ဒီရက်ပိုင်းအတွင်း
သတင်းသမားတွေ အကြိုက် လွှတ်တော်က စီစီညံညံ အသံတွေ ကြားနေရ ပါသည်။ ကိုယ်တိုင် ကတော့
၁၉၄၇ ခုနှစ် Constitutionကို ကျောင်းမှာ သင်ခဲ့ရပြီး ၁၉၇၄ Constitution နဲ့ ၂ဝဝ၈ ခုနှစ်
Constitution ကိုတော့ ကိုယ်တိုင် တွေ့ကြုံခံစား ခဲ့ရတာမို့လို့ ဥပဒေ ပညာသင်ကြား
ခဲ့ရသူ တစ်ဦးတစ်ယောက် အနေနဲ့ သုံးသပ် ဆင်ခြင် ကြည့် ရာမှာ အခြေ ခံ အုတ်မြစ်ဖြစ်တဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေကို မှန်မှန်ကန်ကန် ဖွင့်ဆိုဖို့၊ မှန်မှန်ကန်ကန်
အသုံးချဖို့ အထူးပဲ အရေးကြီး လှကြောင်း စိတ်ထဲမှာ ဖြစ်ပေါ် ခံစားမိပါတယ်။
ဒီနေ့
ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ဥပဒေ ပညာရှင်တွေဟာ (ဘွဲ့ရဲ့ အဆင့်အတန်း၊ လုပ်ရည်
ကိုင်ရည်နဲ့ အတွေ့အကြုံ တွေ အရ) ဒီအခြေခံ ဥပဒေ ကိစ္စကို သိပ်စိတ် ဝင်စားကြပါတယ်။
လူတိုင်းလူတိုင်းက အခုဆိုရင် ဒီမိုကရေစီ အကြောင်း သိချင် နေကြတာ ဖြစ်ပါတယ်။
အလျဉ်းသင့်လို့
စာရေးဆရာ ဘုန်းအောင်ရေးသားတဲ့ ၁၉- ၈- ၂၀၁၃ရက်ထုတ် Massenger
ဂျာနယ်မှာ “Maker လား၊
တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့ ဆောင်းပါးကိုလည်း အမှတ်ထင်ထင် ဖတ်ရှုမိပါတယ်။
နိုင်ငံတစ်နိုင်ငံ ဘယ်စနစ်၊ ဘယ်လမ်း ကြောင်းနဲ့ သွားမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီ
ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူလူထုရဲ့ သဘောတူ ဆန္ဒကို ရယူပြီးမှ
ရေးဆွဲကြ ရတာ ဖြစ်ပါတယ်။ အဓိက အားဖြင့် မဏ္ဍိုင်ကြီး(၃) ရပ်ကို ဘယ်လိုပုံစံနဲ့
ခွဲဝေမလဲ ဆိုတာ ကို ရွေးချယ်ကြ ရတာ ဖြစ်ပါ တယ်။ ပါလီမန်အခြေခံတဲ့
နိုင်ငံရေးစနစ်တွေမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြု ရေး ကို ပေါင်းစည်း အသုံးပြုပြီး
သမ္မတစနစ် မှာတော့ အာဏာကြီး သုံးရပ်ကို တစ်ခု စီခွဲဝေ ထားလေ့ရှိ ကြပါတယ်။ ယခု
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မဏ္ဍိုင်ကြီး (၃)ရပ်ကို အာဏာအညီ
အမျှခွဲဝေ ပေးသောစနစ်ကို အခြေခံပြီး ကျင့်သုံး နေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့အိမ်မှာ
Sky Net မရှိတဲ့အတွက် လွှတ်တော်က ဆွေးနွေးချက်တွေကို တိုက်ရိုက် ကြည့်ခွင့် မရလို့
သတင်းစာ မှာပါတဲ့ လွှတ်တော်တွေမှာ ဆွေးနွေးမေးမြန်း ဖြေကြား တာတွေ၊ အစီ ရင် ခံစာ
တင်သွင်းတာတွေ၊ သဝဏ် လွှာပို့ကြ၊ ပြန်ကြားကြ တာတွေကိုပဲ အားပြုပြီး ဖတ်နေ ရပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က ဥပဒေသမား တစ်ယောက်ဖြစ်တဲ့ အတွက် ဥပဒေပြုရေး
လုပ်ငန်းတွေ လုပ်ဖို့ အဓိက တာဝန်ရှိတဲ့ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို ပိုမို
စိတ်ဝင်စား မိလို့ပါပဲ။ ကျွန်တော်တို့ နားလည်ထားတာက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့
တရား စီရင်ရေး ဆိုပြီး နိုင်ငံမှာ မဏ္ဍိုင်ကြီး (၃)ရပ်ခွဲခြား ထားပြီး
အဲဒီမဏ္ဍိုင်ကြီး (၃)ရပ်ဟာ မိမိတို့ရဲ့ လုပ်ငန်း တာဝန်တွေကို တတ်နိုင်သမျှ
ပိုင်းခြား သုံးစွဲရမှာ ဖြစ်သလို အချင်းချင်း အပြန်အလှန်ထိန်း ကျောင်းခြင်းလည်း
ပြုကြရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က) ကလည်း
ဒီအတိုင်းပဲ အတိ အလင်း ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။
အခုတလော
သတင်းစာတွေမှာ ပါလာတဲ့ နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာတွေ၊ နိုင်ငံတော်
သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ သတင်းထုတ်ပြန် ချက်တွေကို ကျွန်တော်စိတ်ဝင်တစား
ဖတ်မိပါ တယ်။ လွှတ်တော်က အတည်ပြုပြီး သမ္မတ လက်မှတ် ရေးထိုးဖို့ ပို့ခဲ့တဲ့ ''၂ဝ၁၃ ခုနှစ်
တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေကြမ်း''နဲ့ ''အဂတိလိုက်
စားမှုတိုက်ဖျက်ရေး ဥပဒေကြမ်း''တွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့
ယူဆရတာတွေ၊ တည်ဆဲ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆရတာတွေ၊ မြန်မာ နိုင်ငံက ပါဝင်ထားတဲ့
အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ မညီဘူးလို့ ယူဆရတာတွေ တွေ့ရလို့ သမ္မတက သဘောထား
မှတ်ချက်တွေ နဲ့ ပြန် ပို့တာ လက်မခံဘဲ မူလအတိုင်းပဲ ထားပြီး နောက်တစ်ကြိမ်
ပြန်ပို့လို့ သမ္မတက ''၂ဝ၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ
ဥပဒေကြမ်း'' ကို လက်မှတ် မထိုးဘဲ လွှတ်တော်ကို ပြန်ပို့ ခဲ့ပါတယ်။ ဘာကြောင့်
လက်မှတ်မထိုးရတာလဲ ဆိုတာကို အများပြည်သူ သိရှိစေဖို့ သတင်းထုတ်ပြန် ခဲ့တာကိုလည်း
တွေ့ရပါတယ်။ ''အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကြမ်း'' ကိုတော့ နိုင်ငံတော်
သမ္မတက လက်မှတ်ရေးထိုး ခဲ့သော်လည်း ဒီလိုလက် မှတ် ရေး ထိုးရခြင်းဟာ လွှတ်တော် ကိုယ်စားလှယ်
အများစုရဲ့ဆန္ဒကို လေးစားသော အားဖြင့် သာ လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်ပြီး
နိုင်ငံတော် သမ္မတရဲ့ တွေ့ရှိ ချက်နဲ့ သဘောထားများကို အများပြည်သူ သိရှိစေဖို့
သတင်းထုတ် ပြန်ခဲ့တာ တွေ့ရပါတယ်။
ကျွန်တော်တို့လည်း
ဥပဒေသမား ဖြစ်တော့ ထဲထဲဝင်ဝင် လေ့လာ ကြည့်တဲ့အခါ ဒီဥပဒေ ကြမ်း နှစ်ခုလုံးမှာ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီညွတ်ဘူး လို့ ယူဆရတဲ့ အချက်တွေ အများ ကြီး ပါနေတာကို
တွေ့ရတော့ ကျွန်တော် တော်တော် တောင် လန့်သွား မိပါတယ်။ ဖွဲ့စည်းပုံ အခြေ ခံ
ဥပဒေဆိုတာ နိုင်ငံမှာရှိတဲ့ ဥပဒေ အားလုံးရဲ့ အခြေခံဖြစ်တဲ့ အပြင် ပြဋ္ဌာန်းလိုက်တဲ့
ဥပဒေတ စ်ရပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နဲ့ ဆန့်ကျင်နေရင်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အတိုင်း လိုက်နာကျင့်သုံးရမည်လို့ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပုဒ်မ ၁၉၈၊ ပုဒ်မခွဲ (က)မှာ အတိအလင်း ပြဋ္ဌာန်း ထားတာကြောင့် နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်လိုက်နာ ရိုသေဖို့၊
မိမိတို့ပြု ထားတဲ့ ကတိသစ္စာ ကို ဖောက်ဖျက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့အညီ ဥပဒေ
ပြဋ္ဌာန်းဖို့ တာဝန် ပျက်ကွက်သ လို ဖြစ်ခဲ့ ကြတာ ကိုလည်း ကျွန်တော့်အနေနဲ့ ထိတ်လန့်
တုန်လှုပ်မိပါတယ်။
လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးက နိုင်ငံတော် သမ္မတရဲ့ ဥပဒေ အကြံပေးများကို သံသယ ရှိတယ်လို့
ပြောသွားတယ်။ သမ္မတကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၄ကို ရှင်းမပြကြ ဘူးလားလို့
မေးခွန်း ထုတ်ထားတာ တွေ့ရှိ ရပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း စိတ်ဝင် စားသွား ပြီး
ပုဒ်မ ၂၁၄ ကို ဖတ်ကြည့်တဲ့အခါ ပုဒ်မ ၂၁၄ဟာ နိုင်ငံတော် သမ္မတရဲ့ တာဝန်နဲ့
လုပ်ပိုင်ခွင့် ကဏ္ဍ အောက်မှ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက် ဖြစ်ပြီး အဲဒီတာဝန်နဲ့
လုပ်ပိုင်ခွင့်ကို ဘယ်လိုကျင့် သုံး ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် အသေးစိတ်က ပုဒ်မ ၁ဝ၅နဲ့
ပုဒ်မ၁ဝ၆ တို့မှာပါလို့ ယှဉ်တွဲ ဖတ်ရှုရမယ့် ပြဋ္ဌာန်း ချက်တွေ ဖြစ်တာကို တွေ့ရပါတယ်။
ပုဒ်မ ၂၁၄ကို ဖတ်ကြည့်တဲ့အခါ ပုဒ်မ ၂၁၄ဟာ နိုင်ငံတော် သမ္မတရဲ့ တာဝန်နဲ့
လုပ်ပိုင်ခွင့် ကဏ္ဍအောက်မှ ပြဌာန်းထား တဲ့ ပြဋ္ဌာန်း ချက်ဖြစ်ပြီး အဲဒီတာဝန်နဲ့
လုပ်ပိုင်ခွင့်ကို ဘယ်လိုကျင့်သုံးရမယ်ဆိုတဲ့ ပြဋ္ဌာန်း ချက် အသေး စိတ်က ပုဒ်မ ၁၀၅နဲ့
ပုဒ်မ ၁၀၆တို့ မှာ ပါလို့ ယှဉ်တွဲဖတ်ရှုရမယ့် ပြဋ္ဌာန်း ချက်တွေ ဖြစ်နေ တာကို
တွေ့ရပါတယ်။
ပုဒ်မ
၂၁၄မှာ “နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့်
ဥပဒေများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အရေးယူ
ဆောင်ရွက်ပြီး လက်မှတ်ရေး ထိုးရမည်။ ယင်းသို့ လက်မှတ် ရေးထိုး ပြီးသော ဥပဒေများ ကို
နိုင် ငံတော်ပြန် တမ်းတွင် ထုတ်ပြန်ကြေညာရမည်။” လို့ ပြဋ္ဌာန်း ထားတာတွေ့တာနဲ့ Bill
တိုင်းကို သမ္မတက လက်မှတ် ထိုးကို ထိုးရမယ်လို့ လွှတ်တော် ကိုယ်စားလှယ်က
အဓိပ္ပါယ် ပေါက်သွားပုံရတယ်။ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ
နှင့်အညီ အရေးယူ ဆောင်ရွက်ပြီး'' ဆိုတဲ့ အချက် ကို သဘော ပေါက် ရင် တော့ သမ္မတရဲ့
ဥပဒေ အကြံပေးတွေ သမ္မတကို ပုဒ်မ ၂၁၄ ရှင်းပြဖို့ လိုတယ်လို့ ပြောမယ်မထင်ပါဘူး။ အဲဒီ
လွှတ်တော် ကိုယ်စားလှယ်ကပဲ သမ္မတက ဥပဒေကို လက်မှတ် ထိုးလိုက်လို့ တာဝန် မရှိပါဘူး။
မှားစရာ ရှိရင် လွှတ်တော် ကပဲ မှားမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ၂၁၄ကို
အလေးထားဖို့ သမ္မတကြီးကို အကြံပြုလိုပါတယ်လို့ ပြောထား ပါသေး တယ်။ နိုင်ငံမှာ
ဥပဒေပြုရေး အတွက် လွှတ်တော်မှာ တာဝန်ရှိသလို လွှတ်တော်က အတည်ပြုတဲ့ ဥပဒေကို
နိုင်ငံသား အားလုံးရဲ့ အထွတ်အထိပ် ဖြစ်တဲ့ နိုင်ငံတော် သမ္မတက လက် မှတ် ရေး ထိုးပြီး
ထုတ်ပြန်ပြဋ္ဌာန်း ရခြင်းရဲ့ အနှစ်သာရကို မသိလေရော့ သလားလို့ အံ့သြတ ကြီး
ဖြစ် မိပါတယ်။
ဥပဒေပြု
အာဏာပိုင်က အတည်ပြု ပြဋ္ဌာန်းတဲ့ ဥပဒေကို နိုင်ငံတော်သမ္မတ ဦးစီးတဲ့ အုပ်ချုပ်ရေး
ဘက်က အကောင် အထည် ဖော်ရတာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အပြန်အလှန်
ထိန်းကျောင်းဖို့ ပြဋ္ဌာန်းချက်တွေ ထည့်သွင်း ပြဋ္ဌာန်း ထားတာ သတိမူကြဖို့ လိုပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီတဲ့ဥပဒေကို အတည်ပြုရင် ဥပဒေပြု အာဏာပိုင်မှာ
တာဝန်ရှိသလို အဲဒီလို မညီတာကို ထောက်မပြရင်လည်း သမ္မတမှာ တာဝန်ရှိမှာ ဖြစ်ပါတယ်။
သမ္မတက သူ့တာဝန်သူ ကျေအောင် လုပ်တာကိုပဲ နိုင်ငံသား အားလုံးရဲ့ အထွတ်အထိပ်ဖြစ်တဲ့
သမ္မတကို ''လူ့သဘာဝအရ စကားယောင် နားယောင်တာလည်း ဖြစ်တတ်ပါတယ်'' လို့
ပြောကြားခဲ့သူဟာ ဥပဒေ ပညာရှင်မို့ သေချာပြီ ဆိုပြီး ပြောလိုက် တာလား၊ ဒီလို
သေချာမသိ ဘဲ ပြောကြားခြင်း အတွက် ဝေဖန်စရာဖြစ် လာကြောင်း သံဝေဂရမိပါတယ်။
နိုင်ငံတော်
သမ္မတအား ဥပဒေရေးရာအကြံပေးနေသူ များမှာ ပြည်ထောင်စုရှေ့နေချုပ်ဟာ ဦးဆောင်
ပါဝင်နေပါတယ်။ ပြည်ထောင်စု ရှေ့နေချုပ်ဟာ ဥပဒေ ပါရဂူ ဒေါက်တာဘွဲ့ ရရှိထား သူ
တစ်ဦးဖြစ်ပြီး ဥပဒေရေးရာ နယ်ပယ်မှာ နိုင်ငံ့ တာဝန်ကို နှစ်ပေါင်းများစွာ
ကျေပွန်အောင် ထမ်းဆောင်ခဲ့ သူ၊ အတွေ့အကြုံနှင့် ဥပဒေပညာ ပြည့်စုံသူတစ်ဦး
ဖြစ်တာကို
လေ့လာ
သိရှိရပါတယ်။ နိုင်ငံတော် အကျိုးအတွက် ကူညီ ထောက်ပံ့ပေးနေသူ ဥပဒေပညာရှင်
တစ်ဦးအနေနဲ့ ဥပဒေကို ထင်သလိုသုံး၍ အကြံပေးမှာ မဟုတ်ဘူးလို့ ယူဆမိပါတယ်။
ပုဒ်မ၂၁၄
ပါ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းမယ့် ဥပဒေကို နိုင်ငံတော် သမ္မတက လက်မှတ်ရေး
ထိုးရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းချက်ဟာ (Principle) သာဖြစ်ပြီး ပုဒ်မ ၁ဝ၅နှင့် ၁ဝ၆
တို့အရ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက လက်မှတ်ထိုးခြင်း၊ မထိုးခြင်းတို့ဟာ
(Condition) ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆောင်ရွက်နိုင် တဲ့ အခွင့်အရေး
ဖြစ် ပါတယ်။ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက မဖြစ်မနေ လက်မှတ်ရေးထိုး ရမယ်ဆိုပြီး
ပုဒ်မ ၂၁၄ ကို တထစ်ချ မှတ်ယူလို့ ရမယ်ဆိုရင် ပုဒ်မ ၁ဝ၅နဲ့ ပုဒ်မ ၁ဝ၆တို့ကို
ထည့်သွင်း ပြဋ္ဌာန်းဖို့ လိုအပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန်ပြော ဆိုဖို့ စဉ်းစား
စမှာကတည်းက ဥပဒေ အခြေခံ သဘောကို နားလည်ဖို့ လိုပါတယ်။ ရှင်းလောက် ပါပြီ။
ဥပဒေပြုရေး
ကဏ္ဍကို ထိန်းကျောင်းဖို့ အတွက် နိုင်ငံတော် သမ္မတကို အပ်နှင်းထားတဲ့ တာဝန်ဟာ
အလွန်ပဲကြီး လေးလှ တာကို တွေ့ရပါတယ်။ ဒီနေရာမှာ အလျဉ်းသင့် လို့ ပြော ချင်တာလေးတွေ
ပေါ်လာပြန်ပါတယ်။ ၂၂- ၈- ၂ဝ၁၃ ရက်နေ့ ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး
၁၆ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော် မတီက
ဖတ်ကြားခဲ့တဲ့ အစီရင်ခံစာ ရှင်းလင်းခြင်းမှာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့ ၏
သတင်း ထုတ်ပြန်ချက် (၁၄/ ၂ဝ၁၃)နှင့် (၁၅/ ၂ဝ၁၃)တို့ အပေါ် ဥပဒေကြမ်း ပူးပေါင်း
ကော် မတီ ၏ လေ့လာ တွေ့ရှိ ချက်နှင့် သုံးသပ်တင်ပြချက် အစီရင်ခံစာမှာ ''နိုင်ငံတော်
သမ္မတရုံးမှ ၅- ၈- ၂ဝ၁၃ ရက် နေ့စွဲဖြင့် ပေးပို့လာသော သဝဏ်လွှာ နှင့် ၇- ၈- ၂ဝ၁၃ရက်
နေ့ စွဲဖြင့် ပေးပို့လာသော သဝဏ်လွှာများကို ပူးတွဲ ဖော်ပြသော သတင်းထုတ်ပြန်
ချက်များ သည် နိုင်ငံတော် သမ္မတက လိုက်နာရမည့်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁ဝ၅၊ ၁ဝ၆
ပါ ပြဋ္ဌာန်း ချက်တွင် အကျုံးမဝင် သည့်အပြင် ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေပြု
လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်နှင့် သော်လည်းကောင်း လျော်ကန် သင့်မြတ်မှုမရှိပါ''ဟု
ဖော်ပြထား တာ တွေ့ရပါ တယ်။
နိုင်ငံတော်
သမ္မတရဲ့ သဝဏ်လွှာတွေနဲ့၊ သတင်း ထုတ်ပြန်ရေး တွေနဲ့ ပတ်သက်လို့ လွှတ်တော် ဥပဒေကြမ်း
ပူးပေါင်း ကော်မတီက တင်တဲ့ အစီရင် ခံစာနဲ့ အဲဒီ အစီရင်ခံစာကို အတည်ပြုဖို့ အဆိုပြု
ထောက်ခံကြတဲ့၊ ဆွေးနွေးကြတဲ့ သတင်း အချက်အလက်တွေ ဖတ်လိုက် ရတဲ့အခါ ကျွန်တော့်
အနေနဲ့ နားမလည်ဘဲ ဖြစ်နေပါတယ်။ ဥပဒေကြမ်း ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာမှာ နိုင်ငံတော်
သမ္မတရဲ့ ထုတ်ပြန်ချက် တွေကြောင့် အများပြည်သူက ပြည်ထောင်စု လွှတ်တော် အပေါ်မှာ
အထင်အမြင် လွဲမှားမှုတွေ ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။
ပြီးတော့
သမ္မတရဲ့ သဝဏ်လွှာပါ ဖော်ပြချက်များဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြု
လုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ လုပ်ငန်းစဉ်များကို
ဝင်ရောက် စွက်ဖက် ရာ ရောက်တဲ့ ဖော်ပြချက်များ ဖြစ်တယ်လို့လည်း စွပ်စွဲတဲ့ သဘောမျိုး
ရေးသား ထားတာ တွေ့ ရပါတယ်။ သဝဏ်လွှာတွေ ပူးတွဲဖော်ပြတဲ့ သတင်းထုတ်ပြန် ချက်များဟာ
နိုင်ငံတော်သမ္မတက လိုက်နာရမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁ဝ၅နှင့် ပုဒ်မ ၁ဝ၆ပါ
ပြဋ္ဌာန်းချက်များမှာ အကျုံး မဝင် တဲ့အပြင် ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေပြုလုပ်ငန်း
ဆိုင်ရာ ကျင့်ဝတ်နဲ့ သော် လည်းကောင်း လျော် ကန်သင့် မြတ်မှု မရှိပါလို့လည်း
သုံးသပ်ထားပြန်ပါတယ်။
ဒီလိုပြောဆို
ဆွေးနွေးသူ ကိုယ်စားလှယ်ကြီး အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ဝမှာ
''နိုင်ငံတော် သမ္မတသည် နိုင်ငံတော်၏ မူဝါဒများနှင့် နိုင်ငံတော်၏ အခြေအနေ
အရပ်ရပ် တို့ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော်
သို့မဟုတ်ပါ အမျိုး သား လွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံ တစ်ဝန်းလုံးသို့
ဖြစ်စေ၊ အခါ အားလျော် စွာ မိန့်ခွန်းပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့်
ရှိသည်''လို့ ပြဋ္ဌာန်းထားတာကို မသိလို့ ပြောတာ လား၊ မေ့သွား လို့လား၊
ဘယ်လိုဖြစ်ရပြန် တာလဲလို့ အံ့အားသင့်ရ ပြန်ပါတယ်။
ဖွဲ့စည်းပုံအခြေခံ
ဥပဒေပုဒ်မ ၁ဝ၅နဲ့ ပုဒ်မ ၁ဝ၆တို့ဟာ ဥပဒေကြမ်း တစ်ခုကို အတည်ပြု ထုတ်ပြန်ကြေညာနိုင်
ဖို့အတွက် နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်တို့ အပြန်အလှန် ဆက်သွယ်
လုပ်ဆောင်နိုင်ဖို့ ပြဋ္ဌာန်းထားတာ ဆိုတာ ရှင်းပါတယ်။ ဒီပြဋ္ဌာန်းချက် နှစ်ခုဟာ ဝိဝါဒ
ကွဲပြား စရာ မရှိလောက်အောင် ရှင်းရှင်း လင်းလင်း ရေးသားထား တာပဲ ဖြစ်ပါတယ်။
သမ္မတ
အနေနဲ့ လွှတ်တော်က ပို့လာတဲ့ ဥပဒေကြမ်းကို ၁၄ရက်အတွင်း လက်မှတ်ထိုးပြီး ဥပဒေအဖြစ်
ထုတ်ပြန် ကြေညာ၊ ဒါမှမဟုတ် မိမိသဘောထား မှတ်ချက်ဖြင့် ဥပဒေကြမ်းကို လွှတ်တော်သို့
ပြန်လည်ပေးပို့၊ အဲဒီလို ပို့လည်းမပို့၊ လက်မှတ်လည်း မထိုးရင် သတ်မှတ်ကာ လ
ပြည့်တဲ့အခါ သမ္မတ လက်မှတ် ရေးထိုးသကဲ့သို့ ဥပဒေဖြစ်လာ ဆိုတဲ့ လုပ်ငန်း စဉ်ကို
အလွယ် တကူ နားလည်နိုင်ပါတယ်။ သမ္မတက သဘော ထားမှတ်ချက်နဲ့ ပြန်ပို့ရင် လွှတ်တော်က
သမ္မတ ရဲ့သဘောထား မှတ်ချက်ကို ဆွေးနွေးသုံးသပ်ပြီး လက်ခံရင်ပြင်မယ်၊ လက်မခံရင်
မူလအတိုင်း အတည်ပြုမယ်၊ ပြီးရင် အဲဒီ ဥပဒေကြမ်းကို သမ္မတထံ ပြန်ပို့မယ်၊ အဲဒီအခါ
သမ္မတက ၇ရက် အတွင်း လက်မှတ်ထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ၊ ဒါမှမဟုတ် သတ်မှတ်
ကာလအတွင်း လက်မှတ်ရေးထိုးခြင်း မပြုရင် သတ်မှတ်ကာလပြည့် မြောက် တဲ့ နေ့ရက်မှာ
ဥပဒေကြမ်းဟာ သမ္မတ လက်မှတ်ရေး ထိုးသကဲ့ သို့ ဥပဒေ ဖြစ်လာမှာဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်မှာ
သမ္မတ အနေနဲ့ လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ လွှတ်တော်နဲ့ အပြန်အလှန် ဆက်
သွယ်နေ ရတဲ့အခါ သဝဏ်လွှာနဲ့ ဆက်သွယ်ရပါတယ်။ အဲဒီတော့ ပုံမှန်လုပ်ငန်းစဉ်မှာတော့
သဝဏ်လွှာမှာ အထူး အထွေ ဖော်ပြဖို့ မရှိသော်လည်း အခုလို ဖွဲ့စည်း ပုံ အခြေခံဥပဒေနဲ့
မညီညွတ် တာတွေ့လို့ သဘောထား မှတ်ချက် ပေးရတဲ့ အခြေအနေ၊ သဘော ထား မှတ်ချက်ကို
လက်မခံတဲ့အခြေ အနေမှာတော့ သဝဏ်လွှာမှာလည်း ကျိုးကြောင်း ဖော်ပြ ချက် တွေနဲ့
ပြန်ကြားရတာတွေ၊ ဒီလိုအခြေအနေနဲ့ပ တ်သက်လို့ ပြည်သူကို ပွင့်လင်းမြင်သာ စွာဖြင့်
အကျိုး အကြောင်း ဖော်ပြပြီး သတင်းထုတ်ပြန်ရတာတွေ ရှိလာတာ ဖြစ်တယ်လို့ပဲ
ရိုးရိုးသားသား နားလည် သဘော ပေါက်မိပါ တယ်။ ပွင့်လင်းမြင်သာ လုပ်ကြကိုင်ကြရတဲ့
ဒီမိုကရေစီ ကျင့်စဉ်အရ ဆောင်ရွက်ခြင်း အဖြစ် မြင်ရလို့ ကျွန်တော် တို့
ပြည် သူတွေကတော့ ဝမ်း မြောက်ဝမ်းသာ ကြိုဆိုပါ တယ်။
ဒီ့ပြင်
သဝဏ်လွှာပေးပို့ခြင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၁ဝအား ကျင့်သုံး
ဆောင် ရွက်ခြင်းဖြစ်ပြီး သတင်း ထုတ်ပြန် ခြင်းဟာ ပြည်ထောင်စု အစိုးရအဖွဲ့
ဥပဒေပုဒ်မ၂၄ (က)အရ ဖွဲ့စည်းခဲ့တဲ့ ဆောင်ရွက်ချက်နဲ့ ဆက်စပ်နေတာ ကိုလည်း
တွေ့ရှိနိုင်ပါတယ်။ ဒီနေရာမှာ လွှတ်တော်က သမ္မတရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်
ကိုတောင် တားဆီး နေပြီလား လို့ လည်း စိုးရိမ် မိပါတယ်။
ဒီလုပ်ငန်းစဉ်နဲ့
အညီ ဆောင်ရွက်တဲ့ နိုင်ငံတော်သမ္မတရဲ့ ဆောင်ရွက်ချက်တွေကို ဝေဖန်ခဲ့တဲ့ ဥပဒေကြမ်း
ပူးပေါင်း ကော်မတီရဲ့ ဝေဖန်ချက်နဲ့ သမ္မတရဲ့လုပ်ဆောင်ချက် ဘယ်ဟာမှန်သလဲ
ဆိုတဲ့အဖြေကိုလည်း စဉ်းစားသုံးသပ် နိုင်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ
နိုင်ငံတော် သမ္မတ ရဲ့ သတင်းထုတ်ပြန် ချက်ကို ဝေဖန်တဲ့ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက
သူတို့ရဲ့သုံး သပ် အကြံပြုချက်တွေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်
သိရှိနိုင်စေဖို့ နိုင်ငံပိုင် သတင်း မီဒီယာ များမှ ထုတ်ပြန်ပေးပါလို့ လွှတ်တော်ကို
တင်ပြတာ တွေ့ရတော့ တစ်မျိုးဖြစ်ရ ပြန်ပြီလို့ သုံးသပ် မိပါတယ်။
အမှန်စင်စစ်
သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် (၁၄/ ၂ဝ၁၃)နဲ့ (၁၅/ ၂ဝ၁၃)တို့ဟာ
နိုင်ငံတော် သမ္မတက ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁ဝ၅နဲ့
ပုဒ်မ ၁ဝ၆တို့အရ အရေးယူ ဆောင်ရွက် ခြင်းသာ ဖြစ်ပါတယ်။ သဝဏ်လွှာပါ အချက်အလက်များကို
လွှတ်တော်မှာ ကိုယ်စားလှယ်များက ဆွေးနွေးပြီး အတည်ပြုတဲ့ ဥပဒေများကို
ပြဋ္ဌာန်းပြီးမှသာ သတင်းထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်တဲ့အတွက် သဝဏ်လွှာ များကို လွှတ်တော်
ကိုယ်စားလှယ်များက လေ့လာသိရှိခွင့် မရသေးမီ နိုင်ငံပိုင် သတင်းစာတွေမှာ
ထည့်သွင်းဖော်ပြတယ် ဆိုတဲ့ ပြောကြား ချက်ဟာလည်း နားမလည်နိုင်တဲ့ အချက်
ဖြစ်နေပါ တယ်။ ဒါရိုးရှင်း နေပါတယ်။ နောက်ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း
ပူးပေါင်း ကော် မတီ ဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို လေ့လာစိစစ်
တဲ့နေရာ မှာလည်း ဥပဒေ ကြမ်း အဆင့်မှာသာ စိစစ်ခွင့်ရှိပါတယ်။ ဒီဥပဒေဟာ ၇- ၈- ၂ဝ၁၃
ရက်မှာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၂၃/ ၂ဝ၁၃) အနေနဲ့ ပြဋ္ဌာန်းခဲ့ပြီး
ဖြစ်တဲ့အတွက် ဥပဒေကြမ်း (Bill) မဟုတ်တော့ဘဲ ပြဋ္ဌာန်းပြီး ဥပဒေ တစ်ရပ်
ဖြစ်သွားပါပြီ။ ဒီပြဋ္ဌာန်း ဥပဒေကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း
ကော်မတီ အနေနဲ့ စိစစ်ခွင့် ရှိပါရဲ့လား ဆိုတာဟာလည်း သုံးသပ် စရာ ဖြစ်နေပါပြီ။
ပညာဥာဏ် သတိနဲ့ ဆင်ခြင်ကြည့် နိုင်ပါတယ်။ ပြည်ထောင်စု လွှတ်တော် နည်းဥပဒေ ၉၈ကို
ကြည့်ပါလို့ တိုက်တွန်းပါတယ်။
ဒါတင်မက
သေးပါဘူး။ ဥပဒေတစ်ရပ်ကို ခေါင်းစီးအမည် ပြောင်းလဲလိုက်ပြီ ဆိုတာနဲ့ ဥပဒေ အမည်နဲ့
လိုက်လျောညီ ထွေဖြစ်ဖို့ လိုအပ်တဲ့ အသုံးအနှုန်းတွေ ဖြစ်ရမယ် ဆိုတာဟာလည်း
ဥပဒေပြုသူတိုင်း သိရှိ လိုက်နာကြရမယ့် အခြေခံ အချက်တွေသာ ဖြစ်ပါတယ်။ ပြဋ္ဌာန်း
ဥပဒေတစ်ခု ဥပဒေ ပီသမှုဟာ ဥပဒေပြုရေး အဖွဲ့ရဲ့ စနစ်တကျ ရှိမှု၊ အခြေခံ သီအိုရီ
ကျေညက် မှု၊ ဥပဒေအခြေခံ သဘောတရားများ ကျွမ်းကျင် နှံ့စပ်မှုတို့နဲ့
သက်ဆိုင်မယ်လို့လည်း ထင်မြင် ယူဆ မိပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကိစ္စ
ဝေဖန်ချက်ကို ရှင်းပြတာပါ။
၂-
၉- ၂ဝ၁၂ ရက်နေ့ မြန်မာ့အလင်း သတင်းစာ၊ ကြေးမုံသတင်းစာ များမှာ ဖော်ပြပါ ရှိသော
ဆောင်းပါးရှင် ဒေါက်တာ မာလာအောင် (ဒုတိယ ပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်း
တက္ကသိုလ်) ရေးသားသော “Union Lebel” ဒွိဟ သို့မဟုတ် ပြည်ထောင်စု အဓိပ္ပာယ်
ဖွင့်ဆိုခြင်း ၏ နောက်ဆက်တွဲ ဆန်းစစ်ချက် ဆောင်းပါးကို ၅- ၉- ၂ဝ၁၂ ရက်မှာ ကျင်းပ
ပြုလုပ် တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၃၉ရက်
မြောက်နေ့မှာ ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်
အဖွဲ့ဝင်ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆောင်းပါး ကို တစ်ဖက်သတ်အမြင်
မှန်ကန်မှုမရှိသော အမြင်တို့ဖြင့် တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေကို ကောင်းစွာနားမ လည်ကြောင်းဟု ဝေဖန်သုံးသပ် တင်ပြခဲ့တာကို ပြန်လည်
သတိရမိပါတယ်။ ဥပဒေ ပညာ နဲ့ ဒေါက်တာ ဘွဲ့ရရှိ ထားသူ ဥပဒေပညာရှင် တစ်ဦးရဲ့ ဥပဒေနှင့်
စပ်လျဉ်းသည့် အမြင်တွေ၊ ဥပဒေဆိုင်ရာ အယူအဆတွေကို ရေးသားထားတဲ့ ဒီလို
ဆောင်းပါး မျိုးကို ဝေဖန်သုံးသပ်ခြင်း ဟာလည်း လွန်စွာနားလည်ရ ခက်လှသလို
တန်ဖိုးရှိလှတဲ့ ဥပဒေ အထောက်ပြချက်တွေကို တန်ဖိုး မထား ခဲ့တာဟာလည်း စိတ်မကောင်းဖွယ်
ရာ တွေ့ခဲ့ရပြီး ဖြစ် ပါတယ်။ ပညာရှင် ကို ပညာပိုင်း အရသာ ဝေဖန် တုံ့ပြန်နိုင်ရင်
တုံ့ပြန်၊ မတုံ့ပြန်နိုင်ရင်တော့ နမူ နာ ယူသင့် တယ်လို့ ယူဆမိပါတယ်။
မှတ်မှတ်ရရ
(၁၄- ၁- ၂ဝ၁၃) ရက်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန်
အစည်းအဝေး ဒုတိယ နေ့မှာ ဥပဒေကြမ်း ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာကို
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဖတ်ကြား တင်ပြရာတွင် ''ခုံရုံး၏ လုပ်ပိုင်ခွင့်နှင့်
တရားရုံး၏ လုပ်ပိုင်ခွင့် မတူညီကြောင်း၊ ခုံရုံးနှင့် ပတ်သက်၍ တရားရုံး ဆိုသည်ကို
ဥပဒေတွင်လည်း မတွေ့ရကြောင်း၊ တရားရုံးသည် တရားရုံးပဲ ဖြစ်ကြောင်း၊ ခုံရုံးသည်
ခုံရုံးပဲ ဖြစ်ကြောင်း'' ပြော ကြား တာကို ဖတ်မိပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း
(၆)တရား စီရင်ရေး ကဏ္ဍမှာ တရားရုံးများ ဖွဲ့စည်းခြင်း ဆိုင်ရာ ပုဒ်မ ၂၉၃၊ ပုဒ်မ ခွဲ
(ဂ)ပါ ပြဋ္ဌာန်းချက် အရ နိုင်ငံတော်၏ တရားစီရင်ရေး ဆိုင်ရာ ရုံးများကို
ဖွဲ့စည်းရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အပါအဝင်
ဖြစ်တာကို လျစ်လျူရှုရာ ရောက်နေကြောင်း တွေ့ရှိရပါတယ်။ ပြောတဲ့ ကိုယ်စားလှယ်က ဥပဒေ
ပညာရှင် ဖြစ်နေတာမို့ အံ့သြ မိပါတော့တယ်။ စေတနာပါတဲ့ အကြံပြုချက် အပေါ် ဆင်ခြင်
စရာပါ။
အဲဒီတော့
ကျွန်တော် သုံးသပ်မိတာက လွှတ်တော်မှာ အခုဆိုရင် အရည်အသွေး မြှင့်တင်ရေး
လုပ်ငန်းစဉ်တွေ ပိုမိုအရှိန် မြှင့်ဖို့ လိုအပ်လို့ စတင် ဆောင်ရွက်နေတာကို
တွေ့ရပါတယ်။ ဥပဒြေ ပုရေး ကို လက်တွေ့ ဆောင်ရွက်နေကြရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ
အတွက် ဥပဒေ ပညာ အခြေခံရှိမှုဟာ အရေးကြီးလှတဲ့ ကိစ္စဖြစ်ပါတယ်။ အဓိက အားဖြင့် လွှတ်တော်
ကိုယ်စား လှယ်တွေ အနေနဲ့ ဥပဒေ ရေးဆွဲရေး ဆိုင်ရာတွေကို ပိုမို ကျွမ်းကျင်အောင်
အလေးထား လေ့လာ သင့်ပါတယ်။ အလားတူပါပဲ ဝိဝါဒ ကွဲပြားအောင် လိုသလို ဖွင့်ဆို၊
ထင်သလို အဓိပ္ပါယ် ကောက် ယူလို့ မရတဲ့ ဥပဒေစကားရပ်များရဲ့ သဘောကို ဥပဒေများရဲ့
မိခင်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုမှ ထိကိုင်မိရသူ တွေမို့ တာဝန် ကြီးမှုကို
ဂရုပြုသင့် လှပါတယ်။ ကိုယ်လိုသလို သုံးဖို့ ထင်သလို အဓိပ္ပာယ် ဖွင့်၍ မသင့်တဲ့
ဒီကိစ္စတွေ အပေါ် ကိုယ်စား လှယ်ကြီးများက အလေးဂရုပြု ကိုင်တွယ်ကြဖို့အကြံပြုရတာပါ။ဒါမှသာဥပဒေပြုရာမှာညီညွတ်ရမယ့် ဥပဒေ မူဘောင် များ၊ ပြည့် စုံရမယ့် ဥပဒေ
အင်္ဂါရပ် များ၊ ပြေပြစ်ချောမွေ့ ရမယ့် ဥပဒေ ရေးထုံးများ နဲ့အညီ ပြည်သူ့အ ကျိုး
ဖော်ဆောင် နိုင် မယ့် ဥပဒေများ၊ တစ် နည်း ပြောရရင် ဥပဒေ နှင့်တူသော ဥပဒေများ
ပေါ်ပေါက်လာမှာ ဖြစ်ကြောင်း တင်ပြ လိုက် ရပါ သည်။ ။
ဆောင်းပါးရှင်
(ဥပဒေ ပညာရှင် တစ်ဦး) Myawady news paper
No comments:
Post a Comment