Wednesday, October 9, 2013

မြန်မာ့စီးပွားရေး၂၀၃၀ပြည့်နှစ်တွင် ၄ဆကောင်းမည် ဟုဆို

မြန်မာနိုင်ငံသည်ဒီမိုကရေစီ စနစ်သို့ကူးပြောင်းပြီးနောက် နိုင်ငံတကာ ၏စီးပွားရေးပိတ်ဆို့ မှုများပြေလျော့ပေးခြင်းအခွင့်အရေးများ ရရှိထားမှုနှင့်အတူ နိုင်ငံတကာကုမ်္ပဏီကြီး များကို မြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်း ကြီးလာရောက်ရင်းနှီးမြုပ်နှံရန်ဆွဲ ဆောင် လျက်ရှိသည်။

ယခုအခါမြန်မာနိုင်ငံ၏စီးပွား ရေး၊ နိုင်ငံရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲမှုများကြောင့်နိုင်ငံတကာ ၏ရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာ ပြီး စီးပွားရေးGDP ကဏ္ဍတွင် ဖွံ့ဖြိုးစပြုနေပြီဖြစ်သည်။၎င်းနှင့် ပတ်သက်၍MCK insey Glob al Institute  ၏ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာ့စီးပွားရေး တိုးတက်လာရန်အင်တာနက်နှင့် မိုဘိုင်းဆက်သွယ်ရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လျှင်မြန် စွာအကောင်အထည်ဖေါ်ဆောင် ရွက်နိုင်မည်ဆိုပါလျှင်ကမ္ဘာပေါ်၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင် မြန် ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ၂၀၁၀ခုနှစ်၏ GDP သည်အမေရိ ကန်ဒေါ်လာ(၄၅) ဘီလီယံရှိခဲ့ရာ မှ ၂၀၃၀ခုနှစ်သို့ရောက်လျှင် GDP သည်အမေရိကန်ဒေါ်လာ (၂၀၀)ဘီလီယံသို့ တိုးတက်လာမည့် အလားအလာရှိလာပြီ၊ဆင်းရဲနွမ်း ပါးသောပြည်သူလူထု(၁၈)သန်း ကိုလည်းလူမှုဘ၀များဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ရကြောင်းသုံသပ်ချက် အရသိရှိရသည်။
MCK insey Global In     stitute သည်အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ Jermyn  လမ်းအမှတ် (၁)တွင်တည် ရှိပြီး၊ ၁၉၆၂ခုနှစ် ကတည်းက မစ္စတာဂျိမ်းအိုမက် ကင်ဆေးကစတင် ထူထောင်ခဲ့ပြီး နိုင်ငံ တကာ၏ စီးပွားရေး၊ ငွေရေး ကြေးရေးကဏ္ဍများအခက်အခဲ များ၊ ကုမ္ပဏီလုပ်ငန်းကိစ္စများ တွင်အကြံပြု ချက်မျာြး ဖင့် ကူညီ လျက်ရှိကြောင်းသိရှိရသည်။From : .. hot news

No comments:

Post a Comment