Thursday, October 17, 2013

တေးသံရှင် စန္ဒီ၁၅၀၀ အစာအိမ် ရောဂါဖြင့် ကွယ်လွန်


တေးသံရှင် စန္ဒီ၁၅၀၀ အစာအိမ် ရောဂါဖြင့် ကွယ်လွန်
တေးသံရှင် ဩရသ ရေးစပ်ပြီး သူ့ရဲ့ ၁၅၀၀ ဆိုတဲ့ တစ်ကိုယ်တော် စီးရီးမှာ ပါဝင်တဲ့ လက်ခုပ်နှစ်ဖက် သီချင်းနဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့တဲ့ တေးသံရှင်စန္ဒီ ၁၅၀၀ ဟာ အောက်တိုဘာလ ၁၆ ရက်နေ့၊ မနက် ၁၂နာရီ၊ မိနစ် ၂၀ အချိန်မှာ သူနေထိုင်ရာ ဗဟန်းမြို့နယ် အိမ်မှာ အစာအိမ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း စန္ဒီရဲ့ မိခင်ဖြစ်သူ ဒေါ်မြတ်မြတ်က The Voice ကိုပြော ပါတယ်။ “သမီးလေး ကအစာအိမ် ရောဂါ ဖြစ်နေတာ တော်တော်လေးကြာ ပါပြီ။ ဒီရက်ပိုင်း မှာတော့ အစာအိမ်ရောဂါ အပြင် အသည်းရောင်၊
အသားဝါ ရောဂါပါ ထပ်ဖြစ်ပြီး ရောဂါက ပိုဆိုးလာပြီး ဆုံးသွား တာပါ။
သမီးက သူ့ရဲ့ ဒုတိယ စီးရီးထွက်ဖို့ လုပ်နေတာပါ။ သီချင်း ရှစ်ပုဒ်တောင် သွင်းထားပြီး ပါပြီ” လို့ စန္ဒီရဲ့ မိခင်ဖြစ်သူက ထပ်လောင်းပြောကြား ပါတယ်။ တေးသံရှင် စန္ဒီ(ခ) မအေးမြတ်စန္ဒီသော်ဟာ အသက် ၃၀ အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့၊ ညနေ ၃နာရီ အချိန်မှာ ရေဝေး သုဿန်သို့ ပို့ဆောင် မီးသဂြိုလ်မှာ ဖြစ်ကြောင်း ဒေါ်မြတ်မြတ်က ဆိုပါတယ်။

No comments:

Post a Comment