ရွှေသံလွင်မီဒီယာ၊ Forever Group၊ အက်ဖ်အမ်များအား
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်ရာတွင် ယခင်ကဥပဒေမရှိဘဲ
အစိုးရအဖွဲ့ အမိန့်ညွှန်ကြားချက်၊ စာချုပ်စာတမ်းများဖြင့် လုပ်ကိုင်နေခြင်း
ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ပါသည်။
သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသော ပြည်ထောင်စု
အဆင့် ၀န်ကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင်
The Daily Eleven သတင်း စာ ၏ မေးမြန်း ချက်ကို ပြန်လည်ဖြေကြားရာတွင်
ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဥပဒေမှာ ယခုမှ ရေးဆွဲနေခြင်းဖြစ်ပြီး ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးမှ
စာချုပ်များ ပြန်ပြင်ချုပ် ကာ လုပ်ကိုင်မည်ဟုလည်း ထည့်သွင်း ဖြေကြားခဲ့ သည်။
အသံလွှင့် လုပ်ငန်းနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း လုပ်ငန်းများကို
အစိုးရကသာ လုပ်ကိုင်ခွင့် ရှိပြီး ပုဂ္ဂလိကဖြင့် လုပ်ကိုင်မည်ဆိုပါက
အမိန့်ညွှန်ကြား ချက်များဖြင့် လုပ်ကိုင်ခွင့်ရှိရာ လက်ရှိ တွင် ပြန်ကြားရေး
ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင်မည်သို့ခွင့်ပြုချက်ဖြင့်လုပ်ကိုင်နေခြင်း အပေါ် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဥပဒေပညာရှင်တွေနဲ့ ပေါင်းပြီး ဒါတွေအားလုံး ဆွဲနေတယ်။ လွှတ်တော်မှာ
အတည်ပြုပြီးရင် လက်ရှိ လုပ်နေတဲ့ ရွှေသံလွင်တို့ Forever တို့နဲ့
စာချုပ်တွေကိုလည်း နောင်ပေါ်လာမယ့် ဥပဒေနဲ့ ညီအောင် ပြန်လုပ်ရမယ်။
တစ်ကယ်ဟိုတုန်းက ဥပဒေမရှိဘူး။ အစိုးရအဖွဲ့ရဲ့ အမိန့်ကြေငြာစာနဲ့
စာချုပ်စာတမ်းနဲ့ ကျွန်တော်တို့ လုပ်ခဲ့လို့ပါ ...
မေးမြန်းချက်အပေါ် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က
ပြန်လည်ဖြေကြား ရာတွင် ''ရေဒီယိုနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေကို အစိုးရကပဲ
လုပ်ပိုင်ခွင့် ရှိပါတယ်။ ရွှေသံလွင်နဲ့ Forever Group နဲ့ ဘယ်လို
လုပ်ကြလည်းဆိုရင် ဟိုတုန်းက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားနဲ့ အကျိုး အမြတ်
ခွဲဝေတဲ့ စနစ်နဲ့ လုပ်နေပါတယ်။ လုပ်တဲ့အခါမှာလည်း နှစ်ဖက်ချုပ်ဆိုမယ့်
စာချုပ်ကို အရင်လုပ်ရပါတယ်။ အဲဒီစာချုပ်ကို ရှေ့နေချုပ်ရုံးကို တင်ပြတယ်။
ရှေ့နေချုပ်ရုံး ကနေ ၀န် ကြီး ဌာနကနေ အစိုးရအဖွဲ့ကို တင်ပြပြီး အစိုးရအဖွဲ့
ခွင့်ပြုချက်နဲ့ လုပ်တာပါ။ သူတို့တင် မဟုတ်ဘူး။ လက်ရှိလုပ်နေတဲ့ FM Station
တွေအားလုံးကလည်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရယ်၊ တိုင်းဒေသကြီး
အစိုးရအဖွဲ့ရယ် ဖြစ်ပါတယ်။ နောင်သွားမယ့် စနစ်က ရေဒီ ယိုနဲ့ ရုပ်မြင်သံကြား
ထုတ်လွှင့်မှု ဥပဒေကြမ်းကို ကျွန်တော်တို့ဆွဲနေတယ်။ ၂၀၀၈ ၂၀၀၇ ကတည်းက စဆွဲတာ။
ဒါပေမဲ့ အစိုးရသစ် ရောက်လာတော့ သမ္မတကြီးချပေးတဲ့ ဒီမိုကရက်တစ်
စံနှုန်းတွေနဲ့ရော၊ နိုင်ငံတကာ စံနှုန်းတွေနဲ့ရော ကိုက်မကိုက်ကို
ကျွန်တော် တို့က နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခေါ်ပြီးပြတဲ့ အခါမှာ
လွဲချော်နေတာတွေ ရှိတယ်။ ရှိတော့ ကျွန်တော်တို့ရယ်၊ ယူနက်စကိုရယ် အမေရိကန်
အစိုးရကပေးတဲ့ အင်တာနေရှင်နယ် မီဒီယာ Support ကပေးတဲ့ အဖွဲ့က
ဥပဒေပညာရှင်တွေနဲ့ ပေါင်းပြီး ဒါတွေအားလုံး ဆွဲနေတယ်။ လွှတ်တော်မှာ
အတည်ပြုပြီးရင် လက်ရှိလုပ်နေတဲ့ ရွှေသံလွင် တို့ Forever တို့နဲ့
စာချုပ်တွေကိုလည်း နောင်ပေါ် လာမယ့် ဥပဒေနဲ့ညီအောင် ပြန်လုပ်ရမယ်။
တစ်ကယ်ဟိုတုန်းက ဥပဒေမရှိဘူး။ အစိုးရအဖွဲ့ရဲ့ အမိန့်ကြေငြာစာနဲ့
စာချုပ်စာတမ်းနဲ့ ကျွန်တော်တို့ လုပ်ခဲ့လို့ပါ'' ဟု ပြောကြားခဲ့သည်။
No comments:
Post a Comment