မိုးဆက်တိုက် ရွာသွန်းလာသဖြင့် ချင်းတွင်းမြစ်ဝှမ်း တွင် လည်း
မြစ်ရေကြီးသည့်အခြေအနေများဖြစ်ပေါ်
လာနိုင်
ကြောင်းမိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ဇူ လိုင်လ ၃၁
ရက်တွင်ပြောကြားသည်။
"ချင်းတွင်းမြစ်အထက်ပိုင်းဖြစ်တဲ့ ခန္တီးတို ဟုမ္မလင်း တို
့ကတော့ အနီရောင်...အဆင့်ဖြစ်နေပြီ အနီရောင် အဆင့် ဆိုတာ ရေကြီး မူ
့အန္တရယ်မြင့်မားနေပြီ မုံရွာ ကတော့ သတိထားရမဲ့အနေ အထားဖြစ်နေပြီ နောက် ၃
ရက်လောက်ဆိုမုံရွာလဲကြီးနိုင် တယ်" ဟုဒေါက်တာထွန်း လွင်ကပြောသည်။
မိုးလေ၀သသတင်းများထုတ်ပြန်ပေးနေသော အမေရိကန်အာကာသသိပ္ပံ (နာဆာ)၏
တိုင်းထွာချက်များ အရ
ဘင်္ဂလားအော်တွင်မုတ်သုန်လေ အားကောင်းနေ ပြီးတောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော
အပူပိုင်း မုန်တိုင်းမှာလည်း
ဗီယက်နမ်ကမ်းခြေ ကိုဖြတ်ကျော် ၀င်ရောက်နိုင်သဖြင့်မြန်မာနိုင်ငံတွင်နောက် ၂
ရက်မှ ၃ ရက်ထိ မိုးများနေဦးမည်ဖြစ်သည်။
နာဆာမှတိုင်းထွာရရှိသော ရေဖုံးလွှမ်းခံနေရသောဒေသများမှာ
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည် နယ် အနောက်အလယ်ပိုင်း၊
ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊
ကရင်ပြည် နယ်၊ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းမြောက်ပိုင်းတို
့ဖြစ်သည်။
No comments:
Post a Comment