Friday, October 18, 2013

ဗုံးပေါက်မှုများသည် အစိုးရလုပ်သည်ဟု စွပ်စွဲမှုများမှာ အခြေအမြစ်မရှိ၊ သတ္တိရှိရင် နေပြည်တော်ကို သွားဖောက်ကြလို့ သရုပ်ဆောင်လူရွှင်တော် ဇာဂနာဆို

ယခုတလော မြန်မာနိုင်ငံအနှံ့ဗုံးပေါက်
ကွဲမှုများ နှင့် ပတ်သက်၍ ဧရာဝတီမှ 
မစပ်စုက အနုပညာရှင်များ၏ သုံးသပ်ဝေ ဖန်မှုတွေကို တွေ့ဆုံမေးမြန်းခဲ့ သည်။ ထိုအထဲမှ လူရွှင်တော် ဇာဂနာအား ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထင်မြင် သုံးသပ် ချက်ကို မေးမြန်း ရာတွင် ဇာဂနာက ဗုံးဖောက် သူတွေကို ရှုတ်ချပြီး သိုးနေပုတ်နေတဲ့ အတွေးအခေါ်တွေကိုထားခဲ့ရန်လိုကြောင်းသတ္တိရှိရင် နေပြည်တော်သို့ သွားဖောက်ကြ ဟု ဖြေဆို ခဲ့သည်။ 
"ဘာဗုံးပေါက်တာမှ မကြိုက်ဘူး။ လုပ်တဲ့လူတွေကို အပြင်းအထန်ရှုတ်ချတယ်။သူတို့ အဲဒီလိုလုပ် လို့ ပြည်သူတွေက အစိုးရကို မမုန်းဘဲ ပိုပြီး ကျောကပ်သွားလိမ့်မယ်။ အစိုးရ လုပ်တယ် ဆိုတာမျိုး စွပ်စွဲကြ တာလည်း အခြေအမြစ်မရှိဘူး။ မြန်မာ -အမေရိကန် ဆက်ဆံရေး ထိခိုက်စေချင် လို့ မြန်မာပြည်ထဲကို ခရီးသည်တွေ မ၀င်စေချင်လို့ ဆိုတာမျိုး သိုးနေပုပ်နေတဲ့ အတွေးအခေါ်တွေ ထားခဲ့ကြပါတော့လို့ ပြောချင်တယ်။ သတ္တိ တကယ်ရှိကြရင် နေပြည်တော် သွားဖောက်ကြ လို့ ပြော လိုက်ပါရစေ။" သရုပ်ဆောင် လူရွှင်တော် ဇာဂနာက ပြောသည်။မြန်မာနိုင်ငံတွင် ၁၉၉၆  ခုနှစ် ယခင် တပ်မတော်အစိုးရလက်ထက်က မြန်မာ့ခရီးသွားနှစ် ၁၉၉၆ ဆိုပြီး နိုင်ငံတကာနှင့် ဆက်ဆံ ရန် ကြိုးပမ်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံသို့ မလာရောက်ကြရန် အတွက်ထိုအချိန်ကနာမည်ကြီး အတိုက် အခံအချို့၏ နိုင်ငံတကာသို့ပိတ်ပင်ပြောဆိုမှုကြောင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အခွင့်အလမ်းများဆုံးရှုံးခဲ့ရသည်။

New Myanmar News

No comments:

Post a Comment