ရန်ကုန်၊ သြဂုတ် ၁၆
သြစတြေးလျနိုင်ငံ James Cook University မှ စီးပွားရေးနှင့် အိုင်တီ
ဘာသာရပ်တို့အတွက် ဒီပလို မာအောင်လက်မှတ် သီးခြားပေးအပ် သွား မည်ဖြစ်ကြောင်း
Crown Education မှ သိရသည်။
ယခင်က အင်္ဂလန်နှင့် သြစတြေးလျတက္ကသိုလ် များအနေဖြင့် ဒီဂရီ(၃)နှစ်
တက်မြော်ကပြီးမှ သာဘွဲ့၊ အောင်လက်မှတ်ချီးမြှင့်လေ့ရှိပြီး
လာမည့်
၂၀၁၄ခုနှစ်ပညာသင်နှစ်မှစ၍ အထက်ပါ ဘာသာရပ်နှစ်ခု အတွက်
(၈)လသင်ကြား ပြီးရုံဖြင့် ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
အဆိုပါဘာသာရပ်များလျှောက်ထားရာတွင် တက္ကသိုလ် ၀င်တန်းအောင်မြင်
ပြီးသူများအပြင် တက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိထားပြီးသူများပါ Joint Master
ဘွဲ့အနေဖြင့် လျှောက် ထားနိုင် မည်ဖြစ်ကြောင်း သိရသည်။
၎င်းအစီအစဉ်သစ်နှင့်ကျောင်းလခနှုန်းထားများ၊ အလုပ်အကိုင်အခွင့်
အလမ်းများအကြောင်းကို ယခုလ(၂၄)ရက်နေ့တွင် နံနက်(၁၀)နာရီ မှ
နေ့လည်(၁၂)နာရီထိ ရန်ကုန်မြိုပ ပြည်လမ်း ရှိ Crown Education
တွင်ဆွေးနွေးမှုပြုလုပ်ပေးမည်ဖြစ်ပြီး James Cook University
မှ တာဝန်ရှိသူတစ်ဦးမှ လာရောက်ဆွေး နွေးပေးသွားမည်ဟုသိရသည်။
ကျောင်းလျှောက်ထားလိုသူများနှင့်အသေးစိတ်သိရှိလိုသူများအနေဖြင့် Crown Education ဖုန်း 0973273277 သို့ဆက်သွယ်မေးမြန်းနိုင်သည်။
သုတလင်း
Popular Myanmar News Journal
No comments:
Post a Comment