Monday, August 26, 2013

BRT ဘတ်စ်ကား ယာဉ်စီးခမှာ အနည်းဆုံးလုပ်ခကြေးငွေ၏ (၁၂) ရာခိုင်နှုန်း ရှိနေ၍ နေ့စဉ်ကားခသည် လုပ်ခ၏ လေးပုံတစ်ပုံ ကုန်ကျဟုဆို

Photo: BRT ဘတ်စ်ကား ယာဉ်စီးခမှာ အနည်းဆုံးလုပ်ခကြေးငွေ၏ (၁၂) ရာခိုင်နှုန်း ရှိနေ၍ နေ့စဉ်ကားခသည် လုပ်ခ၏ လေးပုံတစ်ပုံ ကုန်ကျဟုဆို
Monday, August 26, 2013

ရန်ကုန်မြို့တွင်း ဖြစ်ပေါ်နေသော ယာဉ်ပိတ်ဆို့မှုလျော့ပါးရေးအတွက် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်နေသော BRT ဘတ်စ်ကားစနစ်တွင် ပြေးဆွဲရန် အဆိုပြုထားသော ပုဂ္ဂလိကယာဉ်လိုင်းတစ်လိုင်းမှ တာဝန်ရှိ သူတစ်ဦးက ယာဉ်စီးခကို ကျပ် (၄၀၀) သတ်မှတ်ထားကြောင်း၊ ဘယ်မှတ်တိုင်ကစီးစီး ကျပ် (၄၀၀) ပဲဖြစ်ပါတယ်ဟု ပြောကြားကြောင်း (၁၈.၈.၂၀၁၃) ထုတ်ပုဂ္ဂလိကနေ့စဉ် သတင်းစာ၊ ဂျာနယ်များတွင် ဖတ်ရှုရရာ ရန်ကုန်မြို့တွင်းသွား ခရီးသည်များမျှော်လင့်ထားသော BRT ဘတ်စ် ကားများစီးနင်းရန်မှာ ကားခနှုန်းကြောင့် ခဲယဉ်းကြောင်းဆိုနေပါသည်။

    ရန်ကုန်မြို့နေ လူတန်းစားများတွင် ကားငှားရမ်းခ ကျပ်ထောင်ချီပေးရသော စီးလုံးငှားတက္ကစီ စီးနင်းနိုင်သူမှာ လွန်စွာနည်းပြီး အနည်းဆုံးလုပ်ခ ဥပဒေ သတ်မှတ်ပြဌာန်းပြီး ၀င်ငွေ သတ်မှတ်ရန် လိုအပ်နေသော ခရီးသည်များ၊ တစ်လလျှင် ၀င်ငွေတစ်သိန်းခန့်သာရရှိသော အလုပ်သမားများမှာ အများစုဖြစ်နေကြောင်း သိရသည်။

    ယခုနှစ်ပိုင်း အသစ်တိုးချဲ့ ပြေးဆွဲနေသော ယာဉ်ကြီးလိုင်းအများစုတွင် ယာဉ်စီးခဖြတ်ပိုင်း ဇယားမပါ၊ ယာဉ်စီးခ ခရီးစဉ်တစ်ပိုင်းလျှင် ကားခကျပ်ငါးဆယ်နှုန်း ကောက်ခံခြင်းမျိုးမရှိဘဲ ကားခပိုမို ကောက်ခံနေခြင်းများကို ယနေ့တိုင် ရန်ကုန်မြို့တွင်းသွား ခရီးသည် ယာဉ်ကြီးအသစ်များဖြင့် ပြေးဆွဲနေသော ယာဉ်လိုင်းတချို့တွင် မြင်တွေ့နေရဆဲဖြစ်သည်ဟု ခရီးသွားများမှ ဆိုသည်။

    BRT ဘတ်စ်ကားများ ဘယ်မှတ်တိုင်စီးစီး ပုံသေကားခ (၄၀၀) ကျပ်ကောက်ခံမည်ဖြစ်၍ နေ့စဉ် အသွားအပြန်ကားခကျပ် (၈၀၀) ကုန်ကျမည်ဖြစ်ကြောင်း၊ ယခုအခါ အနည်းဆုံးပျမ်းမျှ လုပ်ခကြေးငွေမှာ တစ်ရက်လျှင် ကျပ် (၃၀၀၀) ခန့် သာရှိ၍ BRT စီးရန် သာမန်ခရီးသွားများအတွက် မဖြစ်နိုင်ကြောင်း၊ လုပ်ခရငွေ၏ လေးပုံတစ်ပုံကို နေ့စဉ် ကားခတွင် အသုံးပြုရန်ဖြစ်နေကြောင်း၊ သို့ဖြစ်ရာ အသစ်ပြေးဆွဲမည့် BRT ဘတ်စ်ကားယာဉ်လိုင်း စနစ်ကို သာမန်ပြည်သူများသုံးစွဲ၍ရရန် ထည့်သွင်းစဉ်းစားပေးရန် လိုနေပါသည်ဟု ၀င်ငွေနည်းခရီးသွားများမှ ဆိုသည်။

Auto World Journal.
ရန်ကုန်မြို့တွင်း ဖြစ်ပေါ်နေသော ယာဉ်ပိတ်ဆို့မှုလျော့ပါးရေးအတွက် သက်ဆိုင်ရာမှ စီစဉ်ဆောင် ရွက်နေသော BRT ဘတ်စ်ကား စနစ် တွင် ပြေးဆွဲရန် အဆိုပြု ထားသော ပုဂ္ဂလိကယာဉ်လိုင်း တစ်လိုင်းမှ တာဝန်ရှိ သူတစ်ဦးက ယာဉ်စီးခကို ကျပ် (၄၀၀) သတ်မှတ် ထားကြောင်း၊ ဘယ်မှတ်တိုင်ကစီးစီး ကျပ် (၄၀၀) ပဲဖြစ်ပါတယ်ဟု ပြောကြားကြောင်း (၁၈.၈.၂၀၁၃) ထုတ်ပုဂ္ဂလိကနေ့စဉ် သတင်းစာ၊ ဂျာနယ်များတွင် ဖတ်ရှုရရာ ရန်ကုန်မြို့တွင်းသွား ခရီးသည်များမျှော်လင့်ထားသော BRT ဘတ်စ် ကားများစီးနင်းရန်မှာ ကားခနှုန်းကြောင့် ခဲယဉ်းကြောင်းဆိုနေပါသည်။
ရန်ကုန်မြို့နေ လူတန်းစားများတွင် ကားငှားရမ်းခ ကျပ်ထောင်ချီပေးရသော စီးလုံးငှားတက္ကစီ စီးနင်းနိုင်သူမှာ လွန်စွာနည်းပြီး အနည်းဆုံးလုပ်ခ ဥပဒေ သတ်မှတ်ပြဌာန်းပြီး ၀င်ငွေ သတ်မှတ်ရန် လိုအပ်နေသော ခရီးသည်များ၊ တစ်လလျှင် ၀င်ငွေတစ်သိန်းခန့်သာရရှိသော အလုပ်သမားများမှာ အများစုဖြစ်နေကြောင်း သိရသည်။
ယခုနှစ်ပိုင်း အသစ်တိုးချဲ့ ပြေးဆွဲနေသော ယာဉ်ကြီးလိုင်းအများစုတွင် ယာဉ်စီးခဖြတ်ပိုင်း ဇယားမပါ၊ ယာဉ်စီးခ ခရီးစဉ်တစ်ပိုင်းလျှင် ကားခကျပ်ငါးဆယ်နှုန်း ကောက်ခံခြင်းမျိုးမရှိဘဲ ကားခပိုမို ကောက်ခံနေခြင်းများကို ယနေ့တိုင် ရန်ကုန်မြို့တွင်းသွား ခရီးသည် ယာဉ်ကြီးအသစ်များဖြင့် ပြေးဆွဲနေသော ယာဉ်လိုင်းတချို့တွင် မြင်တွေ့နေရဆဲဖြစ်သည်ဟု ခရီးသွားများမှ ဆိုသည်။
BRT ဘတ်စ်ကားများ ဘယ်မှတ်တိုင်စီးစီး ပုံသေကားခ (၄၀၀) ကျပ်ကောက်ခံမည်ဖြစ်၍ နေ့စဉ် အသွားအပြန်ကားခကျပ် (၈၀၀) ကုန်ကျမည်ဖြစ်ကြောင်း၊ ယခုအခါ အနည်းဆုံးပျမ်းမျှ လုပ်ခကြေးငွေမှာ တစ်ရက်လျှင် ကျပ် (၃၀၀၀) ခန့် သာရှိ၍ BRT စီးရန် သာမန်ခရီးသွားများအတွက် မဖြစ်နိုင်ကြောင်း၊ လုပ်ခရငွေ၏ လေးပုံတစ်ပုံကို နေ့စဉ် ကားခတွင် အသုံးပြုရန်ဖြစ်နေကြောင်း၊ သို့ဖြစ်ရာ အသစ်ပြေးဆွဲမည့် BRT ဘတ်စ်ကားယာဉ်လိုင်း စနစ်ကို သာမန်ပြည်သူများသုံးစွဲ၍ရရန် ထည့်သွင်းစဉ်းစားပေးရန် လိုနေပါသည်ဟု ၀င်ငွေနည်းခရီးသွားများမှ ဆိုသည်။
Auto World Journal

No comments:

Post a Comment