Thursday, October 10, 2013

ဟိုတစ်မျိုးဒီတစ်မျိုး အမျိုးမျိုး ပြောနေကြတဲ့ မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေးဟာ လွယ်မယောင်နဲ့ ခက် 
တိမ်မယောင်နဲ့နက် ဆိုရိုးစ ကားလိုဖြစ်
လာပြီလို့ ထင်မြင်မိပါတယ်။ ၂၀၀၈ 
ဖွဲ့စည်းပုံအခြေခံဥ ပဒေနှင့် အတူ ပေါ်ပေါက်လာသော ဦးသိန်းစိန် အစိုးရအဖွဲ့ကလည်း သတ္တမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးကို ပြန်လည် ကျင်းပနေပါပြီ။ ပုံမှန် လုပ်ရိုးလုပ် စဉ်အတိုင်း ဦးရွှေမန်း ဦးဆောင်ပြီး ပြည်သူ့ကိုယ်စားပြု ဆောင်ရွက်နေကြ တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိသလို ဘေးထိုင်ဘုတော ပြောနေကြသူတွေကလည်း ရှိနေပြန်ပါတယ်။

မြန်မာ့ဒီမိုကရေစီလမ်းကြောင်းမှာ ခလုတ်တိုက်နေတာက ဖွဲ့စည်းပုံ အ ခြေခံဥပဒေကိစ္စပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေဟာ ပြည်သူ တစ်ရပ်လုံးရဲ့ ဆန္ဒမပါဘဲ ရေးဆွဲထားတဲ့အတွက် ပြင်မယ်၊ အသစ်ရေးဆွဲ မယ် တကဲကဲလုပ်နေကြသူတွေလည်း ရှိပါတယ်။ ဒါဆိုရင် အခုလွှတ်တော်မှာ တက်ရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဘယ်သူတွေ မဲပေးခဲ့ကြပါလိမ့်၊ သူတို့ ကိုယ်တိုင်သူတို့ မဲပေးပြီး ဖြစ်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တော့ ဟုတ်မယ်မထင် ပါဘူး။ ပြည်သူလူထု အားလုံးမဟု တ်ခဲ့ရင်တောင် အများစု ထောက်ခံမှုရခဲ့ လို့သာ လွှတ်တော်ကိုယ်စား လှယ် ဖြစ်လာကြသူတွေပဲဖြစ်ပါတယ်။

ကိုယ်လိုချင်ရာကိုယ်ဆွဲပြောပြီး ပြည်သူနဲ့အစိုးရကြားမှာ အမြင်မကြည်လင် မှုတွေဖြစ်အောင် လုပ်နေကြတာ လည်း တွေ့ရပါတယ်။ လက်ရှိအုပ် ချုပ်နေတဲ့ ဦးသိန်းစိန်အစိုးရကို အပြစ်ရှာပြီး အမျိုးမျိုးဝေဖန်မယ်၊ သူတို့ အကျိုးကို လုပ်ပေးနိုင်မယ်လို့ ယူဆထားတဲ့ ခေါင်းဆောင်တွေကို နာမ ည်ကြီးအောင်ချီးမြှင့်မြှောက်စားမယ်၊ ၂၀၁၅ အတွက် တောင်ကြိုတင်ပြင် ဆင်အနိုင်ရဖို့လုပ်နေတဲ့ သူတွေတောင် ရှိနေပြီ။ ဒါပေမယ့် ၂၀၁၅ ဟာ ရောက်မလာသေးသလို လက်တွေ့အကောင် အထည်မဖော်နိုင် သေး တဲ့အတွက် စိတ်ကူယဉ်သက်သက်သာ ဖြစ်နိုင်ပါတယ်။ လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဘက်က မြင်ပေးရင် ကိုယ့်နိုင်ငံအတွက် အကျိုးရှိမှာအမှန်ပဲ ဖြစ်ပါတယ်။

ဟိုလိုဒီလိုပြောနေတဲ့ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုဟာ ဖွဲ့စည်းပုံကိစ္စပဲ တကြော်ကြော်အော် ဟစ်နေပြီး နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ အဓိကကျတဲ့ ငြိမ်းချမ်းရေးကိစ္စကိုတော့ တစ်ခွန်း တစ်လေတောင် ဟတာ မကြား ရပါဘူး။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ဖို့ တိုက်တွန်းပေးတာရှိသ လား မေးစရာဖြစ်နေပါပြီ။ အာချောင်တဲ့ အလုပ်ဟာ အသက်အန္တရာယ်နဲ့ ရင်းရတဲ့အခါ ကျတော့ ဘာသံမှကို ထွက်မလာတော့ပါဘူး။ အစိုးရက ဘာမှမလုပ်မှန်းသိတော့ အမျိုးမျိုးသပုတ်လေလွင့် ပြောရဲလာကြတယ်။ သူတို့ကို လာသတ်မယ့်သေနတ် ကိုင်ထားတဲ့ အဖွဲ့အစည်းတွေကျတော့ ဘာမှ မပြောရဲဘူး ဆိုတာ ရှင်းနေတာပါပဲ။

ဟိုတလောက ကြားလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ တပ်မတော်ကို မပါဝင်ဖို့ NLD ဥက္ကဋ္ဌ ဒေါ်စုကြည်က ပြောသွားတယ်လို့ သိရတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ % ပါဝင် နေတဲ့ကိစ္စကို အမြင်မကြည်လင်ဘူးနဲ့ တူပါတယ်။ ဒါဆိုရင် ဒေါ်စု ကြည်ကို တစ်ခု လောက် တောင်းဆို ကြည့်ချင်ပါတယ်။ မငြိမ်းချမ်းသေး တဲ့ ဒေသတွေမှာ ငြိမ်းချမ်းအောင် လုပ်ပေးပါ။ အဲဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ ဖက်ဒ ရယ်ပြည်ထောင် စုဖြစ်လာအောင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာကျင့်သုံးနေတဲ့ ဖက်ဒရယ်မူနဲ့အ ညီဖြစ်အောင် လက်နက်တွေကိုစွန့်အောင် စည်းရုံးလိုက်ပါလား။ ဒါဆိုရင် ဒေါ်စုကြည် ပြော တဲ့ နိုင်ငံရေးအခင်း အကျင်းထဲမှာ တပ်မတော်က ပါစရာအကြောင်း မရှိပါဘူး။

အဲဒီလို တစ်နိုင်ငံလုံး မငြိမ်းချမ်းသရွေ့တော့ တပ်မတော်ဟာ မြန်မာ့နိုင် ငံရေးမှာ ပါဝင်နေဦးမှာပဲလို့ မြင်ပါတယ်။ ကဲ…ဒီသမ္မတ သက်တမ်းကုန်တဲ့ အထိ စောင့်ကြည့်ပါဦးမယ်။ တစ်နိုင်ငံလုံး ငြိမ်းချမ်းသွားမလားဆိုတာ။ ၂၀၁၅ မှာ တက်လာမယ့် သမ္မတ သက်တမ်းထိ ရှည်ကြာဖို့ပဲ လမ်းမြင်ပါ တယ်။ အကြောင်းပြချက်က ရှင်းပါတယ်။ အဲဒီ လက်နက်ကိုင်အဖွဲ့အ စည်းတွေ ဟာ ဘယ်တော့မှ လက်နက်စွန့်လွှတ်မှာ မဟုတ်လို့ပါဘဲ။ မလွှဲမရှောင်သာ လက်နက်ကို လက်နက်နဲ့ ဖြေရှင်းမယ်ဆိုရင် စစ်တပ်ကပဲ ဖြေရှင်းပေး နိုင်မယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါ တယ်။

မြန်မာ့နိုင်ငံရေးဟာ ဟိုကတစ်မျိုး ဒီကတစ်မျိုး အမျိုးမျိုးပြောနေကြ လို့ ပြည်သူက ဘယ်ဟာအမှန်၊ ဘယ်ဟာ အမှားလဲဆိုတာ မဆုံးဖြတ် တတ်တော့ပါဘူး။ ပြီးရင် ဘယ်စနစ်က ကောင်းတယ်၊ မကောင်းဘူဆို တဲ့ ဖြောင့်မတ် မှန်ကန်စွာ ပြောပြပေးနိုင်တဲ့ လူတွေလည်း မရှိသလောက် ရှားပါတယ်။ အချင်းချင်းနေရာရဖို့ အာဏာရဖို့ ငြင်းခုံ ဝေဖန်တိုက် ခိုက်နေတာနဲ့ပဲ အချိန်ကုန်နေကြတာပါ။ ဒီလိုသာ ရှေ့ဆက်သွား ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ရင်လေးစရာဖြစ်နေပြီဆိုတာ နိုင်ငံ သူ၊ နိုင်ငံသားအားလုံး သတိပြုမိစေဖို့ အသိပေးရေးသားလိုက်ရခြင်း ဖြစ်ပါ တယ်။

ငြိမ်းချမ်း
အမေ့အိမ်

No comments:

Post a Comment