ပြည်ကြီးက သာ၊ ဘယာက ကင်း၊ ရိုးဖြောင့်စင်းကြောင့်
ချင်းချင်းလေးစား အရေးထားလျက်
တံခါးမပိတ်၊ ဓားမချိတ်၊ အိမ်သားအားလုံး အိပ်ကြသည်။
လူချင်းမှာသာ ယုံရပါလည်း
ရွာမှာပင်မွေး ရွာဝင်ခွေးကား
မွေးရုံသာမွေး မပေးကျွေး
ခပ်အေးအေးသာ လွှတ်ထား၍
ကျွေးကားကျွေး၏ ဝမ်းပြည့်မရ ဝမ်းမဝ
မလှပိန်ချိ ရှိနေ၍ …။
ထိုသည့်အခြေ ထိုအနေကြောင့်
လူခြေတိတ်ဆိတ် လူတို့အိပ်လျှင်
တိတ်တိတ်ဝင် ခိုးငင်စားရမြဲ …။
ခိုးသားမကျ ပါးမဝကြောင့်
ဖွဖွအခင်း နင်းတချွတ်ချွတ် မြည်သံလွှတ်မို့
နားမွှတ်ကင်းပါး တင်းတင်းကြားသည့်အိမ်သားအားလုံး ပျားပိတုန်းလျှင်
အုန်းအုန်းကျွက်ကျွက် တုတ်ဓားစွက်ဖြင့်
လက်ရောက်သူ့ခွေး မိုက်ညစ်ထွေးကို
ဒဏ်ပေးသောလား ရိုက်ပုတ်ငြား
ခါးဝယ် ဒဏ်ရာရစေပြီ …။
နံနက်ရှုခင်း လင်းမလင်းသေး
ခွေးခင်းပိုင်ရှင် နောက်အိမ်စဉ်က
လျင်လျင်ဒေါက်ဒေါက် တို့အိမ်ပေါက်ဝယ်
တောက်လျှောက်လာသွား မှုစကား
အော်လားဟစ်လား ပြောတော့သည်။
အရေးပေါ်ဆေး ခွေးလျော်ကြေး
ဟစ်အော်ကြွေး၍ တောင်းတော့သည်။
ခွေးအခွင့်ရေး ပေးလျှင်ပေး … မပေး တရားစွဲတော့မည်။
ကိုယ့်အိမ်ဝင်းကျယ် ခွေးမဖွယ်
တုတ်ပင် မရွယ်ရဲ။
ကိုယ့်အိမ်ဝင်ခိုး ထိုခွေးဆိုး
တုတ်ပင် မမိုးရဲ။
ကိုယ့်အိမ်ဝင်အောင်း ခွေးသရောင်း
မောင်းပင် မမောင်းရဲ။
မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလထုတ်၊ ကဗျာ့ဘဏ်တိုက်မှ …
စာမူခွင့်ပြုချက် ၄၈၅/၂၀၀၀ (၇) စာ- ၁၂၃
ချင်းချင်းလေးစား အရေးထားလျက်
တံခါးမပိတ်၊ ဓားမချိတ်၊ အိမ်သားအားလုံး အိပ်ကြသည်။
လူချင်းမှာသာ ယုံရပါလည်း
ရွာမှာပင်မွေး ရွာဝင်ခွေးကား
မွေးရုံသာမွေး မပေးကျွေး
ခပ်အေးအေးသာ လွှတ်ထား၍
ကျွေးကားကျွေး၏ ဝမ်းပြည့်မရ ဝမ်းမဝ
မလှပိန်ချိ ရှိနေ၍ …။
ထိုသည့်အခြေ ထိုအနေကြောင့်
လူခြေတိတ်ဆိတ် လူတို့အိပ်လျှင်
တိတ်တိတ်ဝင် ခိုးငင်စားရမြဲ …။
ခိုးသားမကျ ပါးမဝကြောင့်
ဖွဖွအခင်း နင်းတချွတ်ချွတ် မြည်သံလွှတ်မို့
နားမွှတ်ကင်းပါး တင်းတင်းကြားသည့်အိမ်သားအားလုံး ပျားပိတုန်းလျှင်
အုန်းအုန်းကျွက်ကျွက် တုတ်ဓားစွက်ဖြင့်
လက်ရောက်သူ့ခွေး မိုက်ညစ်ထွေးကို
ဒဏ်ပေးသောလား ရိုက်ပုတ်ငြား
ခါးဝယ် ဒဏ်ရာရစေပြီ …။
နံနက်ရှုခင်း လင်းမလင်းသေး
ခွေးခင်းပိုင်ရှင် နောက်အိမ်စဉ်က
လျင်လျင်ဒေါက်ဒေါက် တို့အိမ်ပေါက်ဝယ်
တောက်လျှောက်လာသွား မှုစကား
အော်လားဟစ်လား ပြောတော့သည်။
အရေးပေါ်ဆေး ခွေးလျော်ကြေး
ဟစ်အော်ကြွေး၍ တောင်းတော့သည်။
ခွေးအခွင့်ရေး ပေးလျှင်ပေး … မပေး တရားစွဲတော့မည်။
ကိုယ့်အိမ်ဝင်းကျယ် ခွေးမဖွယ်
တုတ်ပင် မရွယ်ရဲ။
ကိုယ့်အိမ်ဝင်ခိုး ထိုခွေးဆိုး
တုတ်ပင် မမိုးရဲ။
ကိုယ့်အိမ်ဝင်အောင်း ခွေးသရောင်း
မောင်းပင် မမောင်းရဲ။
မဟာဗောဓိမြိုင်ဆရာတော်
၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလထုတ်၊ ကဗျာ့ဘဏ်တိုက်မှ …
စာမူခွင့်ပြုချက် ၄၈၅/၂၀၀၀ (၇) စာ- ၁၂၃
No comments:
Post a Comment