Friday, December 6, 2013

တပ်မတော်သည် ဒီမိုကရေစီ လမ်းကြောင်းကို အမှန်တကယ် လိုလားစွာ လျှောက်လှမ်းနေသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပြောကြား

တပ်မတော်သည် ဒီမိုကရေစီ လမ်းကြောင်းကို အမှန် တကယ် လိုလားစွာ လျှောက်လှမ်းနေသည်ဟု ဒီဇင်ဘာ ၃ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး လွှတ်တော် အစည်းအဝေး ခန်းမတွင် ကျင်းပသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေပေး အပ်ပွဲ အခမ်းအနားတွင် တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည် ဟု ဒီဇင်ဘာ ၄ ရက်ညပိုင်း က မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြခဲ့သည်။
တပ်မတော်၏ အဓိကတာဝန်မှာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက် သကဲ့သို့ တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက် လျက်ရှိပြီး ပြည်သူ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးလျက် ရှိကြောင်း၊ တပ်မတော် အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်း ကို အမှန်တကယ် လိုလားစွာ လျောက်လှမ်းနေကြောင်း၊ မိမိတို့၏ ရည်မှန်းချက်မှာ စုစည်းညီညွတ် သည့် ပြည်ထောင်စုကြီးကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု သတင်း တွင် ဖော်ြ ပ ခဲ့သည်။
တည်ငြိမ်အေးချမ်းမှုရှိပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ယင်းကိုအခြေခံ၍ စည်းလုံးညီညွတ် စွာ ဆောင် ရွက်ပါက မျှော်မှန်းထားသည့် ဒီမိုကရေစီ ပန်းတိုင်ကို မယိမ်းမ ယိုင် ရောက် ရှိနိုင် မည်ဟုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်ဟု သိရသည်။
တပ်မတော်သားများ အနေဖြင့် မိမိတို့ကြောင့် အထင်အမြင် လွဲမှားမှုများ မဖြစ်အောင် ထိန်းသိမ်းသွားရန် ဒီဇင်ဘာ ၁ ရက်က သံတွဲတပ်နယ်မှ အရာရှိစစ်သည် မိသားစုဝင်များနှင့် တွေ့ ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်ဟု သိရသည်။

No comments:

Post a Comment