Saturday, October 5, 2013

အရေးပေါ်လူနာတင်ယာဉ်ခေါ်ဆိုမှု နံပါတ်ပြောင်း

ရန်ကုန်-အရေးပေါ်လူနာတင်ယာဉ် 
ဆက်သွယ်ခေါ်ယူနိုင်ရန်ဂဏန်းလေး
လုံးပါ အရေးပေါ်ဖုန်းလိုင်းသို့ စ
တင်ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း 
အရေးပေါ်လူနာအသက်ကယ်တင်ကု
သပို့ဆောင်ရေးဖောင်ဒေးရှင်းမှ သတင်း
ရရှိသည်။
ပြည်တွင်းတွင် အသုံးပြုခဲ့သည့် နံပါတ်များသည် မှတ်သားရခက်ခဲပြီး လိုင်းကျပ်မှုများကြောင့် လူနာတင်ယာဉ်ခေါ်ဆိုမှုတွင် အ ခက်အခဲများရှိခဲ့သဖြင့် မြန်မာနိုင်ငံဆရာဝန်အသင်း၏ တောင်းဆို ချက်အရ ခေါ်ရလွယ်ကူသည့် နံပါတ်အဖြစ်ပြောင်းလဲသွားမည်ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေးသတင်းအချက်အလက် နည်းပညာဝန် ကြီးဌာန ဒုတိယ၀န်ကြီးက ပြော ကြားခဲ့ခြင်းဖြစ်သည်။
အရေးပေါ်လူနာတင်ယာဉ်အတွက် Hotline တယ်လီဖုန်း နံပါတ် “၁၈၃၀” သို့ ခေါ်ဆိုနိုင်ပြီး ယခင်က နံပတ်ကိုးလုံးပါတယ် လီဖုန်းနံပါတ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် ကမ္ဘောဇဘဏ်၏ လူနာတင်ယာဉ်နှင့် စက် ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနား၌ပြောသည်။
“မှတ်ရလွယ်ကူတဲ့ နံပါတ်တော့မဟုတ်ပေမယ့် အရင်ထက် စာရင်ဒီနံပါတ်က တော်တော် အဆင်ပြေသွား တယ်။ အရင်က ဖုန်း နံပါတ်က မှတ်ရခက်တဲ့အတွက် လူလည်းသိပ်မသိခဲ့ ဘူး”ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌဒေါက်တာကျော်မြင့်နိုင်ကပြောသည်။
မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဦးဆောင်၍ ဧရာဝတီဖောင်ဒေးရှင်း၏ အလှူဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးသော အရေးပေါ် အသက်ကယ်နိုင်မည့် စက်ပစ္စည်းများ၊ ကျွမ်းကျင် ဆရာဝန်နှင့် ဆေး ဘက်ဆိုင်ရာဝန်ထမ်းများပါဝင်သည့်အရေးပေါ်လူနာအသက်ကယ်တင်ကုသပို့ဆောင်ရေး 
 ဖောင်ဒေးရှင်းကို ပြီးခဲ့သည့်နှစ်ကစတင်တည်ထောင်ခဲ့သည်။

ဝန်ဆောင်မှုစတင်ခဲ့သည့် အချိန်အတွင်းယာဉ်မတော်တဆမှုဖြင့် လူနာ ၇၀ ကျော် အပါအ၀င်အရေးပေါ်ကျန်းမာရေးပြဿနာများဖြင့် လူနာ ၄၀၀ ကျော်ကို ဆေးရုံသို့ အချိန်မီပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထိုဖောင်ဒေးရှင်းမှသိရသည်။

အရေးပေါ်အသက်ကယ်နိုင်မည့် စက်ပစ္စည်းကိရိယာများနှင့် ၀န်ထမ်းများပါရှိသည့် လူနာတင်ယာဉ် ငါးစီးဖြင့် ရန်ကုန်စည် ပင်သာယာ နယ်နိမိတ်များတွင် စတင်ဆောင်ရွက်နေပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးချဲ့ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

“အခုက တကယ်လိုအပ် ချက်နဲ့ ယှဉ်ရင် သိပ်မလုပ်နိုင်သေးပါဘူး။ နေရာက မြို့နယ်ဖြစ် နေတဲ့အခါဝေးတဲ့ မြို့နယ်တွေ က လှမ်းခေါ်ရခက်တော့ သိပ်မတွင်ကျယ်သေးဘူး။ နောက်ပိုင်းတော့ သက်ဆိုင်ရာ မြို့နယ်တွေ အ လိုက် အနီးဆုံးရောက်နိုင်အောင် ထပ် တိုးချဲ့ဖို့ရှိတယ်”ဟု    ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆီးဂိမ်းမတိုင်မီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အသက် ကယ်နိုင် သည့် လူနာ တင်ယာဉ် ၀န်ဆောင်မှုစတင်နိုင် ရန် စီစဉ်နေကြောင်း သိရသည်။

No comments:

Post a Comment