Friday, October 11, 2013

ကာမကိစ္စအလို့ငှာ သွေးဆောင်စည်းရုံး ပို့ဆောင် ပေးသူများ အပေါ် အရေးယူ

ရန်ကုန်၊ အောက်တိုဘာ ၁၀
၎.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ဒဂုံမြို့နယ်နေ မ-----နှင့် သူငယ်ချင်းဖြစ်သူ မ------- တို့သည် ရွှေတိ ဂုံစေ တီတော် တောင်ဘက်စောင်းတန်းတွင် ရှိနေစဉ် မနီနီအောင်(ခ)မမိဖြူ၊ ဗဟန်းမြို့နယ်နေ သူ မှ ပြင်ဦး လွင်မြို့ ရှိ  စားသောက်ဆိုင်တွင် မော်ဒယ်ရှိုးလျှောက်ရမည်၊ ငွေများများရမည်၊ လုပ်မည်ဆို လျှင်ဆက်သွယ်ပေး မည်ဟု ပြောသဖြင့် လုပ်မည်ဟုပြောဆိုခဲ့ကြောင်း၊ ၅.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀ အချိန် မနီနီအောင်နှင့်အတူ မယုဇန၊ မသက်တို့ရောက်ရှိလာပြီး တွေ့ဆုံခဲ့ကြောင်း ၆.၁၀.၂၀၁၃ရက်နေ့ ၁၈၀၀အချိန်တွင် မယုဇန၊မသက် တို့နှင့်အတူ မ------နှင့် မ------တို့သည် ပြင်ဦးလွင်မြို့သို့ထွက်ခွါခဲ့ရာ

၇.၁၀.၂၀၁၃ရက်နေ့ နံနက်တွင် ပြင်ဦး လွင်မြို့ရှိ နေအိမ်တစ်အိမ်သို့ရောက်ရှိခဲ့ကြကြောင်း သိရှိရပါသည်။
မ------နှင့် မ------တို့သည်အဆိုပါနေအိမ်ရှိအမျိုးသမီး(၇)ဦးခန့်အနက်မှ နှစ်ဦးနှင့်အလုပ်အကြောင်း ပြော ဆိုစဉ် မော်ဒယ်ရှိုးလျှောက်သည့်လုပ်ငန်းအပြင်မကောင်းသည့်လုပ်ငန်းများကိုလည်းလုပ်ကိုင်ရကြောင်း 

 ပြောပြ သိရှိရသဖြင့် မ-----နှင့် မ-----တို့ (၂)ဦးမှာ ၇.၁၀.၂၀၁၃ရက်နေ့တွင်ပင် ရန်ကုန်မြို့သို့ ပြန် လည်ထွက်ပြေးလာခဲ့ပြီးကာမစပ်ယှက်ရန်ရည်ရွယ်၍အကျင့်ဖျက်ဆီးခြင်းခံရမည်ကိုသိလျက်နှင့် သွေးဆောင် စည်းရုံး ပို့ဆောင်ပေးခဲ့သူ မနီနီအောင်ပါ (၃)ဦးအား အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဒဂုံမြို့မရဲ စခန်း (ပ)၂၂၂/၂၀၁၃၊ ပုဒ်မ ၃၆၆/၁၁၄ဖြင့် အမှုဖွင့်ကာ မနီနီအောင်အား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး မယုဇနနှင့် မသက်တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment