Saturday, October 5, 2013

ဂျပန်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ကမ်းခြေအတု


 

ကနေ့ ကမ္ဘာတစ်လွှားမှာ ကမ်းခြေ အတုတွေ ရေပန်းစားနေပါပြီ။ မိုနာ ကို၊ ဟောင်ကောင်၊ ပဲရစ်၊ ဘာလင်၊ ရိုတာဒမ်၊ တော်ရန်တို အပြင် အခြားသော ကမ္ဘာ့အထင်ကရ မြို့ ကြီးတွေမှာ လူလုပ် ကမ်းခြေ အတု များ ရှိနေပါပြီ။ ယင်းထဲမှာမှ ကမ္ဘာ့ အကြီးဆုံး ကမ်းခြေအတု ကတော့ ဂျပန်နိုင်ငံ Miyazaki မှာ ရှိတဲ့ Seagaia ocean Dome ပဲ ဖြစ်ပါ တယ်။
ပုံမှာ မြင်တွေ့နေရတဲ့ ကမ်းခြေပါပဲ။ အရှည် မီတာ ၃၀၀၊ အကျယ် မီတာ ၁၀၀ ရှိပြီး အထဲမှာ တကယ့် ကမ်းခြေ ပုံစံအတိုင်း ဖြစ်အောင် ဖန်တီးပေး ထားပါတယ်။ အပြင်မှာ ဘယ်လောက်ပဲရာသီဥတုတွေ ပြောင်း

လဲနေပါစေအထဲမှာ နေသာနေတဲ့အနေ အထားအတိုင်း ဖြစ်အောင် အ ပူချိန်ထိန်းညှိပေး ထား ပါတယ်။ လေထု အပူချိန် ၃၀ ဒီဂရီဆဲလ်ဆီးရပ်စ် ဖြစ်ပြီး ရေက ၂၈ ဒီဂရီ ဖြစ် ပါတယ်။ ပြီးတော့ မီးတောင် အတုလည်း ထားရှိ ပေးထားပါတယ်။ မီးတောင် အတုကလည်း ၁၅ မိနစ် တစ် ခါ ပေါက်ကွဲပြီး မီးခိုး၊ ပြာတွေ ထွက်ပါတယ်။ ရေကန်ကိုလည်း ကမ်းခြေက သဲတွေနဲ့ တကယ်ပြုလုပ် ထည့်သွင်း ထားတာပါ။ လိုင်းများ ဖြစ်ပေါ်အောင် လည်း ဖန်တီးပေးထားပါတယ်။

ဒါကြောင့် တကယ့် အပြင်က ကမ်းခြေအစစ် မဟုတ်တောင် အစစ်လိုနီးပါးဖန်တီးပေးထားတဲ့ Seagaia ဟာ ကမ္ဘာ့ အကြီးဆုံး ကမ်းခြေအတုအဖြစ် လူသိများကြောင်း သိရပါတယ်။
 

.
Ref: kispower
 
Aung Kham ( International news for myanmar)

No comments:

Post a Comment