Friday, December 6, 2013

ထာဝရ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို အမြဲထမ်း ဆောင်နေမည့် အဖွဲ့အစည်း ဖြစ်၍ ပိုပြီး စနစ်တကျ ရှိရန် လိုအပ်

နေပြည်တော် ဒီဇင်ဘာ ၅
ဒီဇင်ဘာ ၄ရက် နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျောက်တော် တပ်နယ် နဝရတ် ခန်းမတွင် တပ်နယ်မှ အရာရှိ/ စစ်သည် မိသားစုများအား တွေ့ဆုံပြီး ဆက်လက် ၍ မွန်းလွဲပိုင်းတွင် စစ်တွေ တပ်နယ် ဗန္ဓုလ ခန်းမ၌ စစ်တွေ တပ်နယ်မှ အရာရှိ/စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံပွဲများတွင် တပ်မတော်သည် ထာဝရ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို အမြဲ ထမ်းဆောင်နေမည့် အဖွဲ့အစည်း ဖြစ်၍ ပိုပြီး စနစ်တကျ ရှိရန် လိုအပ် ကြောင်း၊ နိုင်ငံသား တိုင်းသည် ဘဝရပ်တည် ရှင်သန်မှုအတွက် ဥပဒေအရ အကာအကွယ် ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများကို အကာအကွယ် ပေးခြင်း များကို ရယူလိုမည် ဖြစ်သောကြောင့် တပ်မတော်သားများ အနေဖြင့် တိုင်းပြည်ကို ကာကွယ် စောင့်ရှောက် ရန်၊ပြည်သူကို ကာကွယ် စောင့်ရှောက်ရန် အမြဲစိတ်နှလုံး သွင်းထားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကို လုံလုံခြုံခြုံ ကာကွယ်နိုင်ရန် အတွက် ''လုပ်တတ်ရမည်၊ လုပ်နိုင် ရမည်၊ လုပ်ရဲ ရမည်'' ဆိုသည့် အချက်(၃) ချက် နှင့်အညီ လုပ်ဆောင် နိုင်ရမည် ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင် နိုင်ရုံ သာမက မိမိကိုယ်ကို တိုးတက် အောင် အသိ ပညာ၊ အတတ်ပညာ များကိုပါ လေ့လာဆည်းပူး နေရန်လိုကြောင်း၊

အစဉ်အလာအားဖြင့် ရဲဘော် သုံးကျိပ်ဖြင့် သန္ဓေတည် စတင်ဖွဲ့စည်း ခဲ့သော တပ်မတော် အား နောက်ပိုင်းကာလ ခေါင်းဆောင် အသီးသီးတို့မှ စည်းကမ်း စနစ် တကျ ရှိရေး စဉ်ဆက်မပြတ် ကြပ်မတ် တည်ဆောက် ခဲ့ကြောင်း၊ ပစ္စုပ္ပန် ကာလ လက်ရှိ တာဝန် ထမ်းဆောင်နေသော အရာရှိ/ စစ်သည် အားလုံးတွင် စည်းကမ်းရှိသော တပ်၊ အမိန့် နာခံသော တပ်ဖြစ်စေရေး တာဝန်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော ဒီမို ကရေစီ နိုင်ငံတော် ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာတွင် လက် နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှု များကို မည်သည့် ဒီမိုကရေစီ ကျင့်သုံးမှု မျိုးကမျှ လက်မခံကြောင်း၊

သို့ဖြစ်၍ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို စိတ်ရှည်စွာ ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့ ရွေးချယ်ထားသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် တွင် ဖြောင့်ဖြောင့် တန်း တန်း လျှောက်လှမ်းနိုင်ရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တက်ညီလက်ညီ ကြိုးပမ်းဆောင် ရွက်သွားရန် လိုအပ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြော ကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အရာရှိ/ စစ်သည် မိသားစုများ အတွက် လက်ဆောင် ပစ္စည်းများအား လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းများအ တွက် ထောက် ပံ့ငွေများအား လည်းကောင်း ပေးအပ် ခဲ့သည်။

အလားတူ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက အားကစား ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် နှင့်ဇနီး၊ တာဝန်ရှိသူများ လိုက်ပါ ၍ ကျောက်တော်မြို့နယ်၊ မဟာမုနိ ဘုရားကြီးသို့ သွားရောက်ကာ ပန်း၊ ရေချမ်း၊ ဆီမီးထွန်းညှိ ပူဇော်၍ ရွှေသင်္ကန်း ကပ်လှူ ပူဇော်ကြ သည်။ ယင်းနောက် အလှူတော်ငွေ များ ပေးအပ်၍ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး ဦးဆောင်သည့် အဖွဲ့သည် မြောက် ဦးမြို့နယ်ရှိ သျှစ်သောင်း ပုထိုးကြီးသို့ ရောက်ရှိပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ ပူဇော်၍ အလှူတော် ငွေ များ ပေးအပ်ကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေး ထိုးသည်။ ယင်းနောက် ထုတ္ကန်သိမ် ပုထိုးကြီး ဘုရား တို့သို့ သွား ရောက်၍ လှည့်လည် ဖူးမြော်ကြည်ညို ခဲ့ကြောင်း သ တင်း ရရှိသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး ဦးဆောင်သည့် အဖွဲ့သည် မြောက်ဦးမြို့နယ်ရှိ သျှစ်သောင်း ပုထိုးကြီးသို့ ရောက်ရှိပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ ပူဇော်၍ အလှူတော် ငွေများ ပေးအပ်ကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေး ထိုးသည်။ ယင်းနောက် ထုတ္ကန်သိမ် ပုထိုးကြီး ဘုရား တို့သို့ သွား ရောက်၍ လှည့်လည် ဖူးမြော်ကြည်ညို ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment