Thursday, October 3, 2013

၁ ရက်တည်း လေကြောင်းလိုင်း ၃ လိုင်း ခရီးစဉ်သစ် စတင်ပြေးဆွဲ

အာက်တိုဘာ ၁ ရက်နေ့က ဂျပန် 
 All Nippon Airway(အေအန်အေ)
 လေကြောင်းလိုင်း၊ စင်ကာပူအခြေ
စိုက် Tiger Air လေကြောင်းလိုင်းနဲ့ 
ထိုင်းအခြေစိုက် Bangkok Airway၊
 လေကြောင်းလိုင်း ၃ လိုင်းဟာ ခရီး
စဉ်အသစ်တွေ ပြေးဆွဲခဲ့ကြကြောင်း
 လေယာဉ်လက်မှတ် အရောင်းဌာ

နတွေက ပြောပြပါတယ်။
 
အရင်က ထိုင်ခုံ ၃၈ ခုံပါ လေယာဉ်ငယ်တွေနဲ့ ရန်ကုန်-တိုကျို ၁ ပတ် ၃ ကြိမ် ပြေးဆွဲနေတဲ့ ဂျပန် အေအန်အေလေကြောင်းလိုင်းဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ထိုင်ခုံ ၂၀၀ ပါတဲ့ ဘိုးရင်း ၇၆၇ လေယာဉ်ကြီးနဲ့ နေ့စဉ် ပြေးဆွဲပါတယ်။ ဈေးနှုန်းသက်သာတဲ့ တိုက်ဂါးလ်အဲယား လေကြောင်းလိုင်းဟာလည်း အဲဒီနေ့မှာပဲ ရန်ကုန် – စင်ကာပူ ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲပါတယ်။
လက်ရှိ အချိန်ထိ ရန်ကုန် – ဘန်ကောက် တနေ့ ၃ ကြိမ်ပြေးဆွဲနေတဲ့ ဘန်ကောက်အဲယားဝေးဟာလည်း အောက်တိုဘာ ၁ ရက်နေ့က နေပြည်တော် – ဘန်ကောက် ခရီးစဉ်တွေကို စ ပြီးပြေးဆွဲခဲ့ပါတယ်။
ခုအခါ ရန်ကုန်မှာ နိုင်ငံတကာလေကြာင်းလိုင်းတွေ ပြေးဆွဲမှု များလာတာမို့ ညအချိန် ပြေးဆွဲ ဆင်းသက်မှုတွေကိုပါ လုပ်နေရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဟံစိန်က အမျိုးသားလွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ 

.. www.MyanmarExpress.net

No comments:

Post a Comment