Tuesday, October 15, 2013

၂နှစ်ကြာ ဇာတ်ကားရိုက်ကူးမှု နားထားရာက ပြန်လည်ပြီး ဇာတ်ကားတွေရိုက်လာတဲ့မယ်လိုဒီ

ဇာတ်ကားရိုက်ကူးမှုတွေရပ်နားခဲ့တဲ့ မယ်လိုဒီ ဟာ အောက်တိုဘာ ၇ရက်နေ့ကဇာတ်ကား ရိုက်ကူးမှုတွေကို ပြန်လည်ရိုက်ကူး နေပြီဖြစ် ပါ တယ်။ ပထမဆုံး ဇာတ်ကား ကို တော့ ‘ကောင်းကင်ထက်က မြစ်တစ်စင်း’ ဆိုတဲ့ ဇာတ် ကားကို ထိုက်စံမော့စ်၊ ဒါရိုက်တာဗေဒါတို့နဲ့ ရိုက်ကူးနေတာဖြစ်ပါတယ်။ မယ်လိုဒီက ဇာတ် ကားရိုက်ကူးမှုတွေ နှစ်နှစ်တာ ကာလ မလုပ်ဖြစ် ပေမယ့် ဗီစီဒီတွေတော့ ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ဇာတ်ကားတွေ မရိုက်တော့ဘူး ဆိုရာ က ပြန်လည်ရိုက်ကူးဖြစ်ပုံကို “ဇာတ်ကားက ပြန်ရိုက်ဖို့ ပထမဆုံး လက်ခံ ထားတာက ဒါရိုက်တာ ဦးထွန်းအောင် ဇော်၊ နောင်နောင်တို့ နဲ့ ရိုက်ဖို့ပါ။ သူတို့က လည်း ပြန်ရိုက်စေချင် တယ်။ မျိုးကိုချစ် တဲ့ ပရိသတ်က လည်း ပြန် ရိုက်စေချင်တဲ့ အတွက် ရိုက်ဖြစ်တာပါ။ ဒါပေမဲ့ အခုဒီကားတွေက အရင် ရိုက်ဖို့ဖြစ်လာတဲ့ အတွက် ရိုက်ဖြစ်သွားတာ။ ဇာတ်ကားရိုက်ကူးမှုတွေ နားတာက ကြားထဲ မှာနှစ်နှစ်လောက်ရှိပြီ။ ဒါပေမဲ့ ကြားထဲမှာ မသဲနုဝါ၊ သန္တာဗိုတို့ အခွေကိုမေတ္တာ လက်ဆောင် အနေနဲ့ ဗီစီဒီရိုက်ပေးခဲ့တယ်။ အခုဟီရူးစကား ကြော်ငြာစရိုက်ဖြစ်ပြီး ဇာတ်ကားတွေ  ပြန်ရိုက်ဖြစ် တာပါ။ အခုဇာတ်ကားပြန်ရိုက်တော့ အကုန်လုံး နွေးနွေးထွေးထွေး ပါပဲ။ အသက်အရွယ် ရလာ လို့လားတော့ မသိဘူး။
သိပ်စိတ်မလှုပ်ရှားတတ်တော့ဘူး။ လူဆိုတာတော့ စိတ်လှုပ်ရှားတတ်ပေ မယ့် အရင်လိုမဟုတ်ဘူး။ အရင်တုန်းက ငယ်တဲ့တစ်လျှောက်မှာ စိတ်လှုပ် ရှားရင် အမှားပါ တယ်။ အခုက ပိုဆင်ခြင်နိုင်တယ်။ အမှားလည်း နည်းနည်း နည်းသွားတာပေါ့။ အခုက နားလိုက်တဲ့အချိန်မှာ ဦးနှောက်ရော၊ စိတ်၊ ခန္ဓာ ကိုယ်ရော အနားရသွားတယ်။ စဉ်းစားချိန်၊ ပြင်ဆင်ချိန်ရတယ်။ တောက် လျှောက် အလုပ် လုပ်နေတဲ့ အခါကျတော့ လူက weak ဖြစ်လာတာပေါ့။ အခု ကျတော့ နားနေရာက ပြန်လုပ်တော့ အားပြည့်နေ တာပေါ့။ အခု မပင်ပန်းဘူး။ သက်သောင့်သက်သာလည်းရှိတယ်” လို့ ပြောပြပါတယ်။

ဇာတ်ကားရိုက်တွေကို လတ်တလောမှာတော့ ငါးကားလက်ခံထား တာဖြစ်ပြီး လက်ခံတဲ့အခါ အဓိက ဇာတ်ကိုပဲ ကြည့်ဖြစ်တယ်လို့ ပြော ပြပါတယ်။ “နားတဲ့အချိန် တုန်းက ဇာတ်ကားတွေကို တီဗီက ကြုံကြိုက် တဲ့ အခါကြည့်ဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ သူကို စွဲလမ်းရင် သူ့အိုက်တင်ပဲ ဖြစ် နေမှာပေါ့။ ကိုယ်ရှိတာနဲ့ ကိုယ်လုပ်နိုင် သလောက်လေးကိုပဲ ရိုးရိုး သားသားလုပ်ရမှာပေါ့။ ကော်ပီကူးတာ မကောင်းဘူးလေ။ အဲဒီလိုပဲ ကိုယ့်ကားကိုယ်ပြန်ကြည့်တော့ တစ်ကားနဲ့တစ်ကား ဇာတ်ရုပ် မတူ ဘူး လေ။ အဓိကက ဇာတ်ကိုပဲ ကြည့်တယ်။ ဇာတ်ကိုလည်း ဟော့ဟော့ရမ်းရမ်းတွေက မလိုက်တော့ အဲဒီလို ဇာတ်တွေလည်း လာမပြပါဘူး။ ဇာတ်ကားတွေကိုတော့ အခုလက်ခံထားတဲ့အထိတော့ ရိုက်ဖြစ် သွားမှာပါ။ အဆုံး အထိတော့ မပြောရဲသေးပါဘူး။ လက်ခံထားတဲ့ ကားတွေကို ကောင်းကောင်း မွန်မွန်နဲ့ သပ်သပ်ရပ်ရပ်လေး ရိုက်ချင်တယ်။ မျိုး အိုက်တင်တွေ ကြည့်ပြီး ဝေဖန်ပေးပါ။ အဆင်ပြေ မယ်လို့မျှော် လင့်ပါတယ်။ တစ်ခါတလေ ကျရင် အရင်တုန်းက လုပ်ချင်ဇောနဲ့ လုပ် တာမျိုးလေးတွေ ရှိခဲ့တယ်။ အရင် ကတည်းက ဘယ်မင်းသားရယ်လို့ ရွေးပြီး မရိုက်ခဲ့ဖူးဘူး။ များသောအားဖြင့် အသစ်တွေနဲ့ ရိုက်ရတာ များတယ်။ လိုအပ်ချက်ရှိရင် ဖြည့်စွက်ပြီး နားလည်ပေးပါ။ မျိုး ကားရိုက်တွေ နားလိုက်တာကို ကြိုက်တာ လည်းရှိသလို၊မကြိုက်တာလည်းရှိတယ်။ ကြိုက်တာတောင် နှစ်မျိုးပေါ့။ အစကတည်းက မျိုးကို မကြိုက်တာနဲ့ နောက်တစ်မျိုးက ချစ်တဲ့အတွက် အေးအေးဆေးဆေး နားစေချင်တာမျိုး၊ ဇာတ်ကားတွေ ပြန်ရိုက်စေ ချင်တာ မျိုးတွေပေါ့။ အမျိုးမျိုးပါပဲ” လို့ပြောပြပါတယ်။ မျက်စိ ကျန်းမာရေးအတွက်လည်း ကားရိုက်တဲ့ သူတွေနဲ့ နားလည် မှုယူပြီး လုပ်သွားမယ်လို့ပြောပြတဲ့ မယ်လိုဒီက “အခု မျက်လုံးကတော့ သေသေချာချာ စစ်ထား တယ်။ ဒါပေမဲ့ ကားရိုက်နေရင်းနဲ့ တစ်ခုခုဖြစ်ခဲ့ရင် ဆေးခန်းပြန်ပြရမှာပေါ့။ ဒါကိုလည်း နားလည်မှု ယူထားပါတယ်။ မျက်စိက စွံပြီး ခြစ်ထုတ်ရမယ့် အခြေအနေဆိုရင်ပေါ့။ တော်ရုံေ လာက်ဆိုရင် တော့ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မီးထိုးတာ တအားပြင်းလာတဲ့ အချိန်မျိုးတွေ တအားပူလာတဲ့ အချိန်တွေဆို မျက်စိထိမှာစိုးလို့ပါ” လို့ ပြောပြပါတယ်။

No comments:

Post a Comment