Thursday, August 15, 2013

စစ်သမိုင်းပြတိုက်ကို ဟိုတယ်နှင့်ဈေးဝယ်စင်တာ လုပ်ရန် ပုဂ္ဂလိက သို့ နှစ်ရှည်ငှားရမ်း

တပ်မတော်သမိုင်းဆိုင်ရာ အ ချက်အလက်များပြသထားသော
 ရွှေတိ ဂုံ ဘုရားလမ်းရှိ စစ်သ မိုင်းပြတိုက်ကို ဟိုတယ်နှင့်ဈေး ဝယ်စင်တာ လုပ်ကိုင် ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင် က နိုင်ငံ သားကုမ္ပဏီကို ခွင့်ပြုမိန့် ထုတ် ပေး လိုက်ပြီဖြစ်သည်။
တပ်မတော် က တင်ဒါခေါ်ယူ ပြီး အောင်မြင်ခဲ့သည့် Yangon Technical Trading Group ကုမ္ပဏီက MIC သို့ လုပ်ကိုင် ခွင့်လျှောက်ထားခဲ့ရာ ထိုသို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
MIC ထုတ်ပြန်မှုအရ ၄င်းကုမ္ပ ဏီက B.O.T စနစ်ဖြင့် နှစ်ရှည်ငှားရမ်း ပြီး ဟိုတယ်နှင့်ဈေးဝယ် စင် တာ လုပ် ကိုင်မည်ဟု သိရသည်။
ရင်းနှီးမြှုပ်နှံငွေ ကျပ်သိန်းပေါင်း ခုနစ်သောင်းလေးထောင်ကျော်ဖြင့် လုပ်ကိုင်မည်ဖြစ်ရာ မကြာမီ ၄င်းတို့ လုပ်ငန်း စတင်ကြတော့မည်ဟု လည်း ကော်မရှင် ညွှန်ကြားရေးမှူးက ဆက် ဆိုသည်။
ထိုကဲ့သို့ စစ်သမိုင်းပြတိုက်ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ချထားပေး သကဲ့သို့ ယောမင်းကြီးလမ်းရှိ တပ်မ တော်ပိုင် ယောမင်းကြီး ရိပ်သာကို လည်း ပုဂ္ဂလိက ကုမ္ပဏီ Paramount Inlay Resources ထံ လုပ်ကိုင်ခွင့်ကို MIC က ချထားပေးလိုက်ပြီဟု ထပ်မံ သိရ သည်။
''အဲဒါကတော့ ဟိုတယ် လုပ်ဖို့ပါ ပဲ''ဟု ကော်မရှင် ညွှန်ကြားရေးမှူး က ဆက်ပြောသည်။
၎င်းယောမင်းကြီးရိပ်သာကို ကျပ်သန်းပေါင်း နှစ်သောင်းခြောက်ထောင်ကျော် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဟု MIC ထုတ်ပြန်မှုအရ သိရသည်။
ဗဟိုအစိုးရရုံးစိုက်မှုကို ရန်ကုန် မြို့တော်အစား နေပြည်တော်သို့ပြောင်း ရွှေ့ပြီးနောက်ပိုင်း စစ်သမိုင်းပြ တိုက်ကိုပါ ပြောင်းရွှေ့စေခဲ့ရာ တပ်မတော်က ၄င်းနေရာလွတ်ကို ပုဂ္ဂလိကသို့ နှစ် ရှည်ငှား ရမ်းခြင်း ဖြစ်သည်ဟု သိရသည်။
မင်းသုအောင်
popular

No comments:

Post a Comment