Saturday, October 5, 2013

မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင်စစ်ဆေးပြီ


မန္တလေး ၊ အောက်တိုဘာ ၃
မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံး ဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် အမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး ဖော် ထုတ် သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာ လူတစ်ဦးကိုလည်း စတင် စစ်ဆေးနေ ပြီဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သေဆုံးသူ သုံးဦးစလုံးသည် မျက်နှာနှင့် ဦးခေါင်းတို့တွင် ထုရိုက်ဒဏ်ရာများရရှိထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကုမ္ပဏီမန်နေ ဂျာ ဦးလှဖုန်းကျော်၏ ပြောဆို ချက်အရ ကုမ္ပဏီအပေါ် ထပ်အ ရှေ့ဘက်ခန်းရှိ အမြင့်သုံးပေ၊ တစ် ပေခွဲပတ် လည် အကျယ်ရှိ Leeco အမျိုးအစား မီးခံသေတ္တာသော့အား မာသောကိရိယာဖြင့်ဖွင့်ရန် ကြိုးစားမှုတွေ့ရှိရသော်လည်း ပစ္စည်းတစ်စုံ တစ်ရာပျောက်ဆုံးမှု မတွေ့ရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦး က ရန်ကုန်တိုင်းမ် နေ့ စဉ်သတင်းစာသို့ ပြောသည်။

''အခုဖြစ်ပွားတဲ့ ပုံစံကတော့ မီးခံသေတ္တာထဲက ပစ္စည်းကို ရယူ ဖို့အတွက် တရားခံကကြိုးစားခဲ့ ပုံကို စစ်ဆေးတွေ့ရှိရတယ်။ မီးခံ သေတ္တာဆိုတော့ လွယ်လွယ်ကူကူ ဖွင့်လို့မရတာကြောင့် အထဲက ပစ္စည်းတွေကတော့ နဂိုအတိုင်း ရှိပါတယ်။ မသင်္ကာဖွယ် ရာနေ့စား ဝန်ထမ်းကိုလဲ စတင်စစ်ဆေးနေပြီ ဖြစ်လို့ အမှုမှန်အမြန်ဆုံးပေါ် ပေါက်တော့မှာပါ''ဟု ယင်းက ဆက်လက်ရှင်းပြသည်။

အဆိုပါမှုခင်းဖြစ်စဉ်တွင် ဦးဟန်သောင်း အသက် ၇၀ PSS ကုမ္ပဏီလုံခြုံရေးဝန်ထမ်း၊ (အမရ ပူရ)၊ ဦးတင် လှိုင် ၅၄ နှစ် PSS ကုမ္ပဏီလုံခြုံရေးဝန်ထမ်း (အမရ ပူရ)နှင့် ဒေါ်ကြည်ဟန်၊ ၃၈ နှစ် (အမရပူ ရ)တို့သေဆုံးခဲ့သည်။ အမှုဖြစ်ပွား ခဲ့သည့် ကုမ္ပဏီသည် မန္တလေးမြို့ချမ်းမြသာစည်မြို့ နယ် မြို့သစ် (၁)ရပ်ကွက် ၆၉လမ်း နှင့် နှင်းဆီလမ်းထောင့်တွင် တည် ရှိပြီး အောက်တိုဘာ ၂ရက်ကအ ရောင်းဝန် ထမ်းဖြစ်သူ သက်ပိုင်စိုး သည် ပစ္စည်းများလာရောက် ထုတ် ယူရန်အတွက် လာရောက် စဉ် ခြံ ဝင်းအတွင်း လူသုံးဦး လဲကျနေ သည်ကို တွေ့ရသောကြောင့် ကုမ္ပ ဏီတာဝန်ရှိသူ ဦးလှဖုန်းကျော်မှ တစ်ဆင့် ရဲစခန်း သို့အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများအနီးမှ  Shower  တံဆိပ်ပါ သဲကြိုးအစိမ်းတပ် ထား သည့်  နံပါတ် ၁ဝခွဲ အဖြူ ရောင်ဖိနပ်တစ်ရံ၊ ကျွတ်ထွက်နေ သည့် သွားတစ်ချောင်းတို့ကို သက် သေခံပစ္စည်းများ အဖြစ်သိမ်းဆည်း ရမိထားကြောင်းသိရသည်။

ခွန်စိုင်းအောင်

No comments:

Post a Comment