Saturday, October 5, 2013

KTV ဆိုင်တွင် လူသတ်မှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၎
၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရ သဖြင့် သွားရောက်ကြည့်ရှုရာ KTV ဆိုင်၏အခန်းအမှတ် V-2 ၌ သားဖြစ်သူ မောင်ဇော်မှာ ဓါးဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို လည်းကောင်း၊ အခန်းအမှတ် V-9 တွင် တစ်ရပ်ကွက်တည်းနေ ကိုသူ ၊ (ဘ)ဦးညွန့်ဝင်းမှာ ဓါးဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် စုံစမ်း အရေး ယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၂၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် တိုင်း/ခရိုင်မှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းစစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့  - ရဲဇာနည် ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန် ထားပါသည်။

No comments:

Post a Comment