လည်း လျှို့ဝှက်ချက်တွေ သဘောပေါက်တော့တယ်။

ကဲ ရှင်းပြမယ်။ တစ်ခုတော့ ကြိုပြောဦးမယ်။ မင်းက ဒီလောက် ဘာလို့သိလဲမေး။ ကျွန်တော်က စီးပွားရေးသမားပဲဗျ။ ဘဏ်မှာလည်း ရှယ်ရာရှင် တစ်ဦးပဲ။ အစိုးရအဖွဲ့ထဲက ထိပ်တန်းလူကြီးအချို့နဲ့လည်း သိတော့ မြန်မာပြည်ဈေးကွက်စနစ်ကို တီးမိခေါက်မိတယ်လေ။ မင်းက ဘာလို့မလုပ်လဲမေးရင်။ ကျွန်တော်လေ ကိုယ်တိုင်သာ အလိမ်ခံမယ် သူများတော့ သွားမလိမ်ဘူး။ မလှည့်တပတ်မလုပ်ဘူးဗျ။ ကျွန်တော့်ဘာသာ ကျွန်တော် တိုင်းပြည်ကောင်းကျိုးပြုတဲ့ စီးပွားရေးပဲ လုပ်မယ် ကိုယ့်ပညာနဲ့ ကိုယ်နေမယ် မအအောင်တော့ လည်မှဖြစ်မယ်လို့ ယုံကြည်လို့ သူများလိမ်တဲ့အလုပ်တော့ မလုပ်။
ထားပါတော့။ ပြောမယ်။ တိုက်ခန်းတွေကို သိန်း ၃၀ နဲ့ စစခြင်းရောင်းမယ်။ အရောင်းဝန်ထမ်း professional မထားဘူး။ ထားစရာလည်း မလိုဘူးလေ။ လစာတွေ အတော်ပေးရတာကို real estate အရောင်းဝန်ထမ်းက ကျွမ်းကျင်ရင် ကျွမ်းကျင်သလို ပေးရတာ။ တကယ့် professional တွေဆို အနည်းဆုံး ၂၅ သိန်းလောက်ကနေ သိန်း ၁၀၀ ကျော်အထိ လစာရှိတယ်။ အဲဒီတော့ မော်ဒယ် လိုလို ဘာလိုလိုတွေကို နှုတ်တိုက်သင်ပေးမယ်။ ဒီ ၂ ရက်တည်း ရောင်းပေး ယုံပဲ တစ်နေ့ ၁ သိန်းဆို ၁ သိန်း ၂ သိန်းဆို ၂ သိန်းပေါ့။ အဲဒီတော့ ရောင်းတဲ့ မော်ဒယ် မမတွေ ကလည်း ပိုက်ဆံထုတ်ပိုက်လာတဲ့ လူတွေပဲ ရုပ်လေးပြ ရောင်းယုံပေါ့။
ကဲ သိန်း ၃၀ နဲ့ လူ ၁၀၀ ဝယ်ရင်ပဲ သိန်း ၃၀၀၀ ရနေပြီ။ အဲဒီ သိန်း ၃၀၀၀ လောက်နဲ့ မှ အိမ်ကို စဆောက်ယုံ ဆောက်ပြ။ လိုအပ်တဲ့ငွေကို အိမ်နဲ့ စီမံကိန်းပြပြီး ကျွန်တော်တို့လို ဘဏ်တွေဆီကနေ သူချေးတော့မယ်။ အဲဒီမှာ ဘဏ်ချေးငွေအတွက် အတိုးဆိုတာ လာပြီ။ အဲဒီ အတိုးကို လူတွေဆီက တစ်လ ၈ သိန်းနဲ့ ၁၀၀ အတွက်ဆို သိန်း ၈၀၀ အသာလေး ဆပ်ယုံပဲ။ စီမံကိန်းလည်းပြီး ရော ဘဏ်ချေးငွေကို ပြန်ဆပ်ချင် ဆပ် မဆပ်ခြင် လူတွေဆီက ၁လ ၈ သိန်းနဲ့ ၁၀ နှစ်စာ တောင်းယုံပဲ ဒါတောင် ၈ သိန်းဆိုတာက အခြေခံ အသေးဆုံး အခန်း sqf က ၇၀၀ ဝန်းကျင်။ ၇၀၀ ဝန်းကျင်နဲ့ ကွန်ဒိုလို့ ပြောလို့ မရဘူး။ ဘာ facilities မှ မပါတာ။ ဆိုတော့ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တယ်ဆိုတာ သဘောပေါက်လိုက်တယ်။
ကဲ ... ထားပါတော့... လူတွေဆီကနေ ပိုက်ဆံနဲ့ဆောက်တယ်ထား... အခု မနက်တင် အရောင်းဈေး စဖွင့်တာ အခန်းတွေ အားလုံးနီးပါး ကုန်တာ ဖြစ်နိုင်လား။ တကယ် ကုန်တာလည်း ရှိသလို ကိုယ့်လူကိုယ် ပိုက်ဆံပြန်ပေးပြီး လူအမြင်ကောင်းအောင် ကိုယ့်အခန်းကို ပြန်ဝယ်ခိုင်းတာတို့ဘာတို့လည်း ရှိသေးဦးမှာ။ ပြီးတော့ တကယ်ဝယ်မယ့်သူက ဒီအခန်းမရတော့ဘူးဆို ဒီအခန်းမှ လိုချင်ယင် အစောက ဝယ်သွားတဲ့ သူ့လူ ပိုင်ရှင်အမည်ခံနဲ့ မိတ်ဆက်ပေး ကိုယ့်ဘာသာကိုယ် ပြန်ညှို အဲ နည်းနည်း အမြတ်ပေး ပြန်ဝယ်ပေါ့။ ဒါဆို ၂ ခါ ပိုက်ဆံ ရတယ်လေ။ သဘောပေါက်တယ်ဟုတ်။ လုပ်နည်း ဂွင်လေးတွေက အဆန်းပေါ့။ မသိတဲ့ စီးပွားရေးသမားမဟုတ်တဲ့ ဆောက်လုပ်ရေး ဘဏ်အကြောင်း နားမလည်တဲ့သူကတော့ မျက်စိသူငယ် နားသူငယ်နဲ့ ယုံ။

အဲဒီ အချိန်တန်တော့ သူတို့လို ကွန်ဒို အသေးလေး မပြောနဲ့ diamond condo တောင် အခု အခန်း အပ်ဖို့ ၁ နှစ် နောက်ဆုပ်သွားပြီ။ မြန်မာပြည် မြေဈေးကွက်အခြေအနေက ပြသနာကြီးနေတယ်။ နောက် အခု ကွန်ဒိုက ဂရန် နှစ် ၆၀ တည်း ဆိုတော့ တကယ်က ကွန်ဒို ဥပဒေနဲ့ ကွဲထွက်နေတယ်။ ရုတ်တရက အစိုးရ အကြပ်အတည်း တစ်ခုခုကြောင့် ပြသနာ တစ်စုံတစ်ရာကြောင့် ဆက်လက် မဆောက်ပါနဲ့ ဘာညာ တစ်ယောက်ယောက်က ကန့်ကွက်ရင် သေပြီပေါ့။ အခုတောင် ရွှေတိဂုံဘုရားနားက စီမံကိန်း ဝယ်တဲ့သူအချို့ အဆုံးတောင်ခံနေကြတာ။
ဆိုတော့လေ...
ကိုယ့်ဘာသာကိုယ်တွေးရင်းပဲ ပြန်လာလိုက်တယ်...
အော်... ပြောတော့ လေတစ်လုံး မိုးတစ်လုံး.. မြန်မာပြည်က လူလတ်တန်းစာတွေ အိမ်ပိုင်ဖို့ ဘာညာနဲ့... တကယ်က ဂျင်းကို အတုန်းလိုက်ကို ထည့်နေတာဆိုတာ သဘောပေါက်လိုက်မိတယ်...
သူများ သိက္ခာချချင်လို့ ဒီ post ကို ရေးတာ မဟုတ်ပေမယ့် အခြားသော စီးပွားရေးသမား မဟုတ်တဲ့ ဘဏ်တွေအကြောင်း နားမလည်တဲ့သူတွေ စဉ်းစားမိအောင်ပါ။
ကျွန်တော်ကတော့ ကြိုပွိုင့်ဆို ဘယ်ကြိုပွိုင့်မှ စိတ်မချရဘူးပဲ ဆိုချင်တယ်။ အခုတောင် father land ပိုင်ရှင်တောင် ထွက်ပြေးနေရတယ်လေ ဖိုး တွန်တီး အမှုနဲ့... မြန်မာပြည် စီးပွားရေး အခြေအနေ မကောင်းတာ တကယ်ပဲဗျို့.... မြန်မာပိုက်ဆံ ဖော်ငးပွ သထက်ဖောင်းပွလာပြီ။ ရှေ့ရှောက် ပိုဖောင်းပွဖို့ပဲ ရှိတယ်လို့ စေတနာ ပရပွနဲ့ အသိပေးရင်း နိဂုံးချုပ်အပ်ပါတယ်။
သစ္စာ
၂၀၁၅ ခုနှစ် မေလ ၂၆ ရက်

(မြန်မာအသင်း ကမ္ဘာ့ဖလားကန်ရန် ၄ ရက်အလို)

No comments:

Post a Comment