Saturday, August 31, 2013

အမျိုးသမီးငယ် တစ်ဦးအား ကားဖြင့်တိုက်၍ သတိလစ်နေစဉ် မုဒိမ်းကျင့်သွားသည်ဟု ယူဆရသူတစ်ဦး၏ ဓါတ်ပုံအား ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ထား

၂၉-၈-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကတေမြို့ နယ်       အမှတ် (၁) ရဲစခန်းသို့ အမည်မသိလူငယ် တစ်ဦး ရောက်ရှိလာကာ မိန်းကလေး ငယ်တစ်ဦးကားတိုက်ခံရပြီး လမ်းဘေးတွင် လဲကျနေကြောင်း၊ ကားမှာတိုင်းရင်း သားကျေး ရွာဖက် ဘက်သို့မောင်းနှင်ထွက်ပြေး သွားကြောင်း လာရောက်တိုင်တန်း သဖြင့်မြို့နယ် ရဲတပ်ဖွဲ့မှူးက လမ်းကြောင်းပေါ် ရှိ ရဲစခန်း/ရဲကင်းများအား ပိတ်ဆို့ ရှာဖွေ ဖမ်းဆီးရန်ညွှန်ကြားခဲ့ပြီး အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ရှုခင်းသာ အပန်းဖြေစခန်း အနီးတွင် သာကေတမြို့နယ်နေ မခင်ဝင်းမာ (၁၇)နှစ်အား ယာဂျိုစောင်းပေါက်ပြဲဒဏ်ရာရရှိပြီး ၀တ်လစ်စလစ်ဖြင့် သားမယားပြုကျင့်ခံထားရသည့် အနေ အထားဖြင့် သတိလစ်နေသည်ကိုတွေ့ ရှိရ သဖြင့် တာဝန်သိ ရဲတပ်ဖွဲ့ ဝင်များက ရန်ကန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေး ခဲ့သည်။
အခင်းဖြစ်ပွားရာနေရာမှ သက်သေခံပစ္စည်းများကို ရှာဖွေ စစ်ဆေးရာ ၂x၂ ပတ်လည် ပက်စ်ပို့ အရွယ် အစား ဓါတ်ပုံတစ်ပုံကို ရှာဖွေ တွေ့ ရှိခဲ့ပြီး သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းယူဆောင်သွားခဲ့သည်။ ထိုဓါတ်ပုံကို အများပြည်သူ သိစေ ရန်ကြေညာ စာသင်ပုန်းများတွင်လိုက်လံကပ်ထားပြီး တွေ့ ရှိပါ ကအကြောင်းကြားပေး ရန် သာကေတမြို့ နယ် ရဲတပ်ဖွဲ့ မှ အများပြည်သူသို့ ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။
သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅
သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃

No comments:

Post a Comment