Thursday, October 3, 2013

တိုင်းရင်းသားများ ပြည်ထောင်စုမှ ခွဲထွက်ခြင်း မရှိဆိုသည့် သဘောထား ရပ်တည်ချက်သည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျေနပ်မှုအရှိဆုံး ရလာဒ် ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြား

ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။
 ငြိမ်း ချမ်းရေးဖြစ်စဉ်၏ အားရမှု 
အ ရှိ ဆုံးရလဒ်သည် တိုင်းရင်းသား များက ပြည်ထောင်စုမှ ခွဲထွက် ခြင်းမပြုဆို သည့် သဘောထား ရပ်တည်ချက်ကို အခိုင်အမာဆုပ် ကိုင်ထားခြင်း ပင်ဖြစ်ကြောင်း
သမ္မတဦးသိန်းစိန်က အောက်တို ဘာအတွက် မိဘပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်း တွင် ထည့်သွင်းပြောကြားသွား သည်။

ယင်းအချက်မှာ မိမိတို့ သဘောအလျောက် ပြည်ထောင်စု အတွင်း ပါဝင်ခြင်းဆိုသည့် အ ခြေခံမူကို ထင်ဟပ်စေသည်ဟု လည်း သမ္မတက ပြောသည်။
နိုင်ငံတော်သမ္မတက လစဉ် ပြောကြားနေသည့် ရေဒီယိုမိန့် ခွန်းဖြစ် သည့် အောက်တိုဘာ ၁ရက်က ပြောကြားရာတွင် အ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
သမ္မတက ခေတ်အဆက် ဆက် တွင် ငြိမ်းချမ်းရေးတည် ဆောက်မှုကို အစဉ်တစိုက်ကြိုး ပမ်းခဲ့ကြကြောင်း၊ လုပ်ဆောင်မှု ပုံစံနှင့် စိတ်စေတနာ မှန်ခြင်း၊ မှား ခြင်းသည် သမိုင်းက ဆုံးဖြတ်ပေး မည့် ကိစ္စ ရပ်ဖြစ်ကြောင်း၊ သေ ချာ သည်မှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ် လုံး လိုလားတောင့်တနေသော ခိုင်မာ၍ ရေရှည်တည်တံ့သည့် ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေး ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့အစိုးရသစ်ဖွဲ့စည်း ပြီးမကြာမီ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအား လုံးကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရန်အတွက် ဖိတ်ခေါ်ခဲ့ပြီး အဖွဲ့အစည်းအားလုံးကလည်း အ ပြုသဘောတုံ့ပြန်ခဲ့ကြကြောင်း၊ အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်များကို အောင်မြင်စွာရေး ထိုးနိုင်ခဲ့သည့်တိုင် မလွှဲမရှောင် နိုင်သည့် ထိတွေ့မှုများရှိခဲ့သလို အချင်းချင်းညှိနှိုင်းမှုဖြင့် တိုက်ပွဲ ပေါင်းများစွာကို လည်း ရှောင်လွှဲ နိုင်ခဲ့ကြောင်း သမ္မတက ပြော ကြားခဲ့သည်။

လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ ယာယီကော်မတီအ တွင်းရေးမှူး ဦးအောင်ဇေယျက ''တိုင်းပြည်မှာ ပွင့်လင်းမြင်သာမှု အားနည်းနေသေး တယ်။ ပွင့်လင်း မြင်သာမှုမရှိတာရဲ့ အဓိကအား နည်းချက်ကလဲ ပုဒ်မ-၁၈က အ ဓိကအားနည်းချက်ပဲ။ ပုဒ်မ-၁၈ ကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် ပြည်သူ လူထုက သူတို့ရင်ထဲမှာ ရှိတာကို လွတ်လပ်စွာ ဖော်ကျူး လာနိုင်မယ်''ဟု ပြောသည်။

လက်ရှိအခြေအနေ တွင် နိုင်ငံသားတစ်ဦးချင်းစီ ပူးပေါင်း ပါဝင်သည့် အမျိုးသားရေးအင် အားစုတစ်ရပ် တည်ဆောက်နိုင် ပါက အားလုံး ရယူပိုင်ဆိုင်လိုသည့် ငြိမ်းချမ်းရေးရရှိမှာဖြစ်ကြောင်း၊ အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးအင်အားစုအ သီးသီး၊ အရပ်ဘက် လူ့အဖွဲ့အ စည်းများ၊ စီးပွားရေးအသင်းအ ဖွဲ့များ၊ လူမှုရေး၊ ဘာသာရေးအ သင်းအဖွဲ့များ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်မှ နိုင်ငံတကာငြိမ်းချမ်းရေးနေ့အခမ်း အနားကိုလည်း မြို့ကြီးတချို့ မှ ပြည်သူများ က ငြိမ်းချမ်းရေးလို ချင်သည့်ဆန္ဒ၊ လူငယ်များ၏ တက် ကြွလှုပ် ရှားမှုများသည်လည်း ပြည် သူများပါဝင်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်းကိုလည်း သမ္မတက ပြောသည်။

 .. www.MyanmarExpress.net

No comments:

Post a Comment