Thursday, October 17, 2013

"ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကတာဝန်ရှိသူများအား သတင်းပို့ပြီး ဆောင်ရွက်ရန်နည်းလမ်းများအား အသိပေးနှိုးဆော်ခြင်း"

From : ..popular
(၁) ဗုံး(သို့)မသင်္ကာဖွယ်ပစ္စည်းတစ်ခုခုကို

 တွေ့ရှိပါက ကိုင်တွယ်ခြင်း၊
ရွှေ့ပြောင်းခြင်းမပြုလုပ်ပဲ သက်ဆိုင်ရာ

တာဝန်ရှိသည့်ဌာနသို့
အမြန်ဆုံးသတင်းပို့အကြောင်းကြားရန်
(၂) သက်ဆိုင်ရာတာဝန်ရှိသည့် ၀န်ထမ်းများမှ ဗုံး(သို့)မသင်္ကာဖွယ်ရာ
တစ်ခုခုတွေ့ရှိသည့် နေရာပတ်ဝန်းကျင်မှ လူများအား သတိပေးဖယ်ရှားရန်နှင့် အမှတ် အသား အလံစိုက်ထူထားရှိရန်
(၃) ဗုံးနှင့်ဗုံးဟု မသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိပါကအနီးပတ်ဝန်းကျင်ရှိလူများအားရှင်းလင်း

၍မိုင်းစွန့်ကျင်းသို့သွားရောက်ထည့်ခြင်း၊သဲအိတ်၊ကားတာယာ၊အ၀တ်အထည် အိတ်စသည့်အနီးအနားရှိပစ္စည်းများဖြင့်ကာရံထားရှိရန်
(၄) မသင်္ကာဖွယ်ရာတွေ့ရှိသည့်ပတ်ဝန်းကျင်သို့တာဝန်မရှိသူများဝင်ရောက်မှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်း၍လုံခြုံရေးဆောင်ရွက်ရမည်။ယာဉ်ပိတ်ဆို့မှုမရှိစေရေးအတွက်
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ လွှဲပြောင်းမောင်းနှင်စေရန်စီစဉ်ဆောင်ရွက်ပေးရမည်။
(၅) အနီးပတ်ဝန်းကျင်ရှိ အရေးကြီးပစ္စည်းများနှင့်မီးလောင်စေတတ်သောပစ္စည်းများအား အဝေး သို့ရွှေ့ရန်။
(၆) ဗုံး(သို့)ပေါက်ကွဲစေတတ်သောပစ္စည်းသေချာပါက စစ်မြေပြင်အင်ဂျင်နီယာတပ်မှ မိုင်းရှင်း စစ်သည် များနှင့် တာဝန်ရှိများထံတင်ပြပြီး တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် သက်မဲ့ဖြစ်အောင်
ဆောင်ရွက်ရန်၊
ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကမိဘပြည်သူများထိခိုက်မှုမဖြစ်စေရေးအတွက် အထက်ပါ အတိုင်းလိုက်နာဆောင်ရွက်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အသိပေးနှိုးဆော် အပ်ပါသည်။

No comments:

Post a Comment